Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 16, 2015

ကြၽန္ေတာ္တို႔က အတိုက္အခံအင္အားစုပဲ ဆက္ျဖစ္ေနမယ္’

ေရြးေကာက္ခံ မြန္ျပည္နယ္အမတ္ ေဒါက္တာေအာင္ႏိုင္ဦးႏွင့္ေတြ႕ဆံုျခင္း

Byသႏၲာလိႈင္On  Mon, 2015-11-16 06:30Issue No.No.919 Monday, November 16, 2015

 မြန္ျပည္နယ္လႊတ္ေတာ္ တြင္ အဆိုအမ်ားဆံုးတင္သြင္းခဲ့ သည့္ ေဒါက္တာေအာင္ႏိုင္ဦး သည္ ယခုေရြးေကာက္ပြဲ၌ မြန္ ေဒသလံုးဆိုင္ရာ ဒီမိုကေရစီပါတီ ကိုယ္စားျပဳ၍ ျပည္နယ္လႊတ္ ေတာ္ကိုယ္စားလွယ္ေလာင္း အျဖစ္ပင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရာ ပါတီတစ္ခုလံုး၌ တစ္ဦးတည္းအႏိုင္ရရွိသူလည္းျဖစ္သည္။

မြန္ေဒသလံုးဆိုင္ရာဒီမိုကေရစီပါတီသည္ ယခုေရြးေကာက္ပြဲတြင္ ေဒါက္တာေအာင္ႏိုင္ဦးမွလြဲ၍ က်န္မဲဆႏၵနယ္မ်ား၌ အႏိုင္ရခဲ့ျခင္းမရွိခဲ့ေပ။ မြန္ျပည္နယ္တြင္ မဲဆႏၵနယ္၄၅ ေနရာအနက္ အင္န္အယ္လ္ဒီက ေနရာ ၄၀ကုိ အႏိုင္ရရွိခဲ့ၿပီး က်န္မြန္သံုးပါတီအနက္ မြန္ေဒသလံုးဆုိင္ရာဒီမိုကေရစီပါတီက တစ္ေနရာ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။ ထုိ႔ေၾကာင့္ မြန္ျပည္နယ္တြင္ ရွားရွားပါးပါး ျပန္လည္အႏိုင္ရရွိခဲ့သည့္ မြန္တိုင္းရင္းသား ေဒါက္တာေအာင္ႏိုင္ဦးႏွင့္ ေတြ႕ဆုံေမးျမန္းခဲ့ပါသည္။

၂၀၁၅ ေရြးေကာက္ပြဲမွာ  အင္ အားႀကီးပါတီႏွစ္ခုကို  ႏိုင္ခဲ့တဲ့ ဆရာ့ရဲ႕မဲဆႏၵနယ္အေျခအေနကို ဘယ္လိုသံုးသပ္မိလဲ။
 ပါတီအေနနဲ႔ေျပာရရင္ မဲဆႏၵနယ္အမ်ားႀကီး  ႐ံႈးနိမ့္ခဲ့ တယ္။ ကြၽန္ေတာ့္မဲဆႏၵနယ္မွာက ကြၽန္ေတာ့္ပါတီထက္ ကြၽန္ေတာ္ ႏိုင္တယ္လို႔ပဲေျပာရမယ္။ ကြၽန္ ေတာ္က ျပည္သူေတြနဲ႔ကင္းကြာမႈ မရွိတဲ့အခါမွာ အင္အားႀကီးပါတီ ဝင္လာေတာ့လည္း ဆုိးဆိုးရြား ရြား ပရိသတ္ေလ်ာ့က်သြားတာ မရွိဘူး။ ကြၽန္ေတာ့္ရဲ႕ေဆာင္ရြက္ ခ်က္၊ ရပ္တည္မႈေတြကို ေထာက္ ခံအားေပးတဲ့လူရွိတယ္။ အရင္ လႊတ္ေတာ္သက္တမ္းတုန္းက ကြၽန္ေတာ့္မဲဆႏၵနယ္မွာ ဖြံ႕ၿဖိဳးေရးလုပ္ငန္းအတြက္ လမ္း၊ မီး၊ တံတားရရွိေရးကိစၥေတြ လုပ္ေပးခဲ့တယ္။ ဒါေၾကာင့္ ကြၽန္ေတာ့္ကို ျပည္သူလူထုေတြက ေထာက္ခံ အားေပးတယ္လို႔ ကြၽန္ေတာ္သံုး သပ္မိတယ္။

