Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 13, 2015

ခါးနာျခင္းကို ကာကြယ္ဖို႔ နည္းလမ္း ၆ သြယ္

ေက်ာရိုးအဆစ္ၾကား အရြတ္၀ုိင္း ေနရာလြဲသြားၿခင္းေၾကာင့္ ေက်ာရုိးဆစ္တစ္ခုနွင္႔တစ္ခု ပြတ္တုိက္မိေသာအခါ ခါးနာၿခင္း (Back pain) ၿဖစ္ေပၚလာရပါတယ္။ ခါးနာျခင္းဟာ လူတစ္ဦးရဲ႕လႈပ္ရွားသြားလာမႈကို ခံရခက္ေစၿပီး နာတာရွည္ေရာဂါျဖစ္သြားလွ်င္ ကုသရခက္ခဲေစပါတယ္။
အဲဒါေၾကာင့္ ခါးနာျခင္းျဖစ္ေပၚမႈကို ႀကိဳတင္ကာကြယ္ဖို႔ ေအာက္ပါနည္းလမ္း ၆ ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။
၁။ ခါးေကြးၿပီး မထိုင္ပါနဲ႕။
ကုလားထိုင္ခံုမွာထိုင္တဲ့ ပံုစံအေနအထားဟာ ခါးနာျခင္းကိုျဖစ္ေစတဲ့ အဓိကအေၾကာင္းအရာပဲျဖစ္ပါတယ္။ ခါးမတ္မတ္မထားဘဲ ခါးေကြး၍ၾကာရွည္စြာ ထိုင္ၿပီး အလုပ္လုပ္ျခင္းမ်ိဳး၊ ကြန္ပ်ဴတာအခ်ိန္ၾကာျမင့္စြာ အသံုးျပဳျခင္းမ်ိဳးေၾကာင့္ ေက်ာရိုးတစ္ေလ်ာက္ အဆစ္အျမစ္ ၾကြက္သားမ်ားကို အလြန္အကၽြံဖိအားသက္ေရာက္ေစၿပီး ခါးနာျခင္းကို စတင္ျဖစ္ေပၚေစပါတယ္။ ခါးနာျခင္းလကၡာမ်ား စတင္ျဖစ္ေပၚလာၿပီဆိုရင္ မိမိအေထာက္အကူျပဳမယ့္ပံုစံ အေနအထားနဲ႕ထုိင္ၿပီး နာက်င္မႈကိုေလွ်ာ့ခ်ပါ။
၂။ အေလးအပင္မျခင္းမ်ားမွ ေရွာင္ၾကည္ပါ။
အေလးအပင္ခဏခဏမျခင္းေၾကာင့္ ခါးနာျခင္းကို ျဖစ္ေပၚေစပါတယ္။ သင့္အလုပ္ဟာ အေလးအပင္အျမဲ မ ေနရမယ္ဆို သင့္အလုပ္ရွင္နဲ႕ ညွိႏႈိင္းတိုင္ပင္ၿပီး အေလးမျခင္းကိုေရွာင္ရွားဖို႔လိုအပ္ေနပါၿပီ။
၃။ လမ္းေလွ်ာက္ျခင္းျဖင့္ ေလ့က်င့္ခန္းလုပ္ပါ။
လမ္းေလွ်ာက္ျခင္းဟာ ခါးရိုးဆစ္အတြက္ မ်ားစြာအေထာက္အကူျပဳပါတယ္။ ခါးရိုးၾကြက္သားမ်ားကို သန္မာေစၿပီး အဆစ္မ်ားလႈပ္ရွားမႈႏွင့္ အရြတ္အ၀ိုင္းျပားမ်ားကို ပိုမိုေကာင္းမြန္ေစပါတယ္။ မလႈပ္ရွားဘဲ တစ္ေနကုန္တီဗီထိုင္ၾကည့္သူမ်ားဟာ ခါးနာျခင္းကို အမ်ားဆံုးျဖစ္ေစႏိုင္ပါတယ္။ လမ္းမွန္မွန္ေလွ်ာက္ကာ ေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းျဖင့္ ခါးနာျခင္းမွကင္းေ၀းေစပါတယ္။
၄။ ေဆးလိပ္ေသာက္ျခင္းမွ ေရွာင္ရွားပါ။
