Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 19, 2015

အမ်ဳိးသားေရးႏွင့္ပတ္သက္၍ မဘသအဖြဲ႔ ေဆြးေႏြးပြဲက်င္းပမည္



မႏၲေလး၊ ႏိုဝင္ဘာ ၁၈
ေက်ာ္ေဝမင္း
ေနာင္အသစ္တက္လာမည့္ အစုိးရသစ္လက္ထက္တြင္ အမ်ဳိးသားေရးလုပ္ေဆာင္ရန္အတြက္ အမ်ဳိးဘာသာ သာသနာေစာင့္ေရွာက္ေရးအဖြဲ႔အေနျဖင့္ မ်ဳိးခ်စ္ပုဂၢဳိလ္မ်ားႏွင့္ေတြ႔ဆုံကာ ေဆြးေႏြးပြဲတစ္ခု က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
“အဓိကကေတာ့ လာမယ့္အနာဂတ္မွာ တက္လာမယ့္အစိုးရလက္ထက္မွာ ျဖစ္ေပၚလာႏိုင္တဲ့အမ်ဳိးသားေရးကုိ ေႏွာင့္ယွက္မယ့္အရာေတြကုိ ဘာေတြဆက္လုပ္မယ္၊ ဘာေတြ အခုကတည္းက စီစဥ္ထားမယ္ဆုိတာမ်ဳိးကုိ ေဆြးေႏြးသြားၾကမွာပါ။ မ်ဳိးခ်စ္ေတြကို အကုန္လုံးဖိတ္ထားတယ္။ အြန္လုိင္းကေနလည္း အားလုံးလုိလိုကုိ ဖိတ္ၾကားထားတယ္”ဟု ဒဂုံၿမဳိ႕နယ္ မဘသအဖြဲ႔ ဦးေဆာင္ဆရာေတာ္ ဦးေနမိႏၵ က မိန္႔ၾကားသည္။
အဆိုပါေဆြးေႏြးပြဲအား ႏုိဝင္ဘာ ၂၂ ရက္ေန႔၊ ေန႔လယ္ (၁း၀၀)အခ်ိန္တြင္ မေကြးပရိယတၱိစာသင္တုိက္၊ ေျမာက္ဒဂုံၿမဳိ႕နယ္၊ ရန္ကုန္ၿမဳိ႕တြင္ က်င္းပသြားမည္ျဖစ္သည္။
“ေနာက္တစ္ခုက အခုထြက္ေပၚလာတဲ့ ဘာသာသုံးမ်ဳိး (အစၥလာမ္၊ အဂၤလိပ္၊ ျမန္မာ) ျပကၡဒိန္၊ အဲဒီကိစၥကုိလည္း ေဆြးေႏြးမယ္။ အဲဒီေန႔က်ရင္ ဘာဆက္လုပ္မယ္ဆိုတာကိုလည္း အဲဒီေန႔မွာ အတိအက်သိရမွာပါ။ အခုေတာ့ ကန္႔ကြက္မွာလား ဘာလုပ္မွာလဲ ဆိုတာေတာ့ အတိအက်မသိရေသးပါဘူး”ဟု အဆိုပါဆရာေတာ္က မိန္႔ၾကားသည္။
အဆိုပါ အမ်ဳိးသားေရးလႈပ္ရွားသူမ်ား အထူးအစည္းအေဝး ဖိတ္ၾကားလႊာဟူေသာ ဖိတ္စာတြင္ တုိင္းရင္းသားမဟုတ္သူတုိ႔၏ မ်က္ႏွာေျပာင္တုိက္ စိန္ေခၚေနမႈမ်ားအား ျပတ္ျပတ္သားသား တုန္႔ျပန္ေဆာင္ရြက္သြားႏိုင္ရန္အတြက္ အစီအစဥ္အတုိင္း က်င္းပေဆာင္ရြက္မည့္ အထူးအစီးအေဝးသို႔ ျမန္မာႏိုင္ငံ၏ တုိင္းရင္းသား ျပည္သူ ရဟန္း ရွင္လူ မည္သူမဆို တက္ေရာက္ႏိုင္ပါေၾကာင္း ေလးစားစြာျဖင့္ ဖိတ္ၾကားအပ္ပါသည္ဟု ေဖာ္ျပထားသည္။
19.11.2015 မႏၲေလးအလင္း


................................................................................................