၂၀၁၀ လႊတ္ေတာ္သက္တမ္းမွာ ျပည္သူေတြအတြက္ ဘာေတြ လုပ္ေဆာင္ခဲ့လဲ။
ၿပီးခဲ့တဲ့ငါးႏွစ္အတြင္း ကြၽန္ ေတာ္အျပန္အလွန္ထိန္းေက်ာင္း မႈေတြလုပ္ခဲ့တယ္။ အစုိးရအဖြဲ႕ အစည္းေတြရဲ႕ ေဆာင္ရြက္ခ်က္ ေတြ၊ ေငြေၾကးသံုးစြဲမႈေတြကို အမ်ားႀကီး ကြၽန္ေတာ္ေစာင့္ၾကည့္ ခဲ့တယ္။ ဆုိလုိတာက ေလလြင့္ ဆံုး႐ႈံးမႈေတြ၊ အက်င့္ပ်က္ျခစားမႈ ေတြ၊ အဂတိလိုက္စားမႈေတြ ပေပ်ာက္ေရးအတြက္ ကြၽန္ေတာ္ လူထုဘက္ကေန လုပ္ေဆာင္ေပး ခဲ့တယ္။ ဥပမာအားျဖင့္ ေရးၿမိဳ႕ မွာရွိတဲ့ အံဒင္ေက်ာက္မီးေသြး ကိစၥေတြ၊ သံလြင္ျမစ္ဝမွာ သဲ ေသာင္တူးတဲ့ကိစၥေတြ၊ သံလြင္ ေရကာတာ တည္ေဆာက္မယ့္ ကိစၥေတြ  ကန္႔ကြက္ေပးခဲ့တယ္။ ေနာက္ၿပီး  ေက်ာင္းျပင္ပပညာ သင္ၾကားေရး၊ တိုင္းရင္းသားစာ ေပသင္ၾကားေရးေတြ၊ မြန္အမ်ဳိး သားေန႔မွာ ႐ံုးပိတ္ရက္ရရွိေပးဖို႔ အတြက္ ကြၽန္ေတာ္တို႔ေဆြးေႏြးခဲ့ တယ္။ ဒါေတြၿပီးခဲ့တဲ့ငါးႏွစ္တာ မွာ ကြၽန္ေတာ္လုပ္ခဲ့တယ္။ ၅၀ ရာခိုင္ႏႈန္းေလာက္လုပ္ဖို႔က်န္ရွိ ေနေသးတယ္။

