Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 5, 2015

ပါတီႀကီးတစ္ခု၏ ေဝဖန္မႈေၾကာင့္ မဲစာရင္း အမွန္ျဖစ္မလာဟု ေကာ္မရွင္ ေၾကညာ


မဇၩိမ ေရြးေကာက္ပြဲ အထူးက႑  အနယ္နယ္မွ ေရြးေကာက္ပြဲ သတင္းမ်ား

ႏုိင္ငံေရးပါတီမ်ား၏ ပူးေပါင္းေဆာင္ရြက္မႈ အားနည္းခ်က္ေၾကာင့္ မဲစာရင္းအမွန္ျဖစ္မလာဟု ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ျပစ္တင္လိုက္ၿပီး ပါတီႀကီးတစ္ခု၏ ေဝဖန္မႈေၾကာင့္ မဲစာရင္းၾကည့္႐ႈသူ နည္းပါးခဲ့ၿပီး မဲစာရင္းမ်ား မမွန္ခဲ့ဟု ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္က ေအာက္တိုဘာ ၅ ရက္ ရက္စြဲျဖင့္ ထုတ္ျပန္သည္။

မဲစာရင္းမ်ားကို ၿမိဳ႕နယ္အလုိက္ခြဲကာ ေလးႀကိမ္ ကပ္ေၾကညာခဲ့ေသာ္လည္း “မဲစာရင္း ကပ္ခ်ိန္တြင္ မွားေနေသာ မဲစာရင္းအား ျပစ္တင္ေဝဖန္ၿပီး မဲဆႏၵရွင္အား မဲစာရင္း မွန္ကန္ေရး ပူးေပါင္းေဆာင္ရြက္ရန္ ႏုိင္ငံေရး ပါတီမ်ားမွ ေျပာဆိုစည္း႐ံုးျခင္း မရွိခဲ့သျဖင့္ မွန္ကန္ေသာ မဲစာရင္း ျဖစ္မလာပါ” ဟု ေကာ္မရွင္၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

အလားတူ မဲစာရင္းမ်ားကို စက္တင္ဘာ ၇ ရက္မွ ၁၄ ရက္အထိ တစ္ႏုိင္ငံလံုးတြင္ တစ္ၿပိဳင္တည္း ကပ္ထားကာ ေၾကညာခဲ့ေသာ္လည္း “ပါတီႀကီး တစ္ခု၏ ေဝဖန္ျပစ္တင္မႈေၾကာင့္ သတ္မွတ္ကာလအတြင္း လာေရာက္ ၾကည့္႐ႈခဲ့သူ နည္းပါးခဲ့ၿပီး မဲဆႏၵရွင္မ်ား အတည္ျပဳထားေသာ မဲစာရင္းအမွန္မ်ား မျဖစ္ေပၚခဲ့ပါ” ဟုလည္း ထုတ္ျပန္ထားသည္။

အလားတူ ေရြးေကာက္ပြဲေန႔တြင္ မဲေပးႏုိင္ရန္ ရည္ရြယ္ ထုတ္ေပးလ်က္ရွိသည့္ သက္ေသခံ လက္မွတ္မ်ားသည္လည္း မဲစာရင္းတြင္ အမည္မ်ား ထပ္ေနသူမ်ား ပါရွိေနျခင္းေၾကာင့္ မဲဆႏၵရွင္ သက္ေသခံ လက္မွတ္မ်ား ေဖါင္းပြေနသည္ဟုလည္း ေကာ္မရွင္က ဆိုထားသည္။

သက္ေသခံ လက္မွတ္မ်ား ေဖါင္းပြလ်က္ရွိေသာ္လည္း တစ္ႀကိမ္ထက္ မဲပိုေပးသည္ကို ေတြ႔ရွိရပါက အေရးယူသြားမည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
http://mizzimaburmese.com/article/6998



မဇ္ဈိမ ရွေးကောက်ပွဲ အထူးကဏ္ဍ  အနယ်နယ်မှ ရွေးကောက်ပွဲ သတင်းများ

နိုင်ငံရေးပါတီများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကြောင့် မဲစာရင်းအမှန်ဖြစ်မလာဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြစ်တင်လိုက်ပြီး ပါတီကြီးတစ်ခု၏ ဝေဖန်မှုကြောင့် မဲစာရင်းကြည့်ရှုသူ နည်းပါးခဲ့ပြီး မဲစာရင်းများ မမှန်ခဲ့ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

မဲစာရင်းများကို မြို့နယ်အလိုက်ခွဲကာ လေးကြိမ် ကပ်ကြေညာခဲ့သော်လည်း “မဲစာရင်း ကပ်ချိန်တွင် မှားနေသော မဲစာရင်းအား ပြစ်တင်ဝေဖန်ပြီး မဲဆန္ဒရှင်အား မဲစာရင်း မှန်ကန်ရေး ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေး ပါတီများမှ ပြောဆိုစည်းရုံးခြင်း မရှိခဲ့သဖြင့် မှန်ကန်သော မဲစာရင်း ဖြစ်မလာပါ” ဟု ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ မဲစာရင်းများကို စက်တင်ဘာ ရ ရက်မှ ၁၄ ရက်အထိ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ကပ်ထားကာ ကြေညာခဲ့သော်လည်း “ပါတီကြီး တစ်ခု၏ ဝေဖန်ပြစ်တင်မှုကြောင့် သတ်မှတ်ကာလအတွင်း လာရောက် ကြည့်ရှုခဲ့သူ နည်းပါးခဲ့ပြီး မဲဆန္ဒရှင်များ အတည်ပြုထားသော မဲစာရင်းအမှန်များ မဖြစ်ပေါ်ခဲ့ပါ” ဟုလည်း ထုတ်ပြန်ထားသည်။

အလားတူ ရွေးကောက်ပွဲနေ့တွင် မဲပေးနိုင်ရန် ရည်ရွယ် ထုတ်ပေးလျက်ရှိသည့် သက်သေခံ လက်မှတ်များသည်လည်း မဲစာရင်းတွင် အမည်များ ထပ်နေသူများ ပါရှိနေခြင်းကြောင့် မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ဖေါင်းပွနေသည်ဟုလည်း ကော်မရှင်က ဆိုထားသည်။

သက်သေခံ လက်မှတ်များ ဖေါင်းပွလျက်ရှိသော်လည်း တစ်ကြိမ်ထက် မဲပိုပေးသည်ကို တွေ့ရှိရပါက အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

No comments:

Post a Comment