ေဆးလိပ္ေသာက္ျခင္းဟာ က်န္းမာေရးကို ဆိုးရြားစြာထိခိုက္ေစၿပီး ခႏၶာကိုယ္တြင္မေကာင္းေသာ သက္ေရာက္မႈမ်ားကို ျဖစ္ေပၚေစပါတယ္။ ေဆးလိပ္ေသာက္ျခင္းဟာ ခါးနာမႈ ျဖစ္ႏိုင္ေခ်ကို မ်ားျပားေစတယ္လို႔ အခ်ိဳ႕ေလ့လာခ်က္မ်ားက ေဖာ္ျပထားပါတယ္။ အကယ္၍ ခါးနာျခင္းေ၀ဒနာမ်ားျဖစ္ေပၚေနခဲ့ရင္ သင့္အေနနဲ႕ေဆးလိပ္ျဖတ္ရန္ ဆရာ၀န္ႏွင့္တိုင္ပင္ျပသျခင္းျဖင့္ ခါးနာက်င္ျခင္းကို ကုသဖို႔အေထာက္အကူျပဳမွာျဖစ္ပါတယ္။
၅။ ေနထိုင္မႈပံုစံမ်ားကို ဂရုစိုက္ပါ။
အလြန္ေပ်ာ့ေသာေမြ႕ရာေပၚတြင္ အိပ္ျခင္း၊ မာေသာေမြ႕ရာတြင္အိပ္ျခင္း၊ ဆိုဖာထူေသာ ကုလားထိုင္တြင္ ၾကာရွည္စြာထိုင္ရျခင္း၊ ကုလားထိုင္အစြန္းတြင္ ၾကာရွည္စြာထိုင္မိျခင္းတို႔ေၾကာင့္ ခါးနာျခင္းႏွင့္ ေက်ာဆစ္ရိုးလြဲျခင္းတို႔ကို ျဖစ္ေပၚေစပါတယ္။
၆။ စိတ္ဖိစီးမႈမ်ားကို ေလွ်ာ့ခ်ပါ။
အေၾကာက္လြန္ျခင္း၊ ထိတ္လန္႔ျခင္း၊ တစ္စံုတစ္ခုကို စိုးရိမ္ပူပန္ေနျခင္းဟာ စိတ္ဖိစီးမႈကိုျမင့္မားေစၿပီး ခါးနာမႈကိုျဖစ္ေပၚေစပါတယ္။ ဇက္ေၾကာ ပုခံုးေၾကာမ်ား ကုိက္ခဲၿခင္း၊ လည္ပင္းအဆစ္မ်ားနာၿခင္းနွင္႔ ခါးနာၿခင္းတုိ႔ ၿဖစ္ပြားမႈရာခိုင္ႏႈန္း အေတာ္မ်ားမ်ားဟာ ေသာကဖိစီးမွဳေၾကာင္႔ၿဖစ္တယ္လို႔ ထူးဆန္းစြာ ေတြ႔ရွိရတတ္ပါတယ္။၊ တစ္ခ်ိဳ႕လူမ်ားဟာ ၿပႆနာအခက္အခဲတစ္ခုခုနွင္႔ ရင္ဆုိင္ေတြ႔ရတုိင္း ခါးနာတတ္ၾကတာေၾကာင့္ စိတ္ဖိစီးမႈမ်ားကို အတတ္ႏိုင္ဆံုးေလွ်ာ့ခ်ႏိုင္မယ့္ နည္းလမ္းမ်ားကိုရွာေဖြပါ။

အထက္မွာေဖာ္ျပခဲ့တဲ့အခ်က္ေတြကိုလိုက္နာျခင္းျခင့္ သင့္အေနနဲ႔ခါးနာျခင္းျဖစ္ေပၚမႈမ်ားမွ ကာကြယ္ႏိုင္မွာျဖစ္ၿပီး ခါးနာျခင္းေ၀ဒနာကိုခံစားေနသူအေနနဲ႕လည္း ထိုအခ်က္မ်ားကို လိုက္နာဖို႔လိုအပ္ပါတယ္။ အကယ္၍ သင္ဟာ ၁ပတ္ (သို႔) ၂ပတ္ၾကာျမင့္သည္အထိ ခါးနာျခင္းေ၀ဒနာကိုခံစားေနရၿပီး မသက္သာပါက မိမိဘာသာႀကိတ္ကုသျခင္းထက္ ဆရာ၀န္ႏွင့္ ျပသကာ အခ်ိန္မီကုသဖို႔တိုက္တြန္း ေဖာ္ျပလိုက္ရပါတယ္။
(JOB seekers Journal အတြဲ(၄) ၊
အမွတ္(၂၃)က်န္းမာေရး က႑မွ
ေကာက္နုတ္ေဖာ္ျပခ်က္ ျဖစ္ပါသည္။)
.............