လက္ရွိ မြန္ျပည္နယ္မွာ ေရာ္ဘာ ေစ်းကြက္က်ဆင္းေနတဲ့ျပႆနာ၊ေက်ာက္မုိင္းေတြ အဆမတန္ ထုတ္လုပ္ေရာင္းခ်ေနတာေတြ၊ အံဒင္ေက်ာက္မီးေသြးကိစၥက တိတိက်က်ေျဖရွင္းႏိုင္မႈအခုထိ မရွိေသးေတာ့ လာမယ့္သက္ တမ္းမွာ ကုိုယ္စားလွယ္ေလာင္း တစ္ေယာက္အေနနဲ႔ ဒီကိစၥေတြ ဘယ္လိုဆက္ေျဖရွင္းသြားမလဲ။
အံဒင္ေက်ာက္မီးေသြးစက္ ႐ံုက နမူနာတစ္ခုေလးပါ။ အမွန္ တကယ္က လူထုအေပၚမွာ ထိခိုက္လာမယ့္ စီးပြားေရးလုပ္ ငန္းေတြ၊ စီမံကိန္းႀကီးေတြက အမ်ားႀကီးရွိတယ္။ လူထုေပၚမွာ အက်ဳိးမဲ့ေစတဲ့အရာအားလံုးကုိ လူထုဘက္ကဆက္ၿပီးကာကြယ္ ေပးမယ္။ ေနာက္တစ္ခု ေရာ္ဘာ ေစ်းကြက္ကိစၥကို ကြၽန္ေတာ္တို႔ လည္း ေတာ္ေတာ္ေလးကိုေျပာခဲ့ တယ္။ တကယ္ကို စိုက္ပ်ဳိးေရးထြန္းကားတဲ့ ကြၽန္ေတာ္တို႔မြန္ ျပည္နယ္က ၿပီးခဲ့တဲ့ငါးႏွစ္မွာ အစိုးရဘက္က စီမံခ်က္တစ္ခု အေနနဲ႔ တိုးတက္ေအာင္၊ ေစ်း ကြက္ေရာက္ေအာင္ လုပ္ျပႏိုင္ ျခင္းမရွိခဲ့ဘူး။ ကြၽန္ေတာ္တို႔က ဘယ္ႏိုင္ငံေတြနဲ႔ခ်ိတ္ဆက္ၿပီး ေစ်းကြက္ရရွိေအာင္လုပ္မလဲဆို တာ တင္ျပေဆြးေႏြးေပးခဲ့တယ္။ ေက်ာက္မိုင္းကိစၥလည္း လႊတ္ ေတာ္မွာ ေတာ္ေတာ္ေဆြးေႏြးခဲ့ တယ္။ အစိုးရဘက္က တစိုက္ မတ္မတ္လုပ္ေပးခဲ့တာမရွိခဲ့ဘူး။ ကြၽန္ေတာ့္အေနနဲ႔ လာမယ့္ငါးႏွစ္ မွာ ဒါေတြကိုထြက္ေပါက္တစ္ခု ရေအာင္ အတတ္ႏိုင္ဆံုးႀကိဳးစား သြားမယ္။ တစ္ခုကေတာ့ ကြၽန္ ေတာ္တို႔က အတိုက္အခံအင္အား စုပဲ ဆက္ျဖစ္ေနမယ္။ တကယ္ကုိ ဦးေဆာင္ႏိုင္မယ့္ ပါတီေတြအေန နဲ႔ ကြၽန္ေတာ္တို႔ အေခ်ာေမြ႕ဆံုး ေျပာဆိုေဆြးေႏြးၿပီးေတာ့ ဒီဟာ ေတြကို လူထုဘက္က အခြင့္အေရး ရလာေအာင္၊ ေစ်းကြက္ရလာ ေအာင္ ဆက္ေဆာင္ရြက္ေပး မယ္။

