Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

ဗီဒီယို အႀကိဳခံစားျခင္း( ႏွလုံးသားေလး တင္းမထားႏိုင္ဘူးကြယ္)

On  Mon, 2015-11-23 06:30Issue No.No.926 Monday, November 23, 2015

- ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္းက႑ မွာေတာ့ လူငယ္အခ်စ္ကားေလးတစ္ကားကို ၫႊန္းေပးလုိက္ပါတယ္။

စူးရွက ေဆာက္လုပ္ေရး ကုမၸဏီ ဖြင့္ထားတဲ့ အင္ဂ်င္နီယာတစ္ေယာက္ပါ။ သူ႕မွာကေလး တစ္ေယာက္ရွိပါတယ္။ သူ႔ရဲ႕ အမ်ဳိးသမီးအေၾကာင္းကိုေတာ့သူ႔ပတ္ဝန္းက်င္က လူေတြလည္းမသိပါဘူး။ သူတို႔ေနတဲ့ ပတ္ဝန္းက်င္မွာ သိၾကတာက စူးရွ ျပင္ဦးလြင္ကေန ေျပာင္းလာတာကိုပဲ သိၾကပါတယ္။ သားအဖ ႏွစ္ ေယာက္တည္းေနတာ ျဖစ္တာေၾကာင့္ အၿမဲတက္ေနတဲ့ ျပႆနာ ကေတာ့ အိမ္အကူျပႆနာပါ။သူ႔သားေလးကဆိုးတာေၾကာင့္ သူတို႔အိမ္မွာ အိမ္အကူၿမဲေလ့ မရွိပါဘူး။

တစ္ရက္မွာလည္း စူးရွအလုပ္သြားခါနီး အသစ္ေခၚထား တဲ့ အိမ္အကူေရာက္မလာေသး တာေၾကာင့္ ျပႆနာတက္ေနပါ တယ္။ ေနာက္ဆံုး သူ႕သားကို အလုပ္ကို ေခၚသြားမယ္လို႔စီစဥ္ ေနတဲ့အခ်ိန္မွာပဲ ေကာင္မေလး တစ္ေယာက္ေရာက္လာပါတယ္။အဲဒါေၾကာင့္အလုပ္သြားဖို႔ ေလာ ေနတဲ့ စူးရွက ေကာင္မေလးကို လုပ္စရာရွိတာလုပ္ဖို႔ ေျပာၿပီး ထြက္လာခဲ့ပါတယ္။

တကယ္ေတာ့ ေကာင္မ ေလးက စူးရွတို႔အိမ္ကို အိမ္အကူအလုပ္လာလုပ္တဲ့ သူမဟုတ္ပါ ဘူး။ သူ႕အေဖခိုင္းတဲ့ ကိစၥတစ္ခုေၾကာင့္ စူးရွတို႔ အိမ္ကိုေရာက္လာတာပါ။ ဒါေပမဲ့ အိမ္ထဲကို ဝင္ဝင္ခ်င္းမွာပဲ စူးရွကသူ႔ကို အိမ္အကူအထင္နဲ႔ ေျပာခ်င္ရာေျပာ ၿပီး ထြက္သြားတာေၾကာင့္ ရွင္းျပခြင့္မရခဲ့ပါဘူး။ အ့ဲဒါေၾကာင့္ သူသိခ်င္တဲ့ ကိစၥအတြက္ ေခ်ာ္လဲ ေရာထိုင္ လုပ္ၿပီး စံုစမ္းဖို႔ လုပ္ခဲ့ပါတယ္။

အဲဒီေကာင္မေလးနာမည္ က ထေနာင္းပါ။ ထေနာင္းက သူ႔အေမေသသြားၿပီး သူ႔အေဖကေနာက္ အိမ္ေထာင္ျပဳသြားတာေၾကာင့္ အေဒၚနဲ႔ အတူတူေနတာ ပါ။ သူ႔အေဒၚကိုေတာ့ သူ႔အေဖနဲ႔ ျပန္ေတြ႕လို႔ ကုမၸဏီမွာ အလုပ္လုပ္ေနတယ္လို႔ လိမ္ထားခဲ့ပါ တယ္။

