Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ တုိင္းရင္းသားေခါင္းေဆာင္မ်ား ေတြ႕ဆံုရန္ရွိ

အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ အပစ္ရပ္လက္မွတ္ထုိးထားသည့္ တုိင္းရင္းသားေခါင္းေဆာင္မ်ား ႏိုဝင္ဘာ တတိယအပတ္အတြင္း ေနျပည္ေတာ္တြင္ ေတြ႕ဆံုရန္ ရွိေနသည္ဟု အမည္မေဖာ္လိုသည့္ တုိင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္တစ္ဦးက ေျပာသည္။
"ကြၽန္ေတာ္တို႔ လက္မွတ္ေရးထိုးထားတဲ့ အဖြဲ႔ ၈ ဖြဲ႔က ကိုယ္စားလွယ္ေတြ ေရြးခ်ယ္ၿပီးေတာ့ ေတြ႔မွပါ။ ဘယ္ေန႔ေတြ႔မလဲ ဆိုတာေတာ့ မေသခ်ာေသးဘူး။ ေနျပည္ေတာ္မွာပဲ ေတြ႔ျဖစ္လိမ့္မယ္။ ကြၽန္ေတာ္တို႔ အစည္းအေဝး အၿပီးေပါ့။ အဲ့ေလာက္ ျဖစ္ႏိုင္မယ္ထင္ပါတယ္"ဟု ၎က ေျပာသည္။
၂၀၁၅ အေထြေထြေရြးေကာက္ပြဲတြင္ အႏုိင္ရေနသည့္ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ဥကၠ႒ကို ဂုဏ္ျပဳ စကားေျပာရန္ ႏွင့္ ၿငိမ္းခ်မ္းေရးအတြက္ ေရွ႕ဆက္လုပ္ေဆာင္ရမည့္ လုပ္ငန္းစဥ္မ်ားကို ေဆြးေႏြးရန္ ေတြ႕ဆံုရျခင္း ျဖစ္သည္ဟုလည္း ၎က ေျပာသည္။
ယင္းေတြ႕ဆံုမႈကို အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)ဘက္ကမူ အတည္ျပဳေပးျခင္း မရွိေသးေပ။
အပစ္ရပ္လက္မွတ္ထိုးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႕ ၈ဖြဲ႕သည္ အစိုးရ ႏွင့္ ျပည္ေထာင္စုအဆင့္ ႏုိင္င့ေရးေဆြးေႏြးပြဲ ပူးေပါင္းေကာ္မတီ အစည္းအေဝးကို ႏုိဝင္ဘာ ၁၇၊ ၁၈ ၌ ေနျပည္ေတာ္ရွိ Horizon Lake View hotel၊ အေဆာင္ (၂) တြင္ နံနက္ (၉) မွစတင္၍ က်င္းပျပဳလုပ္မည္သည္။
အပစ္ရပ္လက္မွတ္ထုိးထားသည့္ အဖြဲ႕ ၈ဖြဲ႕သည္ ပအုိဝ္းအမ်ဳိးသားလြတ္ေျမာက္ေရးအဖြဲ႕ (PNLO)၊ ကရင္အမ်ဳိးသားအစည္းအ႐ံုး(KNU)၊ ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ (KUN/KNLA-PC)၊ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ/ရွမ္းတပ္မေတာ္ (RCSS/SSA)၊ ဒီမိုကေရစီအက်ဳိးျပဳ ကရင့္တပ္မေတာ္ (DKBA)၊ ခ်င္းအမ်ဳိးသားတပ္ဦး (CNF)၊ ျမန္မာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ားဒီမုိကရက္တစ္တပ္ဦး (ABSDF)၊ ရခုိင္လြတ္ေျမာက္ေရးပါတီ (ALP)တုိ႔ျဖစ္သည္။
- mizzima burmese
.................
ဒေါ်အောင်ဆန်းစုကြည် နှင့် တိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံရန်ရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားခေါင်းဆောင်များ နိုဝင်ဘာ တတိယအပတ်အတွင်း နေပြည်တော်တွင် တွေ့ဆုံရန် ရှိနေသည်ဟု အမည်မဖော်လိုသည့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက ပြောသည်။
"ကျွန်တော်တို့ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့က ကိုယ်စားလှယ်တွေ ရွေးချယ်ပြီးတော့ တွေ့မှပါ။ ဘယ်နေ့တွေ့မလဲ ဆိုတာတော့ မသေချာသေးဘူး။ နေပြည်တော်မှာပဲ တွေ့ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ အစည်းအဝေး အပြီးပေါ့။ အဲ့လောက် ဖြစ်နိုင်မယ်ထင်ပါတယ်"ဟု ၎င်းက ပြောသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌကို ဂုဏ်ပြု စကားပြောရန် နှင့် ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးရန် တွေ့ဆုံရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ယင်းတွေ့ဆုံမှုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဘက်ကမူ အတည်ပြုပေးခြင်း မရှိသေးပေ။
အပစ်ရပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့သည် အစိုးရ နှင့် ပြည်ထောင်စုအဆင့် နိုင်င့ရေးဆွေးနွေးပွဲ ပူးပေါင်းကော်မတီ အစည်းအဝေးကို နိုဝင်ဘာ ၁၇၊ ၁၈ ၌ နေပြည်တော်ရှိ Horizon Lake View hotel၊ အဆောင် (၂) တွင် နံနက် (၉) မှစတင်၍ ကျင်းပပြုလုပ်မည်သည်။
အပစ်ရပ်လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ဖွဲ့သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KUN/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းတပ်မတော် (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)တို့ဖြစ်သည်။
- mizzima burmese

No comments:

Post a Comment