မြန္ျပည္နယ္မွာ အလုပ္အကိုင္အခြင့္အလမ္းရွားပါးတယ္။ ေငြေဖာင္းပြမႈေတြရွိေနေတာ့ ဒါေတြကို လႊတ္ေတာ္ထဲေရာက္ရင္ စီမံခ်က္ဘယ္လိုေရးဆြဲဖို႔ရွိလဲ။
မြန္ျပည္နယ္မွာဆို အမ်ား အားျဖင့္ အလုပ္အကိုင္အခြင့္ အလမ္းက ရွားပါးေနဆဲပဲ။ တခ်ဳိ႕ က အလုပ္အကိုင္ရွိရဲ႕သားနဲ႔ သူ မ်ားႏိုင္ငံကိုသြားလုပ္တယ္ဆိုၿပီးကပ္ေျပာေနတာေတြလည္း ရွိ တယ္။  ကြၽန္ေတာ္တို႔အျမင္က လူတစ္ေယာက္ရဲ႕ တစ္ေန႔တာ အေျခခံဝင္ေငြနဲ႔ ကြၽန္ေတာ္တို႔ လုပ္ေနရတဲ့ အေျခခံလစာက မမွ် တဘူး။ အဲဒီမွာ ေရႊ႕ေျပာင္းလုပ္ သားေတြက ႏိုင္ငံတကာကိုထြက္ ၿပီး အလုပ္အကိုင္ရွာရတာရွိ တယ္။ ကြၽန္ေတာ္စဥ္းစားတာ ကိုယ့္မွာရွိတဲ့ ကုန္ထုတ္လုပ္ငန္း ေတြ ေစ်းကြက္ရလာေအာင္လုပ္ ရင္ေတာ့ အလုပ္အကိုင္အခြင့္ အလမ္းရရွိမွာပဲ။ ကြၽန္ေတာ္တို႔မွာ ရွိတဲ့ ကုန္ၾကမ္းေတြကို ဘယ္လို လုပ္ရင္ေကာင္းမလဲဆိုၿပီး စီမံ ခ်က္ေတာ့ လုပ္ထားရမယ္။ ျပည္ေထာင္စုအတုိင္းအတာနဲ႔ ေငြေၾကးေဖာင္းပြတာဆိုေတာ့ ဒီျပႆနာကို မြန္ျပည္နယ္မွာ ဘယ္လိုမွထိန္းလို႔မရဘူး။ ျပည္ေထာင္စုက ထိန္းမွရမယ္။

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ အပါအဝင္ ဝန္ႀကီးေတြ၊ ကိုယ္စားလွယ္ေလာင္းေတြ အခုေရြးေကာက္ပြဲမွာဆို အားလံုး႐ံႈးနိမ့္သြားတယ္။ ဒါေၾကာင့္ အစိုးရအဖြဲ႕အစည္းေတြက အသစ္ျပန္ဖြဲ႕ရေတာ့မယ္ဆုိေတာ့ ဆရာဆက္လုပ္ဖို႔ က်န္ရွိေနေသးတဲ့ အလုပ္ေတြက ေအာင္ျမင္ဖို႔ ရာခိုင္ႏႈန္းရွိပါ့မလား။
ေအာင္ျမင္ႏိုင္မယ္လို႔ ကြၽန္ ေတာ္ျမင္တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အရင္က ကြၽန္ေတာ့္ပါတီ က အစိုးရအဖြဲ႕ထဲမွာ လူအင္ အားမ်ားေပမယ့္ လုပ္ပိုင္ခြင့္သိပ္ မရခဲ့ဘူး။ အေျပာင္းအလဲရွိလာ ေတာ့မယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ တို႔ တိုင္းရင္းသားအတြက္ေရာ၊ အတုိက္အခံအတြက္ေရာ၊ အစိုးရ ကို ေစာင့္ၾကည့္တဲ့အပိုင္းေရာ ပိုၿပီးေအာင္ျမင္လာမယ္လို႔ ကြၽန္ ေတာ္ယံုၾကည္တယ္။
ေက်းဇူးတင္ပါတယ္။ ။
7Day Daily
........................
‘‘ကျွန်တော်တို့က အတိုက်အခံအင်အားစုပဲ ဆက်ဖြစ်နေမယ်’’

