ျမန္မာအစိုးရဟာ အစိုးရေခါင္းေဆာင္ေတြနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ၾကား ေနာက္တက္လာမယ့္ အစိုးရအတြက္ အာဏာလႊဲေျပာင္းေရး ေဆြးေႏြးပြဲမလုပ္ခင္ တလေက်ာ္ အခ်ိန္ယူမယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ျမန္မာျပန္ၾကားေရး၀န္ႀကီး ဦးရဲထြဋ္ ကို ဗြီအိုေအျမန္မာပိုင္း အစီအစဥ္ကေန ဗုဒၶဟူးေန႔က ေတြ႔ဆံုေမးျမန္းရာမွာ ဒီလိုစီစဥ္ထားတဲ့ အခ်ိန္ဇယားနဲ႔ပတ္သက္ၿပီး စိုးရိမ္စရာ ဘာမွ မရွိပါဘူးလို႔ ေျပာဆိုလိုက္ပါတယ္။
“က်ေနာ္တို႔ လက္ရွိအေျခအေနကေတာ့ က်ေနာ္တို႔ ဘာမွ မျမင္ရဘူးေပါ့ေနာ္။ က်ေနာ္တို႔ စိုးရိမ္စရာေတာ့ မေတြ႔ပါဘူး။ ေနာက္တခုက သမၼတႀကီးကလည္း အၿမဲတမ္းေျပာတယ္။ ဒီၾကားကာလ တည္ၿငိမ္မွႈ အေျခအေနကို ၀ိုင္း၀န္းထိန္းသိမ္းသြားမယ္လို႔ က်ေနာ္တို႔ကို ေျပာထားတာရွိတယ္။ တဘက္ကလည္း ေဒၚေအာင္ဆန္းစုၾကည္တို႔ ကိုယ္တိုင္က သူ႔ပါတီ ေထာက္ခံသူေတြကို တည္တည္ၿငိမ္ၿငိမ္ ေအးေအးခ်မ္းခ်မ္း ေနၾကဖို႔ တိုက္တြန္းေနတာ ရွိတယ္။ ျပည္သူအမ်ားစုကလည္း ဒီအခ်ိန္မွာ တိုင္းျပည္တည္ၿငိမ္ဖို႔ဆိုတာ အေရးႀကီးဆံုးလို႔ ျမင္တဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္ထင္တယ္ ႀကီးႀကီးမားမားေတာ့ ဘာမွ စိုးရိမ္စရာ မရွိဘူးလို႔ ျမင္ပါတယ္။”
အတိုက္ခံပါတီေခါင္းေဆာင္အေနနဲ႔ မၾကာေသးခင္ကပဲ ႏိုင္ငံေတာ္ သမၼတ၊ ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ လႊတ္ေတာ္ဥကၠဌတို႔ကို ေတြ႔ဆံုဖို႔ အဆိုျပဳထားတဲ့ ကိစၥကိုလည္း အခုႏွစ္ကုန္ပိုင္းမွာ ေတြ႔ၾကပါလိမ့္မယ္။ ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ကေန လုပ္ငန္း အၿပီးသတ္ၿပီးခ်ိန္မွာ ေတြ႔ၾကမွာ ျဖစ္ပါတယ္လို႔ ၀န္ႀကီး ဦးရဲထြဋ္က ေျပာပါတယ္။
