Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 7, 2015

ဒေါ်အောင်ဆန်းစုကြည်အား အပုတ်ချသည့် စာများ လိုက်လံဖြန့်ကြဲလျက်ရှိဟု သိရ




မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗြိတိန်၏ ရုပ်သေးရုပ်အဖြစ် ဖော်ပြထားသည့် အကောက်ကြံ တိုက်ခိုက်မှုတစ်ခုကို ပြိုင်ဘက်များက ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင် ပြုလုပ်ခဲ့သည်။ အမည်မဖော်လိုသူ တစ်ဦးဟု ဖော်ပြကာ ရေးသားထားသော ထို လက်ကမ်း စာရွက်များကို ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်ဖြစ် သည့် ကော့မှူးတွင် ညအချိန်၌ ဆိုင်ကယ်ဖြင့် ဖြန့်ကြဲခဲ့ခြင်းဖြစ်သည်။
ထိုစာရွက် အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အာဏာရပါက နိုင်ငံသည် ဗြိတိန်၏ ကျွန်ဘ၀သို့ ပြန်လည်ရောက်ရှိသွားနိုင်ပြီး နှုတ်ခမ်းမွေးနှင့်လူများ (မွတ်ဆလင်များကို ဆိုလိုဟန်ရှိ) က ပဋိပက္ခများ ဖန်တီးကာ ဗုဒ္ဓဘာသာ ကွယ်ပျောက်သွားစေမည်ဟု ဖော်ပြထားသည်။
ထိုဖော်ပြချက်များမှာ နိုင်ငံအနှံ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအပေါ် လူထုကောက်ခံမှု လျော့ကျရန် ရည်ရွယ်၍ အစွန်းရောက် ဘုန်းတော်ကြီးများနှင့် စစ်ခေါင်းဆောင်များ ပြောကြားသည့် စကားများနှင့် တူညီနေသည်။ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တွင် နေထိုင်ခဲ့ပြီး သား ၂ ဦးနှင့် ကွယ်လွန်သူ ခင်ပွန်းတို့က ဗြိတိန်နိုင်ငံသား ဖြစ် သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်၏ ပတ်သက်မှုကို စစ်ခေါင်းဆောင်များက အကြိမ်ကြိမ် ဝေဖန်ခဲ့ပြီး အန္တရာယ်ရှိသည့် နိုင်ငံခြား လွှမ်းမိုးမှု ခံနေရသူဟု စွပ်စွဲခဲ့ကြသည်။
အစွန်းရောက် ဗုဒ္ဓဘာသာဝင်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင်ထောက်ခံသူဟု စွပ်စွဲထားပြီး အာဏာရသွားပါက နိုင်ငံလူဦးရေ၏ ၅% ခန့်ရှိ မွတ်ဆလင်များက နိုင်ငံကို လွှမ်းမိုးသွားမည်ဟု ပြောကြားလျက်ရှိသည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “နိုင်ငံခေါင်းဆောင်ဟာ နိုင်ငံခြားတိုင်းပြည်တွေ၊ နိုင်ငံခြား အေဂျင်စီတွေ၊ နိုင်ငံခြားသားတွေရဲ့ လွှမ်းမိုးခံရမှု၊ ပတ်သက်မှု မရှိသင့်ပါဘူး” ဟု ပြီးခဲ့သည့် ရက်သတ္တပတ်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့မှ မိုင် ၄၀ ခန့်ဝေးသည့် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်တွင် အများအပြား ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင်အချို့ကို အတိုက်အခံ ခေါင်းဆောင်အား ထောက်ခံသူတစ်ဦးဖြစ်သည့် ဒေသခံ ဘုန်းတော်ကြီး ဦးခေမာနန္ဒထံမှတစ်ဆင့် တယ်လီဂရပ် သတင်းဌာနက ရရှိခဲ့သည်။ ထိုစာရွက်များအား နံနက် မိုးလင်းချိန်၌ ဘုန်းကြီးကျောင်းအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လုံးချေကာ လွင့်ပစ်ခဲ့သည်ဟု ဦးခေမာနန္ဒက ဆိုသည်။