ရွေးကောက်ခံ မွန်ပြည်နယ်အမတ် ဒေါက်တာအောင်နိုင်ဦးနှင့်တွေ့ဆုံခြင်း

Byသန္တာလှိုင်On  Mon, 2015-11-16 06:30Issue No.No.919 Monday, November 16, 2015

 မွန်ပြည်နယ်လွှတ်တော် တွင် အဆိုအများဆုံးတင်သွင်းခဲ့ သည့် ဒေါက်တာအောင်နိုင်ဦး သည် ယခုရွေးကောက်ပွဲ၌ မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကိုယ်စားပြု၍ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်လောင်း အဖြစ်ပင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပါတီတစ်ခုလုံး၌ တစ်ဦးတည်းအနိုင်ရရှိသူလည်းဖြစ်သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ယခုရွေးကောက်ပွဲတွင် ဒေါက်တာအောင်နိုင်ဦးမှလွဲ၍ ကျန်မဲဆန္ဒနယ်များ၌ အနိုင်ရခဲ့ခြင်းမရှိခဲ့ပေ။ မွန်ပြည်နယ်တွင် မဲဆန္ဒနယ်၄၅ နေရာအနက် အင်န်အယ်လ်ဒီက နေရာ ၄၀ကို အနိုင်ရရှိခဲ့ပြီး ကျန်မွန်သုံးပါတီအနက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက တစ်နေရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မွန်ပြည်နယ်တွင် ရှားရှားပါးပါး ပြန်လည်အနိုင်ရရှိခဲ့သည့် မွန်တိုင်းရင်းသား ဒေါက်တာအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

၂၀၁၅ ရွေးကောက်ပွဲမှာ  အင် အားကြီးပါတီနှစ်ခုကို  နိုင်ခဲ့တဲ့ ဆရာ့ရဲ့မဲဆန္ဒနယ်အခြေအနေကို ဘယ်လိုသုံးသပ်မိလဲ။
 ပါတီအနေနဲ့ပြောရရင် မဲဆန္ဒနယ်အများကြီး  ရှုံးနိမ့်ခဲ့ တယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာက ကျွန်တော့်ပါတီထက် ကျွန်တော် နိုင်တယ်လို့ပဲပြောရမယ်။ ကျွန် တော်က ပြည်သူတွေနဲ့ကင်းကွာမှု မရှိတဲ့အခါမှာ အင်အားကြီးပါတီ ဝင်လာတော့လည်း ဆိုးဆိုးရွား ရွား ပရိသတ်လျော့ကျသွားတာ မရှိဘူး။ ကျွန်တော့်ရဲ့ဆောင်ရွက် ချက်၊ ရပ်တည်မှုတွေကို ထောက် ခံအားပေးတဲ့လူရှိတယ်။ အရင် လွှတ်တော်သက်တမ်းတုန်းက ကျွန်တော့်မဲဆန္ဒနယ်မှာ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လမ်း၊ မီး၊ တံတားရရှိရေးကိစ္စတွေ လုပ်ပေးခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကို ပြည်သူလူထုတွေက ထောက်ခံ အားပေးတယ်လို့ ကျွန်တော်သုံး သပ်မိတယ်။

၂၀၁၀ လွှတ်တော်သက်တမ်းမှာ ပြည်သူတွေအတွက် ဘာတွေ လုပ်ဆောင်ခဲ့လဲ။
ပြီးခဲ့တဲ့ငါးနှစ်အတွင်း ကျွန် တော်အပြန်အလှန်ထိန်းကျောင်း မှုတွေလုပ်ခဲ့တယ်။ အစိုးရအဖွဲ့ အစည်းတွေရဲ့ ဆောင်ရွက်ချက် တွေ၊ ငွေကြေးသုံးစွဲမှုတွေကို အများကြီး ကျွန်တော်စောင့်ကြည့် ခဲ့တယ်။ ဆိုလိုတာက လေလွင့် ဆုံးရှုံးမှုတွေ၊ အကျင့်ပျက်ခြစားမှု တွေ၊ အဂတိလိုက်စားမှုတွေ ပပျောက်ရေးအတွက် ကျွန်တော် လူထုဘက်ကနေ လုပ်ဆောင်ပေး ခဲ့တယ်။ ဥပမာအားဖြင့် ရေးမြို့ မှာရှိတဲ့ အံဒင်ကျောက်မီးသွေး ကိစ္စတွေ၊ သံလွင်မြစ်ဝမှာ သဲ သောင်တူးတဲ့ကိစ္စတွေ၊ သံလွင် ရေကာတာ တည်ဆောက်မယ့် ကိစ္စတွေ  ကန့်ကွက်ပေးခဲ့တယ်။ နောက်ပြီး  ကျောင်းပြင်ပပညာ သင်ကြားရေး၊ တိုင်းရင်းသားစာ ပေသင်ကြားရေးတွေ၊ မွန်အမျိုး သားနေ့မှာ ရုံးပိတ်ရက်ရရှိပေးဖို့ အတွက် ကျွန်တော်တို့ဆွေးနွေးခဲ့ တယ်။ ဒါတွေပြီးခဲ့တဲ့ငါးနှစ်တာ မှာ ကျွန်တော်လုပ်ခဲ့တယ်။ ၅၀ ရာခိုင်နှုန်းလောက်လုပ်ဖို့ကျန်ရှိ နေသေးတယ်။