သူ႕အေဒၚကေတာ့ သူ႔ရဲ႕စည္းစိမ္ေတြက ထေနာင္းအတြက္ပဲျဖစ္တဲ့အတြက္ အလုပ္ မလုပ္ေစခ်င္ပါဘူး။ ဒါေပမဲ့လည္း သားအဖေတြ အခုမွျပန္ဆံုတဲ့အတြက္ ထေနာင္းကိုမတားခဲ့ပါ ဘူး။ စူးရွရဲ႕ သားစည္သူက အရမ္းဆိုးပါတယ္။ အဲ့ဒါေၾကာင့္ လည္း အိမ္အကူေတြ မၿမဲတာပါ။ထေနာင္းကိုလည္း သူ႔ရဲ႕ ပံုစံ အတိုင္း စလုပ္ပါတယ္။ ဒါေပမဲ့ ထေနာင္းက ပညာျပန္ေပးလိုက္ တာေၾကာင့္ ၿငိမ္သြားခဲ့ပါတယ္။

စူးရွဆီကေန ထေနာင္းသိ ခ်င္ ေနတာကဘာလဲ။ ထေနာင္း ဟန္ေဆာင္ေနတာ ကိုစူးရွ ဘယ္ အခ်ိ္န္မွ သိမွာလဲ ဆိုတာကိုေတာ့ ခေရျဖဴထုတ္လုပ္ေရးကေန ျဖန္႔ခ်ိေပးထားတဲ့ ‘ႏွလံုးသားေလး တင္းမထားႏိုင္ဘူးကြယ္’ ဆိုတဲ့ ဇာတ္ကားေလးမွာ ဆက္လက္ ႐ႈစားေပးပါ။

ဒီဇာတ္ကားမွာ စူးရွအျဖစ္ေအာင္ရဲလင္း၊ ထေနာင္းအျဖစ္ ခင္ဝင့္ဝါတို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ ေနႏြယ္ဇင္ျမင့္ရဲ႕ ဝတၳဳကို ေနစိုးေသာ္ဇာတ္ၫႊန္းေရး ေပးထားၿပီး ဒါ႐ိုက္တာ ကိုေဇာ္(အ႐ုဏ္ဦး)က ႐ိုက္ကူးပံုေဖာ္ ထားပါတယ္။       ။
7Day Daily
...................
ဗီဒီယို အကြိုခံစားခြင်း

နှလုံးသားလေး တင်းမထားနိုင်ဘူးကွယ်

On  Mon, 2015-11-23 06:30Issue No.No.926 Monday, November 23, 2015

- ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍ မှာတော့ လူငယ်အချစ်ကားလေးတစ်ကားကို ညွှန်းပေးလိုက်ပါတယ်။

စူးရှက ဆောက်လုပ်ရေး ကုမ္ပဏီ ဖွင့်ထားတဲ့ အင်ဂျင်နီယာတစ်ယောက်ပါ။ သူ့မှာကလေး တစ်ယောက်ရှိပါတယ်။ သူ့ရဲ့ အမျိုးသမီးအကြောင်းကိုတော့သူ့ပတ်ဝန်းကျင်က လူတွေလည်းမသိပါဘူး။ သူတို့နေတဲ့ ပတ်ဝန်းကျင်မှာ သိကြတာက စူးရှ ပြင်ဦးလွင်ကနေ ပြောင်းလာတာကိုပဲ သိကြပါတယ်။ သားအဖ နှစ် ယောက်တည်းနေတာ ဖြစ်တာကြောင့် အမြဲတက်နေတဲ့ ပြဿနာ ကတော့ အိမ်အကူပြဿနာပါ။သူ့သားလေးကဆိုးတာကြောင့် သူတို့အိမ်မှာ အိမ်အကူမြဲလေ့ မရှိပါဘူး။

