Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

ပါရီတိုက္ခုိက္မႈေၾကာင့္ ဆီးရီးယား ဒုကၡသည္မ်ား လက္ခံေရးကို အေမရိကန္ ျပည္နယ္မ်ား ျငင္းဆို

ဆီးရီးယား ဒုကၡသည္မ်ား ခြဲေဝလက္ခံသည့္ အစီအစဥ္ကို ဆက္လက္ အေကာင္အထည္ေဖာ္ရန္ အေမရိကန္ရွိ ျပည္နယ္ အမ်ားအျပားက ျငင္းဆိုခဲ့ေၾကာင္း သတင္းရရွိသည္။

ျပင္သစ္ႏုိင္ငံ၊ ပါရီၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္တိုက္ခိုက္မႈႀကီး အၿပီးတြင္ လံုၿခံဳေရးစိုးရိမ္မႈမ်ား ျမင့္တက္လာၿပီးေနာက္ ဒုကၡသည္မ်ား လက္ခံေရးကိစၥကို အေမရိကန္ ျပည္နယ္မ်ားက လိုလားႀကိဳဆိုမႈ မရွိေတာ့ေခ်။

ႏိုဝင္ဘာ ၁၃ ရက္က ပါရီတြင္ အစၥလာမ္မစ္ ႏုိင္ငံေတာ္ (အိုင္အက္စ္) စစ္ေသြးႂကြအဖြဲ႕၏ အၾကမ္းဖက္သမားမ်ားက ကြန္မန္ဒိုဆန္ဆန္ စီးနင္းတိုက္ခုိက္ခဲ့ရာတြင္ လူေပါင္း ၁၂၉ ဦးထက္မနည္း အသက္ဆံုး႐ံႈးခဲ့သည္။
အဆိုပါ အၾကမ္းဖက္သမားမ်ားသည္ ဆီးရီးယား ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ားႏွင့္ ေရာေႏွာၿပီး ဝင္ေရာက္လာသည္ဟု ယံုၾကည္ရသည္။

မစ္ခ်ီဂန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ရစ္ခ္ဆင္းဒါးက ေနာက္ထပ္ အစီရင္ခံသံုးသပ္ခ်က္မ်ား မျပဳလုပ္မီ ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ား လက္ခံမႈကို ရပ္ဆုိင္းထားမည္ဟု ေျပာၾကားခဲ့သည္။ အလားဘားမား၊ တကၠဆက္စ္ႏွင့္ အျခားေသာ ျပည္နယ္ အခ်ိဳ႕ကလည္း အလားတူ ေၾကညာခ်က္မ်ား ထုတ္ျပန္ခဲ့ေသာ္လည္း အေမရိကန္ျပည္ေထာင္စု ႏုိင္ငံျခားေရးဝန္ႀကီးဌာန၏ မူဝါဒပိုင္းအရ အဆိုပါ ဆိုင္းငံ့မႈမ်ား တရားဝင္ ဟုတ္မဟုတ္ မကြဲျပားဘဲ ျဖစ္ေနသည္။

ျပည္တြင္းစစ္ေၾကာင့္ ထြက္ေျပးတိမ္းေရွာင္လာသည့္ ေ႐ႊ႕ေျပာင္းဒုကၡသည္မ်ားကို ဥေရာပႏုိင္ငံမ်ားႏွင့္ အေမရိကန္တုိ႔က ခြဲေဝလက္ခံသြားရန္ သေဘာတူညီထားသည္။ သမၼတ ဘာရတ္အိုဘားမားက အေမရိကန္ျပည္သူမ်ား အေနျဖင့္ လူသားခ်င္း စာနာေသာ အကူအညီ ေပးမႈမ်ားတြင္ ေ႐ွ႕ေဆာင္လမ္းျပ ပါဝင္ၾကရန္ တိုက္တြန္းႏိႈးေဆာ္ထားသည္။

“ဒုကၡႀကံဳလာသူေတြ ေ႐ွ႕ေမွာက္မွာ တံခါးကို ေဆာင့္ပိတ္လုိက္တဲ့ အျပဳအမူမ်ိဳးဟာ ကၽြန္ေတာ္တုိ႔ တည္ေဆာက္ထားတဲ့ တန္ဖိုးဂုဏ္ရည္ကို ျပန္သစၥာေဖာက္လုိက္တာပဲ။ ကၽြန္ေတာ္တို႔ႏုိင္ငံဟာ ေဘးကင္းလံုၿခံဳမႈကို ႀကံရာမရ ရွာေဖြေနတဲ့ ဒုကၡသည္ေတြကို ႀကိဳဆို လက္ခံေပးႏုိင္ပါတယ္။ ကၽြန္ေတာ္တုိ႔ ဒါကို လုပ္လည္းလုပ္ႏုိင္တယ္။ လုပ္လည္္းလုပ္ရမွာ ျဖစ္ပါတယ္”ဟု အိုဘားမားက ေျပာၾကားခဲ့သည္။