လက်ရှိ မွန်ပြည်နယ်မှာ ရော်ဘာ စျေးကွက်ကျဆင်းနေတဲ့ပြဿနာ၊ကျောက်မိုင်းတွေ အဆမတန် ထုတ်လုပ်ရောင်းချနေတာတွေ၊ အံဒင်ကျောက်မီးသွေးကိစ္စက တိတိကျကျဖြေရှင်းနိုင်မှုအခုထိ မရှိသေးတော့ လာမယ့်သက် တမ်းမှာ ကိုုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ဒီကိစ္စတွေ ဘယ်လိုဆက်ဖြေရှင်းသွားမလဲ။
အံဒင်ကျောက်မီးသွေးစက် ရုံက နမူနာတစ်ခုလေးပါ။ အမှန် တကယ်က လူထုအပေါ်မှာ ထိခိုက်လာမယ့် စီးပွားရေးလုပ် ငန်းတွေ၊ စီမံကိန်းကြီးတွေက အများကြီးရှိတယ်။ လူထုပေါ်မှာ အကျိုးမဲ့စေတဲ့အရာအားလုံးကို လူထုဘက်ကဆက်ပြီးကာကွယ် ပေးမယ်။ နောက်တစ်ခု ရော်ဘာ စျေးကွက်ကိစ္စကို ကျွန်တော်တို့ လည်း တော်တော်လေးကိုပြောခဲ့ တယ်။ တကယ်ကို စိုက်ပျိုးရေးထွန်းကားတဲ့ ကျွန်တော်တို့မွန် ပြည်နယ်က ပြီးခဲ့တဲ့ငါးနှစ်မှာ အစိုးရဘက်က စီမံချက်တစ်ခု အနေနဲ့ တိုးတက်အောင်၊ စျေး ကွက်ရောက်အောင် လုပ်ပြနိုင် ခြင်းမရှိခဲ့ဘူး။ ကျွန်တော်တို့က ဘယ်နိုင်ငံတွေနဲ့ချိတ်ဆက်ပြီး စျေးကွက်ရရှိအောင်လုပ်မလဲဆို တာ တင်ပြဆွေးနွေးပေးခဲ့တယ်။ ကျောက်မိုင်းကိစ္စလည်း လွှတ် တော်မှာ တော်တော်ဆွေးနွေးခဲ့ တယ်။ အစိုးရဘက်က တစိုက် မတ်မတ်လုပ်ပေးခဲ့တာမရှိခဲ့ဘူး။ ကျွန်တော့်အနေနဲ့ လာမယ့်ငါးနှစ် မှာ ဒါတွေကိုထွက်ပေါက်တစ်ခု ရအောင် အတတ်နိုင်ဆုံးကြိုးစား သွားမယ်။ တစ်ခုကတော့ ကျွန် တော်တို့က အတိုက်အခံအင်အား စုပဲ ဆက်ဖြစ်နေမယ်။ တကယ်ကို ဦးဆောင်နိုင်မယ့် ပါတီတွေအနေ နဲ့ ကျွန်တော်တို့ အချောမွေ့ဆုံး ပြောဆိုဆွေးနွေးပြီးတော့ ဒီဟာ တွေကို လူထုဘက်က အခွင့်အရေး ရလာအောင်၊ စျေးကွက်ရလာ အောင် ဆက်ဆောင်ရွက်ပေး မယ်။

