Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 20, 2015

အစိုးရ ေလးမ်ိဳး ေလးစား ႐ွိတယ္လို႔ က်မ ေျပာခဲ့ဖူးတာ လူေတြက မွတ္မိေနၾကပါတယ္။

ေအာက္ဆုံးကေန စၿပီး ေျပာရမယ္ ဆိုရင္
ႏိုင္ငံသားေတြက မုန္းၿပီး ရြ႔ံ႐ွာတဲ့ အစိုးရ၊
ဒုတိယ အစိုးရမ်ိဳးကေတာ့
ႏိုင္ငံသားေတြက ေၾကာက္ရြ႔ံေနၾကရတဲ့ အစိုးရ ၊
တတိယ အမ်ိဳးအစားကေတာ့ ျပည္သူက ခ်ီးမြမ္းေထာပနာ ျပဳခံရတဲ့ အစိုးရ ျဖစ္ပါတယ္။
ေနာက္ဆုံး အေကာင္းဆုံး အစိုးရကေတာ့
ျပည္သူလူထုက အစိုးရရယ္လို႔ ႐ွိေနမွန္းေတာင္မွ
မသိရေလာက္ေအာင္ အုပ္ခ်ဳပ္တတ္တဲ့
အစိုးရမ်ိဳးပဲ ျဖစ္ပါတယ္။
အဲသလို အစိုးရမ်ိဳးဟာ မာန္မာန မ႐ွိ တာဝန္ေက်ပြန္တဲ့ အစိုးရ
အုပ္တဲ့ ခ်ဳပ္တဲ့ ေနရာမွာ အုပ္ခ်ဳပ္ေနမွန္းေတာင္ ျပညိသူက မသိတဲ့ အစိုးရမ်ိဳးပဲ ျဖစ္ပါတယ္။
အစိုးရေကာင္းတစ္ရပ္ဟာ ျပည္သူေတြရဲ႕လိုအပ္ခ်က္ကုိ ျဖည့္ဆည္းေပးႏိုင္တဲ့ ျပည္သူ႔ဆီကေနၿပီးေတာ့ ရယူဖို႔ထက္ ေပးဆပ္ႏိုင္ဖို႔ အတြက္ အျပည့္အဝ တာဝန္ယူတဲ့ အုပ္ခ်ဳပ္သူေတြပဲ ျဖစ္တယ္လို႔ ယုံၾကည္တယ္။

(ေဒၚေအာင္ဆန္းစုၾကည္)
..............
အစိုးရ လေးမျိုး လေးစား ရှိတယ်လို့ ကျမ ပြောခဲ့ဖူးတာ လူတွေက မှတ်မိနေကြပါတယ်။

အောက်ဆုံးကနေ စပြီး ပြောရမယ် ဆိုရင်
နိုင်ငံသားတွေက မုန်းပြီး ရွ့ံရှာတဲ့ အစိုးရ၊
ဒုတိယ အစိုးရမျိုးကတော့
နိုင်ငံသားတွေက ကြောက်ရွ့ံနေကြရတဲ့ အစိုးရ ၊
တတိယ အမျိုးအစားကတော့ ပြည်သူက ချီးမွမ်းထောပနာ ပြုခံရတဲ့ အစိုးရ ဖြစ်ပါတယ်။
နောက်ဆုံး အကောင်းဆုံး အစိုးရကတော့
ပြည်သူလူထုက အစိုးရရယ်လို့ ရှိနေမှန်းတောင်မှ
မသိရလောက်အောင် အုပ်ချုပ်တတ်တဲ့
အစိုးရမျိုးပဲ ဖြစ်ပါတယ်။
အဲသလို အစိုးရမျိုးဟာ မာန်မာန မရှိ တာဝန်ကျေပွန်တဲ့ အစိုးရ
အုပ်တဲ့ ချုပ်တဲ့ နေရာမှာ အုပ်ချုပ်နေမှန်းတောင် ပြညိသူက မသိတဲ့ အစိုးရမျိုးပဲ ဖြစ်ပါတယ်။
အစိုးရကောင်းတစ်ရပ်ဟာ ပြည်သူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ပြည်သူ့ဆီကနေပြီးတော့ ရယူဖို့ထက် ပေးဆပ်နိုင်ဖို့ အတွက် အပြည့်အဝ တာဝန်ယူတဲ့ အုပ်ချုပ်သူတွေပဲ ဖြစ်တယ်လို့ ယုံကြည်တယ်။

(ဒေါ်အောင်ဆန်းစုကြည်)

No comments:

Post a Comment