ျပင္သစ္ အၾကမ္းဖက္မႈတြင္ ေသနတ္သမား ၇ ဦးကို လံုၿခံဳေရးမ်ားက သုတ္သင္ခဲ့ၿပီး ၎တို႔အနက္မွ တစ္ဦးသည္ ဒုကၡသည္အေနျဖင့္ ဂရိမွတစ္ဆင့္ ဥေရာပသို႔ ဝင္ေရာက္လာခဲ့ေၾကာင္း ေဖာ္ထုတ္ေတြ႕ရွိထားသည္။

ဆီးရီးယား ဒုကၡသည္ သန္းႏွင့္ခ်ီၿပီး ႏုိင္ငံအတြင္းမွ ထြက္ေျပးကာ ဥေရာပသို႔ ခိုဝင္ရန္ ႀကိဳးစားေနၾကၿပီး အေမရိကန္ျပည္ေထာင္စုက လာမည့္ ၁၂ လတာအတြင္း ဒုကၡသည္ တစ္ေသာင္းမွ်ကို ခြဲေဝလက္ခံေပးသြားမည္ဟု ကတိျပဳထားသည္။

ပါရီ တိုက္ခုိက္မႈႀကီးအၿပီးတြင္မူ အလာဘားမား၊ အရီဇိုးနား၊ အာကန္ဆက္စ္၊ ဖေလာ္ရီဒါ၊ ေဂ်ာ္ဂ်ီယာ၊ အီလီႏြိဳက္စ္၊ အင္ဒီယားနား၊ အိုင္ယိုဝါ၊ လူဝီစီးယားနား၊ မက္ဆာခ်ဴးဆက္၊ မစ္ခ်ီဂန္၊ မစၥစၥပီ၊ နယူးဟမ့္႐ိႈင္းယား၊ ေျမာက္ပိုင္း ကာ႐ိုလိုင္းနား၊ အိုဟိုင္ယို၊ တကၠဆက္စ္ႏွင့္ ဝါရွင္တန္ ျပည္နယ္မ်ားက ဆီးရီးယားဒုကၡသည္မ်ား လက္ခံေရးကို ျငင္းဆန္လာခဲ့ၾကသည္။

ႏိုဝင္ဘာ ၁၆ ရက္တြင္ အုိင္အက္စ္အဖြဲ႕က ပါရီတိုက္ခုိက္မႈ အထေျမာက္ခဲ့သည့္ ေအာင္ပြဲခံဗီဒီယိုကို ထုတ္လႊင့္ခဲ့ရာ အေမရိကန္ျပည္ေထာင္စုကိုပါ ၿခိမ္းေျခာက္ထားသည္။ ပါရီတိုက္ခုိက္မႈ ျဖစ္ပြားၿပီးေနာက္ အေမရိကန္ ျပည္ေထာင္စုတြင္ အလံမ်ားကို တိုင္တစ္ဝက္ခ် လႊင့္ထူကာ ဝမ္းနည္းျခင္း အထိမ္းအမွတ္ကို ျပသခဲ့ေၾကာင္းလည္း သိရွိရသည္။

Ref: CNN
7DayDaily
ပါရီတိုက်ခိုက်မှုကြောင့် ဆီးရီးယား ဒုက္ခသည်များ လက်ခံရေးကို အမေရိကန် ပြည်နယ်များ ငြင်းဆို


ဆီးရီးယား ဒုက္ခသည်များ ခွဲဝေလက်ခံသည့် အစီအစဉ်ကို ဆက်လက် အကောင်အထည်ဖော်ရန် အမေရိကန်ရှိ ပြည်နယ် အများအပြားက ငြင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုကြီး အပြီးတွင် လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်လာပြီးနောက် ဒုက္ခသည်များ လက်ခံရေးကိစ္စကို အမေရိကန် ပြည်နယ်များက လိုလားကြိုဆိုမှု မရှိတော့ချေ။

နိုဝင်ဘာ ၁၃ ရက်က ပါရီတွင် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့၏ အကြမ်းဖက်သမားများက ကွန်မန်ဒိုဆန်ဆန် စီးနင်းတိုက်ခိုက်ခဲ့ရာတွင် လူပေါင်း ၁၂၉ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့သည်။
အဆိုပါ အကြမ်းဖက်သမားများသည် ဆီးရီးယား ရွှေ့ပြောင်းဒုက္ခသည်များနှင့် ရောနှောပြီး ဝင်ရောက်လာသည်ဟု ယုံကြည်ရသည်။