“ေရြးေကာက္ပြဲေကာ္မရွင္က သူ႔ရဲ႕လုပ္ငန္းအၿပီးသတ္ဖို႔ ၄၅ ရက္ သတ္မွတ္ထားပါတယ္။ ဒါေၾကာင့္ ေကာ္မရွင္ရဲ႕ လုပ္ငန္းအခ်ိန္ယူဖို႔ တြက္ဆထားတာေၾကာင့္ ေတြ႔ဆံုေဆြးေႏြးမႈဟာ ၄၅ ရက္ ေနာက္ပိုင္းမွာမွ ျဖစ္ပါလိမ့္မယ္။”
ျမန္မာသတင္းမီဒီယာေတြမွာေတာ့ အာဏာရ USDP ျပည္ခိုင္ျဖိဳးပါတီရဲ႕ ထိပ္တန္းပါတီ၀င္တဦးကို ကိုးကားၿပီး သူတို႔ပါတီက အႏိုင္ရ NLD ကိုယ္စားလွယ္ေတြအေပၚ ေရြးေကာက္ပြဲ တိုင္တန္းခ်က္ေတြ ၁၀၀ နီးပါး ရွိႏိုင္တယ္လို႔ ေဖာ္ျပၾကပါတယ္။
ဒီတိုင္တန္းခ်က္ေတြကို ေရြးေကာက္ပြဲ ေကာ္မရွင္က စံုစမ္းစစ္ေဆးမွာျဖစ္ၿပီး တကယ္လို႔ ေရြးေကာက္ခံ ကိုယ္စားလွယ္ အျဖစ္ကေန ပယ္ဖ်က္ခံရမယ္ဆိုရင္ လႊတ္ေတာ္ ၂ ရပ္စလံုးမွာ NLD ရဲ႕ အသာစီးရမႈကို ထိခိုက္ႏိုင္ပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနရဲ႕ ေျပာခြင့္ရသူကေတာ့ ေရြးေကာက္ပြဲ ျပသနာေတြကို ေျဖရွင္းရာမွာ မူမမွန္မႈေတြ ရွိတယ္ဆိုတဲ့သတင္းေတြ အခုထိမရရွိေသးပါဘူးလို႔ ေျပာပါတယ္။
က်ေနာ္တို႔နားလည္ထားသေလာက္ေတာ့ ျပႆနာေတြကို ေျဖရွင္းတဲ့ေနရာမွာ အစပိုင္းသာ ရွိေနေသးၿပီး ေရြးေကာက္ပြဲ တိုင္တန္းခ်က္ေတြကို လက္ခံေနဆဲ ရွိတယ္ဆိုတာပါပဲ။ အဲဒီလို တိုင္တန္းခ်က္ေတြကို ေျဖရွင္းေပးတဲ့ ေနရာမွာ လွ်င္ျမန္ၿပီး ပြင့္လင္းျမင္သာမႈရွိဖို႔၊ ေျပေျပျပစ္ျပစ္ ေျဖရွင္းႏိုင္ေအာင္ လုပ္ေဆာင္ၾကဖို႔ ဘက္ေပါင္းစံုကို အေမရိကန္ျပည္ေထာင္စုက တိုက္တြန္းပါတယ္။ အေမရိကန္ျပည္ေထာင္စုနဲ႔ ႏိုင္ငံတကာ အကဲခတ္ေတြက ဒီျဖစ္စဥ္ကို နီးနီးကပ္ကပ္ ေစာင့္ၾကည့္သြားမွာ ျဖစ္ပါတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာခြင့္ရသူ John Kirby က VOA ကို ဗုဒၶဟူးေန႔မွာ ေျပာဆိုပါတယ္။
ဗီြအိုေအ (ျမန္မာပိုင္း)
http://burmese.voanews.com
............................................