အလားတူ စာရွက်များကို ၀ါးတောများ ၀န်းရံထားသည့် ၀ါသင်္ခရွာတွင်လည်း တွေ့ရှိခဲ့ရသည်။ ၀ါသင်္ခရွာမှာ ကော့မှူးမြို့နယ်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့်အခါ တည်းခိုလေ့ရှိသည့် ရွာဖြစ်သည်။ ဦးခေမာနန္ဒက “သူတို့က ညသန်းခေါင်နဲ့ နံနက် ၃ နာရီလောက်ကြားမှာ စာရွက်တွေကို လမ်းဘေးမှာ ကြဲချထားပြီး နံနက်လင်းလာရင် လူတွေမြင်အောင် လုပ်တာပါ။ ဒါက ဒေါ်စုကို နာမည်ဖျက် တိုက်ခိုက်တာပါ” ဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အား စွပ်စွဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့် မဘသအဖွဲ့မှ ဘုန်းကြီး ၅ ပါး ထိုဒေသသို့ လာရောက်ချိန်နှင့် ထိုစာရွက်များ ဖြန့်ဝေချိန်မှာ တိုက်ဆိုင်နေသည်ဟု ဦးခေမာနန္ဒက ပြောကြားသည်။
မဘသအဖွဲ့က အားပေးဆောင်ရွက်ခဲ့သည့် မျိုးစောင့်ဥပဒေများကို လွှတ်တော်တွင် NLD က ဆန့်ကျင်ခဲ့သည်။ ဒေသတွင်း ပြုလုပ်သည့် NLD ဆန့်ကျင်သော ပွဲသို့ လာရောက်ရန် ဒေသခံများအား စစ်တပ်ကျောထောက်နောက်ခံပြု အာဏာရပါတီက ငွေ ၅၀၀၀ နှင့် လောင်စာဆီများ ပေးခဲ့သည်ဟု ဆိုသည်။ အလားတူ ငွေကြေး၊ အစားအစာနှင့် လက်ဆောင်များပေး၍ မဲဆွယ်မှုများရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား ထို“လာဘ်ပေးမှု” များကို လက်ခံရယူသော်လည်း NLD ကို မဲပေးရန် ပြောကြားခဲ့သည်။
ဝါသင်္ခရွာမှ ပြည်သူများကမူ ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ဖြန့်ဝေထားသည့် စာများကြောင့် စိုးရိမ်ထိတ်လန့်မှုမရှိဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည် တည်းခိုလေ့ရှိသည့် အိမ်တွင် နေထိုင်သူ အသက် ၄၆ နှစ်ရှိ ဦးညွန့်သန်းက “ကျွန်တော်တို့ အန်တီကို ယုံကြည်ပါတယ်။ ဒီလို စကားတွေကို မယုံပါဘူး။ ဒါတွေအားလုံးက အန်တီကို တားဆီးဖို့ လုပ်နေတာပါ” ဟု ပြောကြားခဲ့သည်။
မဘသ အစွန်းရောက်များ၏ တိုက်ခိုက်မှုများက NLD ကို ထိခိုက်စေနိုင်သည်။ မဘသအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဦးဝိမလဗုဒ္ဓိက NLD သည် နိုင်ငံကို အုပ်ချုပ်ရန် သင့်တော်မှုမရှိဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရသည့် သဘောထားကောက်ယူမှု မရှိသဖြင့် အစွန်းရောက် ဘုန်းကြီးများ၏ ဟောပြောချက်များနှင့် အာဏာရပါတီ၏ တိုက်ခိုက်ပြောကြားမှုများ၏ သက်ရောက်မှုကို တိုင်းတာရန် ခက်ခဲသည်။ ကော့မှူးမြို့ရှိ ဘုန်းကြီးကျောင်းတွင် မဘသဘုန်းကြီးများမှာ ထောက်ခံသူ အနည်းငယ်သာရှိသော အစွန်းရောက်များဖြစ်သည်ဟု ဦးခေမာနန္ဒက ပြောကြားခဲ့သည်။
KHTun
Ref - Telegraph UK
The Ladies News Journal

