Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

ဖက္ဒရယ္ဒီမိုကေရစီကဲရမည့္ လႊတ္ေတာ္ႏုိင္ငံေရး

Byေဒါက္တာ ရန္မ်ဳိးသိမ္းOn  Mon, 2015-11-16 09:27Issue No.No.919 Monday, November 16, 2015

ဒီမိုကေရစီ ဖက္ဒရယ္ျပည္ ေထာင္စုသည္ ျပည္ေထာင္စု သမၼတ ျမန္မာႏုိင္ငံ၏ အႏိၲမႏုိင္ငံေရးပန္းတုိင္ျဖစ္မည္။ကုိယ့္ၾကမၼာ ကုိယ္ဖန္တီးပုိင္ခြင့္ႏွင့္ ကိုယ္ပိုင္ျပ ႒ာန္းခြင့္မရွိလွ်င္ ဖက္ဒရယ္ဒီမိုက ေရစီသည္ ေရေပၚတြင္ ေရးေသာ အ႐ုပ္သာျဖစ္မည္။ ၂၀၁၆ အ လြန္ကာလတြင္ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ား၌ ေဒသခံတုိင္းရင္းသားျပည္သူလူ ထုအေနျဖင့္ ကုိယ္ပိုင္ျပ႒ာန္းပုိင္ ခြင့္ကို ျမင့္ျမင့္မားမားရရွိလာႏိုင္မွ သာ ဖက္ဒရယ္ဒီမုိကေရစီသည္ ႐ုပ္လံုးႂကြလာမည္ျဖစ္သည္။ ျပည္နယ္လႊတ္ေတာ္ႏိုင္ငံေရး သည္ ဖက္ဒရယ္ဒီမုိကေရစီကို အေျချပဳပံုေဖာ္ႏုိင္မွသာ ေရရွည္ ႏုိင္ငံေရးအေျပာင္းအလဲသည္ တိုင္းရင္းသားျပည္သူလူထုဆီ မ်က္ႏွာမူလာႏုိင္မည္ျဖစ္သည္။

၂၀၁၅ ခုႏွစ္ ပါတီစံုဒီမိုကေရ စီအေထြေထြေရြးေကာက္ပဲြက်င္း ပၿပီး ရက္သတၱပတ္တစ္ပတ္အ ၾကာ ႏုိ၀င္ဘာ ၁၅ ရက္အထိ ျပည္ေထာင္စု ေရြးေကာက္ပဲြေကာ္မရွင္၏ တရား၀င္ထုတ္ျပန္ ေသာ ေရြးေကာက္ပဲြရလဒ္မ်ားအ ရ ၾကည့္မည္ဆုိလွ်င္ လူထုေခါင္း ေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္သည့္ အမ်ိဳးသားဒီမို ကေရစီ အဖဲြ႕ခ်ဳပ္သည္ ေရြး ေကာက္ခံ ျပည္ေထာင္စုလႊတ္ ေတာ္ကိုယ္စားလွယ္ ၄၉၁ ဦးအ နက္ ၃၈၇ ဦး၊ ေရြးေကာက္ခံ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ ေတာ္ကိုယ္စားလွယ္ ၆၇၃ ဦးအ နက္ ၄၈၄ ဦး အႏုိုင္ရရွိထားသည္။ ႏုိ၀င္ဘာ ၁၆ ရက္ညေနပုိင္း ျပည္ ေထာင္စုေရြးေကာက္ပဲြ ေကာ္မ ရွင္၏ အၿပီးသတ္ကုိယ္စားလွယ္ စာရင္းထုတ္ျပန္ၿပီးပါက ဒီခ်ဳပ္၏ ကုိယ္စားလွယ္ဦးေရသည္ ျပည္ ေထာင္စုလႊတ္ေတာ္တြင္ ၄၀၀ ခန္႔၊ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ လႊတ္ေတာ္မ်ားတြင္ ၅၀၀ ခန္႔သုိ႔ မလြဲမေသြေရာက္ရွိလာမည္ ျဖစ္ သည္။