ခါးနာခြင်းကို ကာကွယ်ဖို့ နည်းလမ်း ၆ သွယ်
-----------
ကျောရိုးအဆစ်ကြား အရွတ်ဝိုင်း နေရာလွဲသွားခြင်းကြောင့် ကျောရိုးဆစ်တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ ခါးနာခြင်း (Back pain) ဖြစ်ပေါ်လာရပါတယ်။ ခါးနာခြင်းဟာ လူတစ်ဦးရဲ့လှုပ်ရှားသွားလာမှုကို ခံရခက်စေပြီး နာတာရှည်ရောဂါဖြစ်သွားလျှင် ကုသရခက်ခဲစေပါတယ်။
အဲဒါကြောင့် ခါးနာခြင်းဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ဖို့ အောက်ပါနည်းလမ်း ၆ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ခါးကွေးပြီး မထိုင်ပါနဲ့။
ကုလားထိုင်ခုံမှာထိုင်တဲ့ ပုံစံအနေအထားဟာ ခါးနာခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရာပဲဖြစ်ပါတယ်။ ခါးမတ်မတ်မထားဘဲ ခါးကွေး၍ကြာရှည်စွာ ထိုင်ပြီး အလုပ်လုပ်ခြင်းမျိုး၊ ကွန်ပျူတာအချိန်ကြာမြင့်စွာ အသုံးပြုခြင်းမျိုးကြောင့် ကျောရိုးတစ်လျောက် အဆစ်အမြစ် ကြွက်သားများကို အလွန်အကျွံဖိအားသက်ရောက်စေပြီး ခါးနာခြင်းကို စတင်ဖြစ်ပေါ်စေပါတယ်။ ခါးနာခြင်းလက္ခာများ စတင်ဖြစ်ပေါ်လာပြီဆိုရင် မိမိအထောက်အကူပြုမယ့်ပုံစံ အနေအထားနဲ့ထိုင်ပြီး နာကျင်မှုကိုလျှော့ချပါ။
၂။ အလေးအပင်မခြင်းများမှ ရှောင်ကြည်ပါ။
အလေးအပင်ခဏခဏမခြင်းကြောင့် ခါးနာခြင်းကို ဖြစ်ပေါ်စေပါတယ်။ သင့်အလုပ်ဟာ အလေးအပင်အမြဲ မ နေရမယ်ဆို သင့်အလုပ်ရှင်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး အလေးမခြင်းကိုရှောင်ရှားဖို့လိုအပ်နေပါပြီ။
၃။ လမ်းလျှောက်ခြင်းဖြင့် လေ့ကျင့်ခန်းလုပ်ပါ။
လမ်းလျှောက်ခြင်းဟာ ခါးရိုးဆစ်အတွက် များစွာအထောက်အကူပြုပါတယ်။ ခါးရိုးကြွက်သားများကို သန်မာစေပြီး အဆစ်များလှုပ်ရှားမှုနှင့် အရွတ်အဝိုင်းပြားများကို ပိုမိုကောင်းမွန်စေပါတယ်။ မလှုပ်ရှားဘဲ တစ်နေကုန်တီဗီထိုင်ကြည့်သူများဟာ ခါးနာခြင်းကို အများဆုံးဖြစ်စေနိုင်ပါတယ်။ လမ်းမှန်မှန်လျှောက်ကာ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် ခါးနာခြင်းမှကင်းဝေးစေပါတယ်။
၄။ ဆေးလိပ်သောက်ခြင်းမှ ရှောင်ရှားပါ။
