Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 19, 2015



ဓာတ်ပုံ - မူရင်းတင်သူ

7Day News Journal
................
ယခုတင်ထားသော ကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရဲတပ်ဖွဲ့တို့ကိုစုံစမ်းခိုင်းလိုက်ပါတယ်။ ဗိုလ်မှူးတစ်ယောက်ရဲ့ နေအိမ်ဖြစ်ကြောင်း၊ ဗိုလ်မှူးမှာ နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြောင်း၊ ဗိုလ်မှူး၏ဇနီးမှာ ကလေးမွေးဖွားထားသည်မှာ (၄)ရက်ခန့်သာရှိသေးကြောင်း၊ ရိုက်နှက်သူမှာ ဒေါ်သန်းနွယ် (အိမ်ဖော်)ဖြစ်ကြောင်း၊ ရိုက်ခံရသူမှာ ဒေါ်သန်းနွယ်၏တူမ မစုဝေ (၈)နှစ်ဖြစ်ကြောင်း၊ ဒေါ်သန်းနွယ်မှာယင်းနေအိမ်တွင် အိမ်ဖော်လုပ် နေသည်မှာ (၃)နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ အိမ်ရှင်အမျိုးသမီးမီးဖွားရာတွင် အထောက်အကူရစေရေးအတွက် မစုဝေအား ခေါ်ထားသည်မှာ (၂)လခန့်ရှိပြီဖြစ်ကြောင်း၊ အိမ်ရှင်မှရိုက်နှက်ခြင်းမရှိကြောင်း၊ ယနေ့ ၁၁၃၀ ချိန်ခန့်တွင် ဒေါ်သန်းနွယ်နှင့် မစုဝေတို့ တောင်ငူသို့ပြန်သွားကြောင်း၊ ဗဟန်းရဲစခန်းမှလည်း လာရောက်စစ်ဆေးသွားကြောင်းသိရပါတယ်။
အဒေါ်ဖြစ်သူ၏နေရပ်လိပ်စာအားဆက်လက်စုံစမ်းနေပါတယ်။ အပြစ်ရှိသူကို အပြစ်ရစေဖို့ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သားသမီးချင်းစာနာစွာဖြင့်လည်းကောင်း၊ လူသားချင်းစာနာစွာဖြင့်လည်းကောင်း ဖြစ်စဉ်ကိုဖော်ထုတ်ပေးသူများ၊ ပို့စ်တင်ပေးသူများ၊ သတင်းဖြန့်ဝေ share ပေးကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား။
Credit Thet Noung
..................................................................
“ဖေ့ဘွတ်ခ်တွင်ပျံ့နှံ့နေသည့်ကလေးငယ်အားညှင်းပန်းနှိပ်စက်နေသော နေအိမ်ကို ရဲတပ်ဖွဲ့နှင့်လူကုန်ကူးတားဆီးရေးအဖွဲ့များသွားရောက်စစ်ဆေး”
ဖေ့ဘွတ်ခ်စာမျက်နှာတွင်ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသော ၈နှစ်အရွယ်ကလေး ငယ်တစ်ဦးကို ကိုယ်လုံးတီးဖြင့် ကြိုးတုပ်ရိုက်နှက်နေသည့်ပုံကိုတွေ့ရှိပြီး အနီးပတ်ဝန်းကျင်မှလည်း တိုင်ကြားသဖြင့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းသွယ်မှ နေအိမ်ကို ဗဟန်းမြို့နယ်ရဲစခန်းမှတာဝန်ရှိသူများနှင့် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးအဖွဲ့တို့မှတာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း 7Day သတင်းထောက်က သတင်းပေးပို့သည်။
