Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 12, 2015

ေခတ္သစ္အသုံးအေဆာင္ပစၥည္းေတြေၾကာင့္ မိသားစုထမင္း၀ုိင္း အႏွစ္သာရေပ်ာက္ဆုံးေနတယ္လုိ႔ ပုပ္ရဟန္းမင္းႀကီးေျပာ



စည္းလုံးညီၫြတ္ၿပီး ေႏြးေထြးတဲ့ မိသားစု ျဖစ္လာဖုိ႔အတြက္ ထမင္းစားခ်ိန္မွာ ဖုန္းအသုံးျပဳတာ၊ ကြန္ပ်ဴ တာသုံးတာနဲ႔ တီဗီၾကည့္တာေတြကုိ ရပ္တန္႔ၿပီး မိသားစု ထမင္းလက္စုံ စားသင့္တယ္လုိ႔ ပုပ္ရဟန္းမင္းႀကီး ဖရန္ဆစ္က တုိက္တြန္းထားပါတယ္။

ယေန႔အခ်ိန္မွာ လူ႔အဖြဲ႕အစည္းအတြင္း လူသားခ်င္း အျပန္အလွန္ ေပါင္းသင္းဆက္ဆံမႈ ေလ်ာ့နည္းလာၿပီး လူအမ်ားစုက နည္းပညာသစ္ေတြရဲ႕ ဆြဲေဆာင္မႈမွာ နစ္ေမ်ာေနတာေၾကာင့္ မိသားစု ထမင္း၀ုိင္းရဲ႕ အႏွစ္သာရ ေပ်ာက္ဆုံးေနတယ္လုိ႔ ပုပ္ရဟန္းမင္းႀကီးက ေျပာပါတယ္။

"ထမင္း၀ုိင္းမွာ မိသားစု လူစုံတက္စုံမ႐ွိဘူး။ စကားလည္း မေျပာၾကဘူး။ ဖုန္းသုံးေနမယ္။ တီဗီၾကည့္ေနမယ္ဆုိရင္ အဲဒီမိသားစုက စည္းလုံးေႏြးေထြးတဲ့ မိသားစုမဟုတ္ပါဘူး"လုိ႔ ေျပာပါတယ္။ ပုပ္ရဟန္းမင္းႀကီးက မိသားစု၀င္ေတြအေနနဲ႔ သက္ဆုိင္ရာ နယ္ပယ္မွာ တစ္ေန႔တာ ၾကဳံေတြ႕ရတဲ့ ၀မ္းနည္း/၀မ္းသာကိစၥေတြကုိ မိသားစုထမင္း၀ုိင္းမွာ ေဆြးေႏြးညႇိႏႈိင္းၿပီး စည္းလုံးညီၫြတ္တဲ့ မိသားစုအသုိက္အျမဳံအျဖစ္ တည္ေဆာက္သင့္တယ္လုိ႔ အၾကံျပဳ ထားပါတယ္။

Nz ႐ုိးရာေလး
www.yoyarlay.com

#Nz_yyl
#news_yyl
Unicode version

ခေတ်သစ်အသုံးအဆောင်ပစ္စည်းတွေကြောင့် မိသားစုထမင်းဝိုင်း အနှစ်သာရပေ်ာက်ဆုံးနေတယ်လို့ ပုပ်ရဟန်းမင်းကြီးပြော

စည်းလုံးညီညွတ်ပြီး နွေးထွေးတဲ့ မိသားစု ဖြစ်လာဖို့အတွက် ထမင်းစားချိန်မှာ ဖုန်းအသုံးပြုတာ၊ ကွန်ပျူ တာသုံးတာနဲ့ တီဗီကြည့်တာတွေကို ရပ်တန်႔ပြီး မိသားစု ထမင်းလက်စုံ စားသင့်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က တိုက်တွန်းထားပါတယ်။

ယနေ့အချိန်မှာ လူ့အဖွဲ့အစည်းအတွင်း လူသားချင်း အပြန်အလှန် ပေါင်းသင်းဆက်ဆံမှု လျော့နည်းလာပြီး လူအများစုက နည်းပညာသစ်တွေရဲ့ ဆွဲဆောင်မှုမှာ နစ်မျောနေတာကြောင့် မိသားစု ထမင်းဝိုင်းရဲ့ အနှစ်သာရ ပျောက်ဆုံးနေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

"ထမင်းဝိုင်းမှာ မိသားစု လူစုံတက်စုံမရှိဘူး။ စကားလည်း မပြောကြဘူး။ ဖုန်းသုံးနေမယ်။ တီဗီကြည့်နေမယ်ဆိုရင် အဲဒီမိသားစုက စည်းလုံးနွေးထွေးတဲ့ မိသားစုမဟုတ်ပါဘူး"လို့ ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးက မိသားစုဝင်တွေအနေနဲ့ သက်ဆိုင်ရာ နယ်ပယ်မှာ တစ်နေ့တာ ကြုံတွေ့ရတဲ့ ဝမ်းနည်း/ဝမ်းသာကိစ္စတွေကို မိသားစုထမင်းဝိုင်းမှာ ဆွေးနွေးညှိနှိုင်းပြီး စည်းလုံးညီညွတ်တဲ့ မိသားစုအသိုက်အမြုံအဖြစ် တည်ဆောက်သင့်တယ်လို့ အကြံပြု ထားပါတယ်။

No comments:

Post a Comment