ႏုိ၀င္ဘာ ၁၅ ရက္ေန႔တရား ၀င္ထုတ္ျပန္ခဲ့ေသာ လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားစာရင္းအရ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ သည္ ၂၀၁၆ ဇန္န၀ါရီမွ ၂၀၂၁ ဇန္န၀ါရီအထိ ဒုတိယလႊတ္ေတာ္ သက္တမ္းတြင္ လႊတ္ေတာ္အမ်ား စုပါတီအျဖစ္ အႏုိင္ရရွိခဲ့ၿပီျဖစ္ သည္။

 ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ဖဲြ႕စည္းပံုအေျခခံဥပေဒပါ ျပ႒ာန္းခ်က္မ်ား အရ အမ်ိဳးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ သည္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ႏွင့္ ဒုတိယဥကၠ႒၊ အမ်ိဳးသား လႊတ္ေတာ္ဥကၠ႒ႏွင့္ ဒုတိယ ဥကၠ ႒၊ တုိင္းေဒသႀကီးလႊတ္ေတာ္ဥကၠ႒မ်ားႏွင့္ ဒုတိယဥကၠ႒မ်ား၊ ျပည္နယ္လႊတ္ေတာ္ေလးရပ္၏ ဥကၠ႒မ်ားႏွင့္ ဒုတိယဥကၠ႒မ်ားကိုလြတ္လြတ္ကၽြတ္ကၽြတ္ ေရြးေကာက္တင္ေျမႇာက္ခြင့္ရရွိခဲ့ၿပီ ျဖစ္သည္။ တနသၤာရီတိုင္းေဒသႀကီး လႊတ္ေတာ္ႏွင့္ မေကြးတိုင္း ေဒသႀကီးလႊတ္ေတာ္တို႔တြင္ ဒီခ်ဳပ္ပါတီအေနျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္္ရာႏႈန္းျပည့္ အႏုိင္ရရွိခဲ့သည့္ အတြက္ အားေကာင္းေမာင္းသန္မႈအျမင့္ဆံုးေဒသဆုိင္ရာ လႊတ္ေတာ္မ်ားဟု သတ္မွတ္ ႏုိင္သည္။

၂၀၁၆ခုႏွစ္ ႏွစ္ဦးပုိင္း ျမန္မာ့ ႏုိင္ငံေရးအသြင္ကူးေျပာင္းမႈ ပထမ ေျခလွမ္းသည္ လႊတ္ေတာ္ထဲတြင္ စတင္မည္ျဖစ္သည္။ အမ်ိဳးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ဥကၠ႒ ေဒၚ ေအာင္ဆန္းစုၾကည္သည္ ျပည္ သူ႔လႊတ္ေတာ္ဥကၠ႒ မလြဲမေသြ ျဖစ္လာမည္ဟု သံုး သပ္ႏုိင္သည္။ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ႏွင့္ ဒုတိယဥကၠ႒တို႔သည္ ဖဲြ႕စည္းပံု အေျခခံဥပေဒ ပုဒ္မ ၇၆ (က)အရ ျပည္ေထာင္စု လႊတ္ေတာ္နာယ ကႏွင့္ ဒုတိယ နာယကတာ၀န္ကို ပါ  ထမ္းေဆာင္ ရမည္ျဖစ္သည့္အ ေလ်ာက္ ၂၀၁၆ ခုႏွစ္ ႏွစ္ဦးပိုင္း လႊတ္ေတာ္ႏုိင္ငံေရးတြင္ ေသာ့ ခ်က္က် အေရးပါလာမည္ျဖစ္ သည္။ အမ်ိဳးသားဒီမိုကေရစီ အ ဖဲြ႕ခ်ဳပ္အေနျဖင့္ အမ်ိဳးသားလႊတ္ ေတာ္ဥကၠ႒ႏွင့္ ဒုတိယဥကၠ႒ တုိ႔ကို တိုင္းရင္းသားလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအား လ်ာထား ေရြးခ်ယ္ႏုိင္မည္ဆုိလွ်င္ သာလြန္ ေကာင္းမြန္မည္ျဖစ္သည္။ အမ်ိဳး သားလႊတ္ေတာ္ဥကၠ႒သည္ ဒီခ်ဳပ္ ပါတီ၏ တိုင္းရင္းသားလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးျဖစ္ၿပီး ဒီခ်ဳပ္ပါတီအေနျဖင့္ ရွမ္းတုိင္း ရင္းသားမ်ား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ (က်ားေခါင္းပါတီ) သို႔မဟုတ္ ရခုိင္အမ်ိဳးသားပါတီ၏ အမ်ိဳး သားလႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးကို အမ်ိဳးသားလႊတ္ေတာ္ ဒုတိယဥကၠ႒ေနရာ ေရြးခ်ယ္ တင္ေျမႇာက္လာႏုိင္မည္ဆုိလွ်င္ ၂၀၁၆ ခုႏွစ္အလြန္ ျပည္ေထာင္စု လႊတ္ေတာ္ႏုိင္ငံေရးသည္ အမ်ိဳး သားျပန္လည္ရင္ၾကားေစ့ေရး ကဲ လာမည္သာျဖစ္သည္။ ထို႔အတူ ဒီခ်ဳပ္ပါတီသည္ ျပည္သူ႔လႊတ္ ေတာ္ ဒုတိယဥကၠ႒ ေနရာကုိ လည္း မိတ္ဖက္တိုင္းရင္းသား ပါတီ၏ လႊတ္ေတာ္ကုိယ္စား လွယ္တစ္ဦးအား ေရြးခ်ယ္တင္ ေျမႇာက္ႏုိင္ေရး ထည့္သြင္းစဥ္း စားသင့္သည္။

အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ ခ်ဳပ္သည္ လႊတ္ေတာ္ႏိုင္ငံေရး သစ္ မစတင္မီၾကားကာလတြင္ မိတ္ဖက္တိုင္းရင္းသားပါတီမ်ား ႏွင့္ ႏုိင္ငံေရးအရ အႀကိတ္အနယ္ ေဆြးေႏြးႏုိင္မည္ဆုိလွ်င္ လႊတ္ ေတာ္ႏုိင္ငံေရးအႀကိဳျပင္ဆင္မႈ ကာလသည္ ပိုမုိအဓိပၸာယ္ျမင့္မား ႏုိင္ေျခရွိသည္။ ျပည္သူ႔လႊတ္ ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္သာ မက၊ တုိင္းေဒသႀကီးႏွင့္ ျပည္ နယ္လႊတ္ေတာ္မ်ားတြင္ မိတ္ ဖက္တုိင္းရင္းသားပါတီမ်ား၏ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ပူး ေပါင္းပါ၀င္ႏုိင္ခြင့္ကို အေလးအ နက္ထား စဥ္းစားသံုးသပ္ႏုိင္ရန္ ပဓာနက်သည္။ သုိ႔မွသာ အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးကို အေထာက္အကူျပဳႏုိင္မည့္အျပင္ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္ စု တည္ေဆာက္ေရးကိုလည္း လမ္းဖြင့္ေပးရာေရာက္မည္ျဖစ္ သည္။

၂၀၁၆ ခုႏွစ္အလြန္ လႊတ္ ေတာ္သစ္ႏုိင္ငံေရးတြင္ ဒီခ်ဳပ္ သည္ မိတ္ဖက္တိုင္းရင္းသားပါတီ မ်ားကို ႏုိင္ငံေရးအရ လက္ခ်င္း ခ်ိတ္ လက္တဲြေခၚယူႏုိင္မွသာ လာမည့္ ငါးႏွစ္တာကာလ ျမန္မာ့ ႏိုင္ငံေရးအေျပာင္းအလဲသည္ ထိ ေရာက္သြက္လက္လာႏုိင္ဖြယ္ရွိ သည္။