ရဲတပ်ဖွဲ့ဝင်များရောက်ရှိချိန်တွင် ထိုအိမ်၌ ကလေးငယ်နှင့် နှိပ်စက်ခဲ့သူတို့ ရှိမနေတော့ကြောင်း သတင်းထောက်ကဆိုသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ဓာတ်ပုံတွင်တွေ့ရသူမှာ အဆိုပါအိမ်မှ အိမ်ဖော်ဖြစ်သူ မသန်းနွဲ့ဆိုသူဖြစ်ပြီး တောင်ငူမှ သူမခေါ်လာသော တူမဖြစ်သူကို ရိုက်နှက်နေခြင်းဖြစ်ကြောင်း အိမ်ရှင်က ပြောကြားခဲ့သည်ဟုဆိုသည်။မသန်းနွဲ့က တူမဖြစ်သူကို ရိုက်နှက်လေ့ရှိပြီး အမြင်မတော်သဖြင့် ဘေးအိမ်မှ တားဆီးခဲ့သော်လည်း ရပ်သွားခြင်းမရှိသဖြင့် ယနေ့ နံနက်ပိုင်းက ဗဟန်းမြို့နယ် ရဲစခန်းသို့ တိုင်ကြားခဲ့ရာ နံနက်ပိုင်းက ဗဟန်းမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများက ပထမအကြိမ် လာရောက်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
ထိုသို့ ပထမအကြိမ်လာရောက်ပြီးနောက် အိမ်ဖော်ဖြစ်သူ မသန်းနွဲ့မှာ အိမ်ရှင်ထံမှ ငွေကျပ်တစ်သောင်းတောင်း၍ တူမဖြစ်သူဟုဆိုသော ကလေးငယ်ကို ခေါ်ဆောင်ကာတောင်ငူသို့ပြန်ရန်ထွက်သွားခဲ့ပြီး ရဲစခန်းမှတာဝန်ရှိသူများ ဒုတိယအကြိမ်လာရောက်သည့် အခါတွင် အိမ်ဖော်ဖြစ်သူနှင့် ကလေးငယ်တို့ ထိုနေအိမ်တွင်မရှိတော့ကြောင်း သတင်းရရှိသည်။
အိမ်ရှင်ဖြစ်သူကမသန်းနွဲ့သည်တူမဖြစ်သူကိုစကားနားမထောင်သဖြင့်ရိုက်နှက်
ခြင်းဖြစ်သဖြင့် မတားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုဆိုသည်။
အဆိုပါ မိန်းကလေးငယ်အား ရိုက်နှက်ညှင်းပန်းနေသည်ကို အမြင်မတော် သဖြင့် တားမြစ်ခဲ့သော်လည်း မချေမငံပြောဆို ကာ နှိပ်စက်မြဲနှိပ်စက်နေ သဖြင့် အိမ်နီးချင်းဖြစ်သူကဓာတ်ပုံနှင့် တကွ ဖေ့ဘွတ်ခ်တွင် တင်ခဲ့ခြင်းဖြစ်သည်ဟုဆိုထားသည်။
နှိပ်စက်ရာတွင် တစ်ကိုယ်လုံးကို အကျီများချွတ်ကာ နေပူထဲတွင် ဒူးထောက်ကာ အချိန်အကြာကြီးနေစေခြင်း၊ လက်ပြန်ကြိုးတိုပ်ကာ ရိုက်နှက်ခြင်း ၊ ပါးစပ်တွင်းသို့ ဆားများလောင်းထည့် အပြစ်ပေးခြင်း တို့လုပ်ဆောင်သည်ဟု မျက်မြင်တွေ့ရှိသည့် အိမ်နီးချင်း က ဖေ့ဘွတ်ခ် တွင် ရေးသားထားသည်။
ဓာတ်ပုံ - မူရင်းတင်သူ

7Day News Journal





ဗဟန်း နှိပ်စက်မှု့ အမှု့မှန် ပေါ်စေချင်မနေ့က ဖြစ်ခဲ့တဲ့ အိမ်ဖော်မလေး နှိပ်စက်မှု့ ဖြစ်စဉ်မှာ သတင်းထုတ်ပြန်ချက်အရ သာမန် အမှု...
Posted by The Melting Pot 4 U on Friday, 20 November 2015

No comments:

Post a Comment