တစ်ရက်မှာလည်း စူးရှအလုပ်သွားခါနီး အသစ်ခေါ်ထား တဲ့ အိမ်အကူရောက်မလာသေး တာကြောင့် ပြဿနာတက်နေပါ တယ်။ နောက်ဆုံး သူ့သားကို အလုပ်ကို ခေါ်သွားမယ်လို့စီစဉ် နေတဲ့အချိန်မှာပဲ ကောင်မလေး တစ်ယောက်ရောက်လာပါတယ်။အဲဒါကြောင့်အလုပ်သွားဖို့ လော နေတဲ့ စူးရှက ကောင်မလေးကို လုပ်စရာရှိတာလုပ်ဖို့ ပြောပြီး ထွက်လာခဲ့ပါတယ်။

တကယ်တော့ ကောင်မ လေးက စူးရှတို့အိမ်ကို အိမ်အကူအလုပ်လာလုပ်တဲ့ သူမဟုတ်ပါ ဘူး။ သူ့အဖေခိုင်းတဲ့ ကိစ္စတစ်ခုကြောင့် စူးရှတို့ အိမ်ကိုရောက်လာတာပါ။ ဒါပေမဲ့ အိမ်ထဲကို ဝင်ဝင်ချင်းမှာပဲ စူးရှကသူ့ကို အိမ်အကူအထင်နဲ့ ပြောချင်ရာပြော ပြီး ထွက်သွားတာကြောင့် ရှင်းပြခွင့်မရခဲ့ပါဘူး။ အဲ့ဒါကြောင့် သူသိချင်တဲ့ ကိစ္စအတွက် ချော်လဲ ရောထိုင် လုပ်ပြီး စုံစမ်းဖို့ လုပ်ခဲ့ပါတယ်။

အဲဒီကောင်မလေးနာမည် က ထနောင်းပါ။ ထနောင်းက သူ့အမေသေသွားပြီး သူ့အဖေကနောက် အိမ်ထောင်ပြုသွားတာကြောင့် အဒေါ်နဲ့ အတူတူနေတာ ပါ။ သူ့အဒေါ်ကိုတော့ သူ့အဖေနဲ့ ပြန်တွေ့လို့ ကုမ္ပဏီမှာ အလုပ်လုပ်နေတယ်လို့ လိမ်ထားခဲ့ပါ တယ်။

သူ့အဒေါ်ကတော့ သူ့ရဲ့စည်းစိမ်တွေက ထနောင်းအတွက်ပဲဖြစ်တဲ့အတွက် အလုပ် မလုပ်စေချင်ပါဘူး။ ဒါပေမဲ့လည်း သားအဖတွေ အခုမှပြန်ဆုံတဲ့အတွက် ထနောင်းကိုမတားခဲ့ပါ ဘူး။ စူးရှရဲ့ သားစည်သူက အရမ်းဆိုးပါတယ်။ အဲ့ဒါကြောင့် လည်း အိမ်အကူတွေ မမြဲတာပါ။ထနောင်းကိုလည်း သူ့ရဲ့ ပုံစံ အတိုင်း စလုပ်ပါတယ်။ ဒါပေမဲ့ ထနောင်းက ပညာပြန်ပေးလိုက် တာကြောင့် ငြိမ်သွားခဲ့ပါတယ်။

စူးရှဆီကနေ ထနောင်းသိ ချင် နေတာကဘာလဲ။ ထနောင်း ဟန်ဆောင်နေတာ ကိုစူးရှ ဘယ် အချိ်န်မှ သိမှာလဲ ဆိုတာကိုတော့ ခရေဖြူထုတ်လုပ်ရေးကနေ ဖြန့်ချိပေးထားတဲ့ ‘နှလုံးသားလေး တင်းမထားနိုင်ဘူးကွယ်’ ဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက် ရှုစားပေးပါ။

ဒီဇာတ်ကားမှာ စူးရှအဖြစ်အောင်ရဲလင်း၊ ထနောင်းအဖြစ် ခင်ဝင့်ဝါတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ နေနွယ်ဇင်မြင့်ရဲ့ ဝတ္ထုကို နေစိုးသော်ဇာတ်ညွှန်းရေး ပေးထားပြီး ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးပုံဖော် ထားပါတယ်။       ။
7Day Daily

No comments:

Post a Comment