မစ်ချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ခ်ဆင်းဒါးက နောက်ထပ် အစီရင်ခံသုံးသပ်ချက်များ မပြုလုပ်မီ ရွှေ့ပြောင်းဒုက္ခသည်များ လက်ခံမှုကို ရပ်ဆိုင်းထားမည်ဟု ပြောကြားခဲ့သည်။ အလားဘားမား၊ တက္ကဆက်စ်နှင့် အခြားသော ပြည်နယ် အချို့ကလည်း အလားတူ ကြေညာချက်များ ထုတ်ပြန်ခဲ့သော်လည်း အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၏ မူဝါဒပိုင်းအရ အဆိုပါ ဆိုင်းငံ့မှုများ တရားဝင် ဟုတ်မဟုတ် မကွဲပြားဘဲ ဖြစ်နေသည်။

ပြည်တွင်းစစ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရွှေ့ပြောင်းဒုက္ခသည်များကို ဥရောပနိုင်ငံများနှင့် အမေရိကန်တို့က ခွဲဝေလက်ခံသွားရန် သဘောတူညီထားသည်။ သမ္မတ ဘာရတ်အိုဘားမားက အမေရိကန်ပြည်သူများ အနေဖြင့် လူသားချင်း စာနာသော အကူအညီ ပေးမှုများတွင် ရှေ့ဆောင်လမ်းပြ ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

“ဒုက္ခကြံုလာသူတွေ ရှေ့မှောက်မှာ တံခါးကို ဆောင့်ပိတ်လိုက်တဲ့ အပြုအမူမျိုးဟာ ကျွန်တော်တို့ တည်ဆောက်ထားတဲ့ တန်ဖိုးဂုဏ်ရည်ကို ပြန်သစ္စာဖောက်လိုက်တာပဲ။ ကျွန်တော်တို့နိုင်ငံဟာ ဘေးကင်းလုံခြံုမှုကို ကြံရာမရ ရှာဖွေနေတဲ့ ဒုက္ခသည်တွေကို ကြိုဆို လက်ခံပေးနိုင်ပါတယ်။ ကျွန်တော်တို့ ဒါကို လုပ်လည်းလုပ်နိုင်တယ်။ လုပ်လည််းလုပ်ရမှာ ဖြစ်ပါတယ်”ဟု အိုဘားမားက ပြောကြားခဲ့သည်။

ပြင်သစ် အကြမ်းဖက်မှုတွင် သေနတ်သမား ရ ဦးကို လုံခြံုရေးများက သုတ်သင်ခဲ့ပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဒုက္ခသည်အနေဖြင့် ဂရိမှတစ်ဆင့် ဥရောပသို့ ဝင်ရောက်လာခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိထားသည်။

ဆီးရီးယား ဒုက္ခသည် သန်းနှင့်ချီပြီး နိုင်ငံအတွင်းမှ ထွက်ပြေးကာ ဥရောပသို့ ခိုဝင်ရန် ကြိုးစားနေကြပြီး အမေရိကန်ပြည်ထောင်စုက လာမည့် ၁၂ လတာအတွင်း ဒုက္ခသည် တစ်သောင်းမျှကို ခွဲဝေလက်ခံပေးသွားမည်ဟု ကတိပြုထားသည်။

ပါရီ တိုက်ခိုက်မှုကြီးအပြီးတွင်မူ အလာဘားမား၊ အရီဇိုးနား၊ အာကန်ဆက်စ်၊ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ အီလီနွိုက်စ်၊ အင်ဒီယားနား၊ အိုင်ယိုဝါ၊ လူဝီစီးယားနား၊ မက်ဆာချူးဆက်၊ မစ်ချီဂန်၊ မစ္စစ္စပီ၊ နယူးဟမ့်ရှိုင်းယား၊ မြောက်ပိုင်း ကာရိုလိုင်းနား၊ အိုဟိုင်ယို၊ တက္ကဆက်စ်နှင့် ဝါရှင်တန် ပြည်နယ်များက ဆီးရီးယားဒုက္ခသည်များ လက်ခံရေးကို ငြင်းဆန်လာခဲ့ကြသည်။

နိုဝင်ဘာ ၁၆ ရက်တွင် အိုင်အက်စ်အဖွဲ့က ပါရီတိုက်ခိုက်မှု အထမြောက်ခဲ့သည့် အောင်ပွဲခံဗီဒီယိုကို ထုတ်လွှင့်ခဲ့ရာ အမေရိကန်ပြည်ထောင်စုကိုပါ ခြိမ်းခြောက်ထားသည်။ ပါရီတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အမေရိကန် ပြည်ထောင်စုတွင် အလံများကို တိုင်တစ်ဝက်ချ လွှင့်ထူကာ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပြသခဲ့ကြောင်းလည်း သိရှိရသည်။

Ref: CNN
7Day

No comments:

Post a Comment