“အမျိုးသားရေးနှင့်ပတ်သက်၍ မဘသအဖွဲ့ ဆွေးနွေးပွဲကျင်းပမည်”
===========================================

မန္တလေး၊ နိုဝင်ဘာ ၁၈
ကျော်ဝေမင်း
နောင်အသစ်တက်လာမည့် အစိုးရသစ်လက်ထက်တွင် အမျိုးသားရေးလုပ်ဆောင်ရန်အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် မျိုးချစ်ပုဂ္ဂိုလ်များနှင့်တွေ့ဆုံကာ ဆွေးနွေးပွဲတစ်ခု ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 
“အဓိကကတော့ လာမယ့်အနာဂတ်မှာ တက်လာမယ့်အစိုးရလက်ထက်မှာ ဖြစ်ပေါ်လာနိုင်တဲ့အမျိုးသားရေးကို နှောင့်ယှက်မယ့်အရာတွေကို ဘာတွေဆက်လုပ်မယ်၊ ဘာတွေ အခုကတည်းက စီစဉ်ထားမယ်ဆိုတာမျိုးကို ဆွေးနွေးသွားကြမှာပါ။ မျိုးချစ်တွေကို အကုန်လုံးဖိတ်ထားတယ်။ အွန်လိုင်းကနေလည်း အားလုံးလိုလိုကို ဖိတ်ကြားထားတယ်”ဟု ဒဂုံမြို့နယ် မဘသအဖွဲ့ ဦးဆောင်ဆရာတော် ဦးနေမိန္ဒ က မိန့်ကြားသည်။ 
အဆိုပါဆွေးနွေးပွဲအား နိုဝင်ဘာ ၂၂ ရက်နေ့၊ နေ့လယ် (၁းဝဝ)အချိန်တွင် မကွေးပရိယတ္တိစာသင်တိုက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ 
“နောက်တစ်ခုက အခုထွက်ပေါ်လာတဲ့ ဘာသာသုံးမျိုး (အစ္စလာမ်၊ အင်္ဂလိပ်၊ မြန်မာ) ပြက္ခဒိန်၊ အဲဒီကိစ္စကိုလည်း ဆွေးနွေးမယ်။ အဲဒီနေ့ကျရင် ဘာဆက်လုပ်မယ်ဆိုတာကိုလည်း အဲဒီနေ့မှာ အတိအကျသိရမှာပါ။ အခုတော့ ကန့်ကွက်မှာလား ဘာလုပ်မှာလဲ ဆိုတာတော့ အတိအကျမသိရသေးပါဘူး”ဟု အဆိုပါဆရာတော်က မိန့်ကြားသည်။ 
အဆိုပါ အမျိုးသားရေးလှုပ်ရှားသူများ အထူးအစည်းအဝေး ဖိတ်ကြားလွှာဟူသော ဖိတ်စာတွင် တိုင်းရင်းသားမဟုတ်သူတို့၏ မျက်နှာပြောင်တိုက် စိန်ခေါ်နေမှုများအား ပြတ်ပြတ်သားသား တုန့်ပြန်ဆောင်ရွက်သွားနိုင်ရန်အတွက် အစီအစဉ်အတိုင်း ကျင်းပဆောင်ရွက်မည့် အထူးအစီးအဝေးသို့ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပြည်သူ ရဟန်း ရှင်လူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်ဟု ဖော်ပြထားသည်။ 
19.11.2015 မန္တလေးအလင်း


Wira Thu

No comments:

Post a Comment