ႏုိ၀င္ဘာ ၁၄ ရက္ ညေနအ ထိ တရား၀င္ထုတ္ျပန္ၿပီး စာရင္း မ်ားအရ အမ်ိဳးသားဒီမိုကေရစီ အဖဲြ႕ခ်ဳပ္သည္ ရွမ္းျပည္နယ္၊ ရခုိင္ျပည္နယ္ႏွင့္ ကခ်င္ျပည္နယ္ မွလဲြ၍ က်န္တုိင္းေဒသႀကီးမ်ား ႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ားတြင္ အမ်ားစုေနရာအႏုိုင္ရရွိထားၿပီး ျဖစ္သည္။ အၿပီးသတ္စာရင္း ထုတ္ျပန္ၿပီးပါက ကခ်င္ျပည္နယ္ လႊတ္ေတာ္တြင္လည္း အမ်ားစု အႏုိင္ရရွိႏုိင္ေျချမင့္မားလ်က္ရွိ သည္။ တုိင္းေဒသႀကီးႏွင့္ ျပည္ နယ္လႊတ္ေတာ္အမ်ားစု၏ ဥကၠ႒ မ်ားႏွင့္ ဒုတိယဥကၠ႒မ်ားသည္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္မွ ေရြးခ်ယ္တင္ေျမႇာက္သူမ်ားျဖစ္ လာမည္ျဖစ္သည္။ ဒီခ်ဳပ္ပါတီအ ေနျဖင့္ အမ်ားစုအႏုိင္ရရွိေသာ ျပည္နယ္ လႊတ္ေတာ္မ်ားတြင္ ဥကၠ႒မ်ားႏွင့္ ဒုတိယဥကၠ႒မ်ား ကို ပါတီ၏ တုိင္းရင္းသားကုိယ္ စားလွယ္မ်ားႏွင့္ မိတ္ဖက္တိုင္း ရင္းသားပါတီမ်ား၏ ကိုယ္စား လွယ္မ်ားအား ဦးစားေပးေရြး ခ်ယ္တင္ေျမႇာက္လာႏုိင္မည္ဆုိ လွ်င္ ျပည္နယ္လႊတ္ေတာ္မ်ားကို အေျချပဳသည့္ တုိင္းရင္းသားႏုိင္ငံ ေရးတြင္ အမ်ိဳးသားျပန္လည္သင့္ ျမတ္ေရးႏွင့္ ဖက္ဒရယ္ဒီမိုကေရစီ ေရးတို႔သည္ ပုိမိုအလားအလာ ေကာင္းလာႏုိင္ဖြယ္ရွိသည္။

အခ်ဳပ္ဆိုရေသာ္ ၂၀၁၆ ခုႏွစ္ အလြန္ လႊတ္ေတာ္ႏုိင္ငံေရး သည္ မ ျဖစ္မေန ဖက္ဒရယ္ဒီမိုက ေရစီကဲရမည္ျဖစ္သည္။ မိတ္ဖက္ တုိင္းရင္းသားပါတီမ်ားႏွင့္ ႏုိင္ငံ ေရးအရ ပလူးပလဲလုပ္ရမည္ျဖစ္ သည္။ မိတ္ဖက္တိုင္းရင္းသား ပါတီမ်ားႏွင့္ တန္းတူရည္တူဆက္ ဆံေရးကို  တည္ေဆာက္ရမည္ျဖစ္ သည္။ အမ်ိဳးသားျပန္လည္သင့္ ျမတ္ေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္း ေရးဆီကုိ ဦးတည္သည့္ စစ္မွန္ အလုပ္ျဖစ္မည့္ ႏုိင္ငံေရးလမ္းစဥ္ မ်ား၊ လုပ္ငန္းစဥ္မ်ားကို မိတ္ဖက္ တိုင္းရင္းသားပါတီမ်ားႏွင့္ တုိင္း ရင္းသား ျပည္သူလူထုမ်ားတုိ႔၏ အသံႏွင့္ ထပ္တူျပဳေရးဆဲြခ်မွတ္ လာႏုိင္မွသာ လာမည့္ ဒုတိယ သက္တမ္း လႊတ္ေတာ္ႏုိင္ငံေရး သည္ တုိင္းရင္းသားျပည္သူလူထု ကို မ်က္ႏွာမူသည္ထက္ မ်က္ႏွာ မူလာၿပီး အားေကာင္းေမာင္းသန္ သည္ ထက္အားေကာင္းေမာင္း သန္လာႏုိင္ဖြယ္ရွိပါေၾကာင္း မီး ေမာင္းထုိးတိုက္တြန္းေဆာ္ၾသ လိုက္ရပါသည္။    ။
7Day Daily
..................
ဖက်ဒရယ်ဒီမိုကရေစီကဲရမည့် လွှတ်တော်နိုင်ငံရေး