...................................................

ဒေါ်အောင္ဆန်းစုကြည်အား အပုတ္ခ်သည့် စာမ်ား လိုက္လျံဖန့်ကြဲလ်က်ရွိဟု သိရ


ျမန္မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင္ဆန်းစုကြည်အား ဗြိတိန်၏ ရုပ်သေးရုပ်အျဖစ် ဖော်ျပထားသည့် အေကာက်ကြံ တိုက္ခိုက္မှုတစ္ခုကို ပြိုင္ဘက္မ်ားက ရြေးကောက္ပြဲ မတိုင္မီ ရက္ပိုင်းအလိုတြင်ျပုလုပ္ခဲ့သည်။ အမည္မေဖ္လာိုသူ တစ်ဦးဟု ဖော်ျပကာ ရေးသားထားသော ထို လက္ကမ်း စာရြက္မ်ားကို ဒေါ်အောင္ဆန်းစုကြည်၏ မဲဆန္ဒနယ်ျဖစ် သည့် ကော့မွူးတြင် ညအခိန်၌ ဆိုင္ကယ်ျဖင့်ျဖန့်ကြဲချဲ့ခင်ျးဖစ်သည်။

ထိုစာရြက် အကယ်၍ ဒေါ်အောင္ဆန်းစုကြည် အာဏာရပါက နိုင်ငံသည် ဗြိတိန်၏ ကျန္ဘြ၀သိျု့ပန္လည်ရောက်ရွိသြားနိုင်ပြီး နှုတ္ခမ်းမြေးနွင့္လူမ်ား (မြတ္ဆလင္မ်ားကို ဆိုလိုဟန်ရွိ) က ပဋိပက္ခမ်ား ဖန္တီးကာ ဗုဒ္ဓဘာသာ ကြယ်ပော်က်ြသားစေမည်ဟု ဖော်ျပထားသည်။

ထိုဖော်ျပခ်က္မ်ားမွာ နိုင်ငံအနွံ့တြင် ဒေါ်အောင္ဆန်းစုကြည်၏ NLD ပါတီအေပါ် လူထုကောက္ခံမှု လော့်က်ရန် ရည်ြရယ်၍ အစြန်းရောက် ဘုန်းတော်ကြီးမ်ားနွင့် စစ်ခေါင်းဆောင္မ်ားျေပာကြားသည့် စကားမ်ားနွင့် တူညီနေသည်။ အဂင်္လန်နိုင်ငံ အောက္စဖို့ဒ္တြင် နေထိုင္ခဲ့ပြီး သား ၂ ဦးနွင့် ကြယ္လြန်သူ ခင္ပြန်းတို့က ဗြိတိန်နိုင်ငံသာျးဖစ် သည့် ဒေါ်အောင္ဆန်းစုကြည်နွင့် ဗြိတိန်၏ ပတ်သက္မှုကို စစ်ခေါင်းဆောင္မ်ားက အကြိမ်ကြိမ် ဝေဖန္ခဲ့ပြီး အန္တရာယ်ရွိသည့် နိုင်ငျံခား လွှမ်းမိုးမှု ခံနေရသူဟု စြပ္စြဲခဲ့ကြသည်။

အစြန်းရောက် ဗုဒ္ဓဘာသာဝင္မ်ားကလည်း ဒေါ်အောင္ဆန်းစုကြည္ကို မြတ္ဆလင်ထောက္ခံသူဟု စြပ္စြဲထားပြီး အာဏာရသြားပါက နိုင်ငံလူဦးရေ၏ ၅% ခန့်ရွိ မြတ္ဆလင္မ်ားက နိုင်ငံကို လွှမ်းမိုးသြားမည်ဟုျေပာကြားလ်က်ရွိသည်။ ကာကြယ်ရေးဦးစီးခ်ုပ် ဗိုလ္ခ်ုပ္မွူးကြီး မင်းအောင္လှိုင္ကလည်း “နိုင်ငံခေါင်းဆောင်ဟာ နိုင်ငျံခားတိုင်ျးပည်တြေ၊ နိုင်ငျံခား အေဂ်င္စီတြေ၊ နိုင်ငျံခားသားတြေရဲ့ လွှမ်းမိုးခံရမှု၊ ပတ်သက္မှု မရွိသင့္ပါဘူး” ဟု ပြီးခဲ့သည့် ရက်သတ္တပတ္ကျေပာကြားခဲ့သည်။

ရန္ကုန်မြို့မွ မိုင် ၄၀ ခန့်ဝေးသည့် ဒေါ်အောင္ဆန်းစုကြည်၏ မဲဆန္ဒနယ္တြင် အမ်ားအျပာျးဖန့်ဝေခဲ့သည့် လက္ကမ်းစာစောင်အခို့ကို အတိုက်အခံ ခေါင်းဆောင်အား ထောက္ခံသူတစ်ဦျးဖစ်သည့် ဒေသခံ ဘုန်းတော်ကြီး ဦးခေမာနန္ဒထံမွတစ္ဆင့် တယ္လီဂရပ် သတင်းဌာနက ရရွိခဲ့သည်။ ထိုစာရြက္မ်ားအား နံနက် မိုးလင်းခိန်၌ ဘုန်းကြီးကော်င်းအနီးတြင် တြေ့ရွိချဲ့ခင်ျးဖစ်ပြီး လုံးခ်ေကာ လြင့္ပစ္ခဲ့သည်ဟု ဦးခေမာနန္ဒက ဆိုသည်။