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး ခန္ဓာကိုယ်တွင်မကောင်းသော သက်ရောက်မှုများကို ဖြစ်ပေါ်စေပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ခါးနာမှု ဖြစ်နိုင်ချေကို များပြားစေတယ်လို့ အချို့လေ့လာချက်များက ဖော်ပြထားပါတယ်။ အကယ်၍ ခါးနာခြင်းဝေဒနာများဖြစ်ပေါ်နေခဲ့ရင် သင့်အနေနဲ့ဆေးလိပ်ဖြတ်ရန် ဆရာဝန်နှင့်တိုင်ပင်ပြသခြင်းဖြင့် ခါးနာကျင်ခြင်းကို ကုသဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။
၅။ နေထိုင်မှုပုံစံများကို ဂရုစိုက်ပါ။
အလွန်ပျော့သောမွေ့ရာပေါ်တွင် အိပ်ခြင်း၊ မာသောမွေ့ရာတွင်အိပ်ခြင်း၊ ဆိုဖာထူသော ကုလားထိုင်တွင် ကြာရှည်စွာထိုင်ရခြင်း၊ ကုလားထိုင်အစွန်းတွင် ကြာရှည်စွာထိုင်မိခြင်းတို့ကြောင့် ခါးနာခြင်းနှင့် ကျောဆစ်ရိုးလွဲခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။
၆။ စိတ်ဖိစီးမှုများကို လျှော့ချပါ။
အကြောက်လွန်ခြင်း၊ ထိတ်လန့်ခြင်း၊ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေခြင်းဟာ စိတ်ဖိစီးမှုကိုမြင့်မားစေပြီး ခါးနာမှုကိုဖြစ်ပေါ်စေပါတယ်။ ဇက်ကြော ပုခုံးကြောများ ကိုက်ခဲခြင်း၊ လည်ပင်းအဆစ်များနာခြင်းနှင့် ခါးနာခြင်းတို့ ဖြစ်ပွားမှုရာခိုင်နှုန်း အတော်များများဟာ သောကဖိစီးမှုကြောင့်ဖြစ်တယ်လို့ ထူးဆန်းစွာ တွေ့ရှိရတတ်ပါတယ်။၊ တစ်ချို့လူများဟာ ပြဿနာအခက်အခဲတစ်ခုခုနှင့် ရင်ဆိုင်တွေ့ရတိုင်း ခါးနာတတ်ကြတာကြောင့် စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချနိုင်မယ့် နည်းလမ်းများကိုရှာဖွေပါ။

အထက်မှာဖော်ပြခဲ့တဲ့အချက်တွေကိုလိုက်နာခြင်းခြင့် သင့်အနေနဲ့ခါးနာခြင်းဖြစ်ပေါ်မှုများမှ ကာကွယ်နိုင်မှာဖြစ်ပြီး ခါးနာခြင်းဝေဒနာကိုခံစားနေသူအနေနဲ့လည်း ထိုအချက်များကို လိုက်နာဖို့လိုအပ်ပါတယ်။ အကယ်၍ သင်ဟာ ၁ပတ် (သို့) ၂ပတ်ကြာမြင့်သည်အထိ ခါးနာခြင်းဝေဒနာကိုခံစားနေရပြီး မသက်သာပါက မိမိဘာသာကြိတ်ကုသခြင်းထက် ဆရာဝန်နှင့် ပြသကာ အချိန်မီကုသဖို့တိုက်တွန်း ဖော်ပြလိုက်ရပါတယ်။
(JOB seekers Journal အတွဲ(၄) ၊
အမှတ်(၂၃)ကျန်းမာရေး ကဏ္ဍမှ
ကောက်နုတ်ဖော်ပြချက် ဖြစ်ပါသည်။)

No comments:

Post a Comment