Byဒေါက်တာ ရန်မျိုးသိမ်းOn  Mon, 2015-11-16 09:27Issue No.No.919 Monday, November 16, 2015

ဒီမိုကရေစီ ဖက်ဒရယ်ပြည် ထောင်စုသည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ အန္တိမနိုင်ငံရေးပန်းတိုင်ဖြစ်မည်။ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်နှင့် ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်မရှိလျှင် ဖက်ဒရယ်ဒီမိုက ရေစီသည် ရေပေါ်တွင် ရေးသော အရုပ်သာဖြစ်မည်။ ၂၀၁၆ အ လွန်ကာလတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များ၌ ဒေသခံတိုင်းရင်းသားပြည်သူလူ ထုအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင် ခွင့်ကို မြင့်မြင့်မားမားရရှိလာနိုင်မှ သာ ဖက်ဒရယ်ဒီမိုကရေစီသည် ရုပ်လုံးကြွလာမည်ဖြစ်သည်။ ပြည်နယ်လွှတ်တော်နိုင်ငံရေး သည် ဖက်ဒရယ်ဒီမိုကရေစီကို အခြေပြုပုံဖော်နိုင်မှသာ ရေရှည် နိုင်ငံရေးအပြောင်းအလဲသည် တိုင်းရင်းသားပြည်သူလူထုဆီ မျက်နှာမူလာနိုင်မည်ဖြစ်သည်။

၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေ စီအထွေထွေရွေးကောက်ပွဲကျင်း ပပြီး ရက်သတ္တပတ်တစ်ပတ်အ ကြာ နို၀င်ဘာ ၁၅ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန် သော ရွေးကောက်ပွဲရလဒ်များအ ရ ကြည့်မည်ဆိုလျှင် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်သည် ရွေး ကောက်ခံ ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၄၉၁ ဦးအ နက် ၃၈၇ ဦး၊ ရွေးကောက်ခံ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ၆၇၃ ဦးအ နက် ၄၈၄ ဦး အနိုုင်ရရှိထားသည်။ နို၀င်ဘာ ၁၆ ရက်ညနေပိုင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်၏ အပြီးသတ်ကိုယ်စားလှယ် စာရင်းထုတ်ပြန်ပြီးပါက ဒီချုပ်၏ ကိုယ်စားလှယ်ဦးရေသည် ပြည် ထောင်စုလွှတ်တော်တွင် ၄၀၀ ခန့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် ၅၀၀ ခန့်သို့ မလွဲမသွေရောက်ရှိလာမည် ဖြစ် သည်။

နို၀င်ဘာ ၁၅ ရက်နေ့တရား ၀င်ထုတ်ပြန်ခဲ့သော လွှတ်တော် ကိုယ်စားလှယ်များစာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ၂၀၁၆ ဇန်နဝါရီမှ ၂၀၂၁ ဇန်နဝါရီအထိ ဒုတိယလွှတ်တော် သက်တမ်းတွင် လွှတ်တော်အများ စုပါတီအဖြစ် အနိုင်ရရှိခဲ့ပြီဖြစ် သည်။