အလားတူ စာရြက္မ်ားကို ၀ါးတောမ်ား ၀န်းရံထားသည့် ၀ါသခင်္ရြာတြင္လည်း တြေ့ရွိခဲ့ရသည်။ ၀ါသခင်္ရြာမွာ ကော့မွူးမြို့နယ်သို့ ဒေါ်အောင္ဆန်းစုကြည် လာရောက်သည့်အခါ တည်းခိုလေ့ရွိသည့် ရျြာဖစ်သည်။ ဦးခေမာနန္ဒက “သူတို့က ညသန်းခေါင္နဲ့ နံနက် ၃ နာရီလောက်ကြားမွာ စာရြက်တြေကို လမ်းဘေးမွာ ကြဲခ်ထားပြီး နံနက္လင်းလာရင် လူတျြေမင်အောင် လုပ္တာပါ။ ဒါက ဒေါ်စုကို နာမည္ဖ်က် တိုက္ခိုက္တာပါ” ဟုျေပာကြားခဲ့သည်။ ဒေါ်အောင္ဆန်းစုကြည်နွင့် NLD အား စြပ္စြဲတိုက္ခိုက္မှုမ်ာျးပုလုပ်နေသည့် မဘသအဖြဲ့မွ ဘုန်းကြီး ၅ ပါး ထိုဒေသသို့ လာရောက္ခိန်နွင့် ထိုစာရြက္မ်ာျးဖန့်ဝေခိန္မွာ တိုက္ဆိုင်နေသည်ဟု ဦးခေမာနန္ဒကျေပာကြားသည်။

မဘသအဖြဲ့က အားပေးဆောင်ြရက္ခဲ့သည့် မိုးစောင့်ဥပေဒမ်ားကို လွှတ်တော်တြင် NLD က ဆန့်က်င္ခဲ့သည်။ ဒေသတြင်ျးပုလုပ်သည့် NLD ဆန့်က်င်သော ပြဲသို့ လာရောက်ရန် ဒေသခံမ်ားအား စစ္တပ်ကော်ထောက်နောက္ချံပု အာဏာရပါတီက ငြေ ၅၀၀၀ နွင့် လောင္စာဆီမ်ား ပေးခဲ့သည်ဟု ဆိုသည်။ အလားတူ ငြေကြး၊ အစားအစာနွင့် လက်ဆောင္မ်ားပေး၍ မဲဆြယ္မှုမ်ားရွိနေပြီး ဒေါ်အောင္ဆန်းစုကြည္ကျပည်သူမ်ားအား ထို“လာဘ်ပေးမှု” မ်ားကို လက္ခံရယူသ္လောည်း NLD ကို မဲပေးရန်ျေပာကြားခဲ့သည်။

ဝါသခင်္ရြာမျွပည်သူမ်ားကမူ ဒေါ်အောင္ဆန်းစုကြည်အား တိုက္ခိုက်ျဖန့်ဝေထားသည့် စာမ်ားကြောင့် စိုးရိမ္ထိတ္လန့်မှုမရွိဟု ဆိုသည်။ ဒေါ်အောင္ဆန်းစုကြည် တည်းခိုလေ့ရွိသည့် အိမ္တြင် နေထိုင်သူ အသက် ၄၆ နွစ်ရွိ ဦးညြန့်သန်းက “ကျန်ြတ္တောို့ အန္တီကို ယုံကြည္ပါတယ်။ ဒီလို စကားတြေကို မယုံပါဘူး။ ဒါတြေအားလုံးက အန္တီကို တားဆီးဖို့ လုပ်နေတာပါ” ဟုျေပာကြားခဲ့သည်။

မဘသ အစြန်းရောက္မ်ား၏ တိုက္ခိုက္မှုမ်ားက NLD ကို ထိခိုက်စေနိုင်သည်။ မဘသအဖြဲ့၏ အေထြေထြအတြင်းရေးမွူး ဦးဝိမလဗုဒ္ဓိက NLD သည် နိုင်ငံကို အုပ္ခ်ုပ်ရန် သင့်တ္မေှာုမရွိဟုျေပာကြားခဲ့သည်။ျမန္မာနိုင်ငံတြင် ယုံကြည္စိတ္ခ်ရသည့် သေဘာထားကောက်ယူမှု မရွိသျဖင့် အစြန်းရောက် ဘုန်းကြီးမ်ား၏ ဟေျာေပာခ်က္မ်ားနွင့် အာဏာရပါတီ၏ တိုက္ခိုက်ျေပာကြားမှုမ်ား၏ သက်ရောက္မှုကို တိုင်းတာရန် ခက္ခဲသည်။ ကော့မွူးမြို့ရွိ ဘုန်းကြီးကော်င်းတြင် မဘသဘုန်းကြီးမ်ားမွာ ထောက္ခံသူ အနည်းငယ်သာရွိသော အစြန်းရောက္မ်ာျးဖစ်သည်ဟု ဦးခေမာနန္ဒကျေပာကြားခဲ့သည်။

KHTun

Ref - Telegraph UK

The Ladies News Journal

No comments:

Post a Comment