ေရွးကောက်ပွဲတိုင်တန်းချက်တွေ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ အမေရိကန်တိုက်တွန်း
မြန်မာအစိုးရဟာ အစိုးရခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား နောက်တက်လာမယ့် အစိုးရအတွက် အာဏာလွှဲပြောင်းရေး ဆွေးနွေးပွဲမလုပ်ခင် တလကျော် အချိန်ယူမယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကို ဗွီအိုအေမြန်မာပိုင်း အစီအစဉ်ကနေ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမေးမြန်းရာမှာ ဒီလိုစီစဉ်ထားတဲ့ အချိန်ဇယားနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ဘာမှ မရှိပါဘူးလို့ ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ လက်ရှိအခြေအနေကတော့ ကျနော်တို့ ဘာမှ မမြင်ရဘူးပေါ့နော်။ ကျနော်တို့ စိုးရိမ်စရာတော့ မတွေ့ပါဘူး။ နောက်တခုက သမ္မတကြီးကလည်း အမြဲတမ်းပြောတယ်။ ဒီကြားကာလ တည်ငြိမ်မှှု အခြေအနေကို ၀ိုင်းဝန်းထိန်းသိမ်းသွားမယ်လို့ ကျနော်တို့ကို ပြောထားတာရှိတယ်။ တဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်က သူ့ပါတီ ထောက်ခံသူတွေကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေကြဖို့ တိုက်တွန်းနေတာ ရှိတယ်။ ပြည်သူအများစုကလည်း ဒီအချိန်မှာ တိုင်းပြည်တည်ငြိမ်ဖို့ဆိုတာ အရေးကြီးဆုံးလို့ မြင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်ထင်တယ် ကြီးကြီးမားမားတော့ ဘာမှ စိုးရိမ်စရာ မရှိဘူးလို့ မြင်ပါတယ်။”
အတိုက်ခံပါတီခေါင်းဆောင်အနေနဲ့ မကြာသေးခင်ကပဲ နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ဥက္ကဌတို့ကို တွေ့ဆုံဖို့ အဆိုပြုထားတဲ့ ကိစ္စကိုလည်း အခုနှစ်ကုန်ပိုင်းမှာ တွေ့ကြပါလိမ့်မယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ လုပ်ငန်း အပြီးသတ်ပြီးချိန်မှာ တွေ့ကြမှာ ဖြစ်ပါတယ်လို့ ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က သူ့ရဲ့လုပ်ငန်းအပြီးသတ်ဖို့ ၄၅ ရက် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းအချိန်ယူဖို့ တွက်ဆထားတာကြောင့် တွေ့ဆုံဆွေးနွေးမှုဟာ ၄၅ ရက် နောက်ပိုင်းမှာမှ ဖြစ်ပါလိမ့်မယ်။”
မြန်မာသတင်းမီဒီယာတွေမှာတော့ အာဏာရ USDP ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းပါတီဝင်တဦးကို ကိုးကားပြီး သူတို့ပါတီက အနိုင်ရ NLD ကိုယ်စားလှယ်တွေအပေါ် ရွေးကောက်ပွဲ တိုင်တန်းချက်တွေ ၁၀၀ နီးပါး ရှိနိုင်တယ်လို့ ဖော်ပြကြပါတယ်။
ဒီတိုင်တန်းချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးမှာဖြစ်ပြီး တကယ်လို့ ရွေးကောက်ခံ ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ခံရမယ်ဆိုရင် လွှတ်တော် ၂ ရပ်စလုံးမှာ NLD ရဲ့ အသာစီးရမှုကို ထိခိုက်နိုင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရသူကတော့ ရွေးကောက်ပွဲ ပြသနာတွေကို ဖြေရှင်းရာမှာ မူမမှန်မှုတွေ ရှိတယ်ဆိုတဲ့သတင်းတွေ အခုထိမရရှိသေးပါဘူးလို့ ပြောပါတယ်။
ကျနော်တို့နားလည်ထားသလောက်တော့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အစပိုင်းသာ ရှိနေသေးပြီး ရွေးကောက်ပွဲ တိုင်တန်းချက်တွေကို လက်ခံနေဆဲ ရှိတယ်ဆိုတာပါပဲ။ အဲဒီလို တိုင်တန်းချက်တွေကို ဖြေရှင်းပေးတဲ့ နေရာမှာ လျှင်မြန်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့၊ ပြေပြေပြစ်ပြစ် ဖြေရှင်းနိုင်အောင် လုပ်ဆောင်ကြဖို့ ဘက်ပေါင်းစုံကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်းပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အကဲခတ်တွေက ဒီဖြစ်စဉ်ကို နီးနီးကပ်ကပ် စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ John Kirby က VOA ကို ဗုဒ္ဓဟူးနေ့မှာ ပြောဆိုပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
No comments:
Post a Comment