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္က ဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ၊ ပြည်နယ်လွှတ်တော်လေးရပ်၏ ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများကိုလွတ်လွတ်ကျွတ်ကျွတ် ရွေးကောက်တင်မြှောက်ခွင့်ရရှိခဲ့ပြီ ဖြစ်သည်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်နှင့် မကွေးတိုင်း ဒေသကြီးလွှတ်တော်တို့တွင် ဒီချုပ်ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ််ရာနှုန်းပြည့် အနိုင်ရရှိခဲ့သည့် အတွက် အားကောင်းမောင်းသန်မှုအမြင့်ဆုံးဒေသဆိုင်ရာ လွှတ်တော်များဟု သတ်မှတ် နိုင်သည်။

၂၀၁၆ခုနှစ် နှစ်ဦးပိုင်း မြန်မာ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု ပထမ ခြေလှမ်းသည် လွှတ်တော်ထဲတွင် စတင်မည်ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်သည် ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ မလွဲမသွေ ဖြစ်လာမည်ဟု သုံး သပ်နိုင်သည်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ရ၆ (က)အရ ပြည်ထောင်စု လွှတ်တော်နာယ ကနှင့် ဒုတိယ နာယကတာဝန်ကို ပါ  ထမ်းဆောင် ရမည်ဖြစ်သည့်အ လျောက် ၂၀၁၆ ခုနှစ် နှစ်ဦးပိုင်း လွှတ်တော်နိုင်ငံရေးတွင် သော့ ချက်ကျ အရေးပါလာမည်ဖြစ် သည်။ အမျိုးသားဒီမိုကရေစီ အ ဖွဲ့ချုပ်အနေဖြင့် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ တို့ကို တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များအား လျာထား ရွေးချယ်နိုင်မည်ဆိုလျှင် သာလွန် ကောင်းမွန်မည်ဖြစ်သည်။ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌသည် ဒီချုပ် ပါတီ၏ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဒီချုပ်ပါတီအနေဖြင့် ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) သို့မဟုတ် ရခိုင်အမျိုးသားပါတီ၏ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌနေရာ ရွေးချယ် တင်မြှောက်လာနိုင်မည်ဆိုလျှင် ၂၀၁၆ ခုနှစ်အလွန် ပြည်ထောင်စု လွှတ်တော်နိုင်ငံရေးသည် အမျိုး သားပြန်လည်ရင်ကြားစေ့ရေး ကဲ လာမည်သာဖြစ်သည်။ ထို့အတူ ဒီချုပ်ပါတီသည် ပြည်သူ့လွှတ် တော် ဒုတိယဥက္ကဋ္ဌ နေရာကို လည်း မိတ်ဖက်တိုင်းရင်းသား ပါတီ၏ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအား ရွေးချယ်တင် မြှောက်နိုင်ရေး ထည့်သွင်းစဉ်း စားသင့်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် လွှတ်တော်နိုင်ငံရေး သစ် မစတင်မီကြားကာလတွင် မိတ်ဖက်တိုင်းရင်းသားပါတီများ နှင့် နိုင်ငံရေးအရ အကြိတ်အနယ် ဆွေးနွေးနိုင်မည်ဆိုလျှင် လွှတ် တော်နိုင်ငံရေးအကြိုပြင်ဆင်မှု ကာလသည် ပိုမိုအဓိပ္ပာယ်မြင့်မား နိုင်ခြေရှိသည်။ ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်သာ မက၊ တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်များတွင် မိတ် ဖက်တိုင်းရင်းသားပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များ ပူး ပေါင်းပါ၀င်နိုင်ခွင့်ကို အလေးအ နက်ထား စဉ်းစားသုံးသပ်နိုင်ရန် ပဓာနကျသည်။ သို့မှသာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူပြုနိုင်မည့်အပြင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေးကိုလည်း လမ်းဖွင့်ပေးရာရောက်မည်ဖြစ် သည်။