မွန်ပြည်နယ်မှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးတယ်။ ငွေဖောင်းပွမှုတွေရှိနေတော့ ဒါတွေကို လွှတ်တော်ထဲရောက်ရင် စီမံချက်ဘယ်လိုရေးဆွဲဖို့ရှိလဲ။
မွန်ပြည်နယ်မှာဆို အများ အားဖြင့် အလုပ်အကိုင်အခွင့် အလမ်းက ရှားပါးနေဆဲပဲ။ တချို့ က အလုပ်အကိုင်ရှိရဲ့သားနဲ့ သူ များနိုင်ငံကိုသွားလုပ်တယ်ဆိုပြီးကပ်ပြောနေတာတွေလည်း ရှိ တယ်။  ကျွန်တော်တို့အမြင်က လူတစ်ယောက်ရဲ့ တစ်နေ့တာ အခြေခံဝင်ငွေနဲ့ ကျွန်တော်တို့ လုပ်နေရတဲ့ အခြေခံလစာက မမျှ တဘူး။ အဲဒီမှာ ရွှေ့ပြောင်းလုပ် သားတွေက နိုင်ငံတကာကိုထွက် ပြီး အလုပ်အကိုင်ရှာရတာရှိ တယ်။ ကျွန်တော်စဉ်းစားတာ ကိုယ့်မှာရှိတဲ့ ကုန်ထုတ်လုပ်ငန်း တွေ စျေးကွက်ရလာအောင်လုပ် ရင်တော့ အလုပ်အကိုင်အခွင့် အလမ်းရရှိမှာပဲ။ ကျွန်တော်တို့မှာ ရှိတဲ့ ကုန်ကြမ်းတွေကို ဘယ်လို လုပ်ရင်ကောင်းမလဲဆိုပြီး စီမံ ချက်တော့ လုပ်ထားရမယ်။ ပြည်ထောင်စုအတိုင်းအတာနဲ့ ငွေကြေးဖောင်းပွတာဆိုတော့ ဒီပြဿနာကို မွန်ပြည်နယ်မှာ ဘယ်လိုမှထိန်းလို့မရဘူး။ ပြည်ထောင်စုက ထိန်းမှရမယ်။

မွန်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေ၊ ကိုယ်စားလှယ်လောင်းတွေ အခုရွေးကောက်ပွဲမှာဆို အားလုံးရှုံးနိမ့်သွားတယ်။ ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေက အသစ်ပြန်ဖွဲ့ရတော့မယ်ဆိုတော့ ဆရာဆက်လုပ်ဖို့ ကျန်ရှိနေသေးတဲ့ အလုပ်တွေက အောင်မြင်ဖို့ ရာခိုင်နှုန်းရှိပါ့မလား။
အောင်မြင်နိုင်မယ်လို့ ကျွန် တော်မြင်တယ်။ ဘာကြောင့်လဲ ဆိုတော့ အရင်က ကျွန်တော့်ပါတီ က အစိုးရအဖွဲ့ထဲမှာ လူအင် အားများပေမယ့် လုပ်ပိုင်ခွင့်သိပ် မရခဲ့ဘူး။ အပြောင်းအလဲရှိလာ တော့မယ်။ ဒါကြောင့် ကျွန်တော် တို့ တိုင်းရင်းသားအတွက်ရော၊ အတိုက်အခံအတွက်ရော၊ အစိုးရ ကို စောင့်ကြည့်တဲ့အပိုင်းရော ပိုပြီးအောင်မြင်လာမယ်လို့ ကျွန် တော်ယုံကြည်တယ်။
ကျေးဇူးတင်ပါတယ်။ ။
7Day Daily

No comments:

Post a Comment