၂၀၁၆ ခုနှစ်အလွန် လွှတ် တော်သစ်နိုင်ငံရေးတွင် ဒီချုပ် သည် မိတ်ဖက်တိုင်းရင်းသားပါတီ များကို နိုင်ငံရေးအရ လက်ချင်း ချိတ် လက်တွဲခေါ်ယူနိုင်မှသာ လာမည့် ငါးနှစ်တာကာလ မြန်မာ့ နိုင်ငံရေးအပြောင်းအလဲသည် ထိ ရောက်သွက်လက်လာနိုင်ဖွယ်ရှိ သည်။

နို၀င်ဘာ ၁၄ ရက် ညနေအ ထိ တရားဝင်ထုတ်ပြန်ပြီး စာရင်း များအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ် မှလွဲ၍ ကျန်တိုင်းဒေသကြီးများ နှင့် ပြည်နယ်လွှတ်တော်များတွင် အများစုနေရာအနိုုင်ရရှိထားပြီး ဖြစ်သည်။ အပြီးသတ်စာရင်း ထုတ်ပြန်ပြီးပါက ကချင်ပြည်နယ် လွှတ်တော်တွင်လည်း အများစု အနိုင်ရရှိနိုင်ခြေမြင့်မားလျက်ရှိ သည်။ တိုင်းဒေသကြီးနှင့် ပြည် နယ်လွှတ်တော်အများစု၏ ဥက္ကဋ္ဌ များနှင့် ဒုတိယဥက္ကဋ္ဌများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်တင်မြှောက်သူများဖြစ် လာမည်ဖြစ်သည်။ ဒီချုပ်ပါတီအ နေဖြင့် အများစုအနိုင်ရရှိသော ပြည်နယ် လွှတ်တော်များတွင် ဥက္ကဋ္ဌများနှင့် ဒုတိယဥက္ကဋ္ဌများ ကို ပါတီ၏ တိုင်းရင်းသားကိုယ် စားလှယ်များနှင့် မိတ်ဖက်တိုင်း ရင်းသားပါတီများ၏ ကိုယ်စား လှယ်များအား ဦးစားပေးရွေး ချယ်တင်မြှောက်လာနိုင်မည်ဆို လျှင် ပြည်နယ်လွှတ်တော်များကို အခြေပြုသည့် တိုင်းရင်းသားနိုင်ငံ ရေးတွင် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရေးတို့သည် ပိုမိုအလားအလာ ကောင်းလာနိုင်ဖွယ်ရှိသည်။

အချုပ်ဆိုရသော် ၂၀၁၆ ခုနှစ် အလွန် လွှတ်တော်နိုင်ငံရေး သည် မ ဖြစ်မနေ ဖက်ဒရယ်ဒီမိုက ရေစီကဲရမည်ဖြစ်သည်။ မိတ်ဖက် တိုင်းရင်းသားပါတီများနှင့် နိုင်ငံ ရေးအရ ပလူးပလဲလုပ်ရမည်ဖြစ် သည်။ မိတ်ဖက်တိုင်းရင်းသား ပါတီများနှင့် တန်းတူရည်တူဆက် ဆံရေးကို  တည်ဆောက်ရမည်ဖြစ် သည်။ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးဆီကို ဦးတည်သည့် စစ်မှန် အလုပ်ဖြစ်မည့် နိုင်ငံရေးလမ်းစဉ် များ၊ လုပ်ငန်းစဉ်များကို မိတ်ဖက် တိုင်းရင်းသားပါတီများနှင့် တိုင်း ရင်းသား ပြည်သူလူထုများတို့၏ အသံနှင့် ထပ်တူပြုရေးဆွဲချမှတ် လာနိုင်မှသာ လာမည့် ဒုတိယ သက်တမ်း လွှတ်တော်နိုင်ငံရေး သည် တိုင်းရင်းသားပြည်သူလူထု ကို မျက်နှာမူသည်ထက် မျက်နှာ မူလာပြီး အားကောင်းမောင်းသန် သည် ထက်အားကောင်းမောင်း သန်လာနိုင်ဖွယ်ရှိပါကြောင်း မီး မောင်းထိုးတိုက်တွန်းဆော်သြ လိုက်ရပါသည်။    ။
7Day Daily

No comments:

Post a Comment