Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 14, 2015

၈၈မ်ိဳးဆက္ ႏိုင္ငံေရး ပါတီ ေထာင္မည္

1
သားညြန္႔ဦး

14.11.2015 05:05

၈၈ မ်ိဳးဆက္ အင္အားစုေတြအေနနဲ႔ ႏိုင္ငံေရးပါတီတစ္ခု တည္ေထာင္သြားဖို႔ ရွိတယ္လို႔ ကိုကိုႀကီးက ဗြီအိုေအ ျမန္မာပိုင္း နဲ႔ ေတြ႕ဆံုေမးျမန္းရာ မွာ ေျပာလိုက္ပါတယ္။ အတိုက္အခံ ပါတီတစ္ရပ္အေနနဲ႔ အစိုးရရဲ႕ လုပ္ေဆာင္ခ်က္ နဲ႔ ပတ္သက္ၿပီး၊ မွန္တာကို ေထာက္ခံၿပီး မွားတာကို ေ၀ဖန္သြားမွာ ျဖစ္တယ္လို႔ လည္း ဆိုပါတယ္။ ကိုသားညြန္႔ဦးက ေတြ႔ဆံုေမးျမန္းထားတာကို အသံဖိုင္မွာ အျပည့္အစံု နားဆင္ႏုိင္ပါတယ္။

သားညြန္႔ဦး။   ။ အစိုးရဖြဲ႔ဖို႔ေတြ ဘာေတြနဲ႔ပတ္သက္ၿပီး ၈၈မ်ိဳးဆက္ကို ကမ္းလွမ္းတာမ်ိဳးေတြ ရွိပါသလား။

ကိုကိုႀကီး။    ။ မရွိပါဘူး။

သားညြန္႔ဦး။   ။ ေနာက္တခုက ကိုကိုႀကီးနဲ႔ ပတ္သက္လို႔ ေမးခ်င္ပါတယ္။ ကိုကိုႀကီးက အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွာ ပထမ ကိုယ္စားလွယ္အေနနဲ႔ ဝင္ေရြးဖို႔ လုပ္တယ္။ ေနာက္ မပါလာဘူးေပါ့။ အဲ့ဒီ့ေတာ့ ကိုကိုႀကီးအေနနဲ႔ ဘယ္လို ရပ္ သြားမလဲ။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အေနနဲ႔ပဲ ရပ္သြားမလား။ တျခား စဥ္းစားခ်က္ ဘယ္လိုရွိပါသလဲ။

ကိုကိုႀကီး။    ။ က်ေနာ္ ပထမ စဥ္းစားခ်က္ကေတာ့ ေတာ္ေတာ္ မ်ားမ်ား ျပည္သူေတြ ကလဲ ေမွ်ာ္လင့္တယ္။ ၈၈ေခါင္းေဆာင္ေတြအေနနဲ႔ NLD နဲ႔ ပူးေပါင္းေဆာင္ရြက္ သင့္တယ္။ ဘာေၾကာင့္ မပူးေပါင္း မေဆာင္ရြက္သလဲ အစရွိသျဖင့္ေပါ့။ ဆိုေတာ့ အဲ့ဒီ့အေပၚမွာ က်ေနာ္တို႔ ႀကိဳးစားခဲ့တယ္။ သို႔ေသာ္ ဘာေၾကာင့္ပဲျဖစ္ျဖစ္ က်ေနာ္တို႔ လြန္ခဲ့တဲ့ ၂၈ႏွစ္ ႏိုင္ငံေရး စလုပ္ကတည္းက က်ေနာ္တို႔ရဲ႕ ပုဂၢလိက ကိစၥေတြ အတြက္ လုပ္ခဲ့ၾကတာ မဟုတ္ဘူး။

က်ေနာ္တို႔က ႏုိင္ငံကို အေရြ႕တခု ျဖစ္သြားေစခ်င္တယ္။ ဒီလို လႊတ္ေတာ္ ကိုယ္စားလွယ္ အျဖစ္ လုပ္ေဆာင္ခြင့္ မရသည့္တုိင္ေအာင္ လူထုေမွ်ာ္လင့္တဲ့ ေထာက္ခံတဲ့သူေတြ လုပ္ပိုင္ခြင့္ ရရွိသြားျခင္းနဲ႔ပတ္သက္ၿပီးေတာ့ က်ေ်နာ္တို႔ ဝမ္းသာအားရျဖစ္ပါတယ္။

သားညြန္႔ဦး။   ။ ကိုကိုႀကီးအေနနဲ႔ေရာ တဦးခ်င္းအေနနဲ႔ျဖစ္ျဖစ္ ၈၈အင္အားစု အေနနဲ႔ျဖစ္ေစ ေရွ႕ႏိုင္ငံေရးမွာ ဘယ္လိုရပ္သြားဖို႔ စဥ္းစားခ်က္ ရွိပါသလဲ။

ကိုကိုႀကီး။    ။ ဆိုေတာ့ က်ေနာ္တို႔ ၈၈မ်ိဳးဆက္ ေခါင္းေဆာင္ေတြလို႔ ေျပာရတာက တကယ္က ၈၈ ခ်ည္းပဲ မဟုတ္ပါဘူး။ အခုက်ေနာ္တို႔ အဖြဲ႔အစည္းရဲ႕ နာမည္ကိုယ္ႏႈိက္က ၈၈မ်ိဳးဆက္လို႔ပဲ ေျပာထားတာ။ ေက်ာင္းသားမ်ား ဆိုတာကို က်ေနာ္တို႔ ျဖဳတ္လိုက္တယ္။ အဲ့တာ ဘာေၾကာင့္လဲဆိုေတာ့ ဒီ့ထက္ပိုၿပီး က်ယ္ျပန္႔တဲ့ သေဘာကို အဓိပၸါယ္ကို ေဆာင္ေစခ်င္လို႔ ၉၆၊ ၉ေလးလံုး အစရွိသျဖင့္ ဒီလူေတြ ဒီလူငယ္ေတြ အားလံုးကို စုစည္းႏုိင္ဖို႔ က်ေနာ္တို႔ ႀကိဳးစားၾကတယ္။

အဲ့ေတာ့ ေရရွည္ႏုိင္ငံေရးပံုစံနဲ႔ ဆိုရင္ေတာ့ ဒီ ၈၈မ်ိဳးဆက္ေတြ မ်ိဳးဆက္အသီးသီးေပါ့ စုစည္းၿပီးေတာ့ ႏုိင္ငံေရးပါတီတခုအျဖစ္နဲ႔ရပ္တည္သြားဖို႔ က်ေနာ္တို႔ ေဆြးေႏြးၾက တာေတြရွိပါတယ္။ အားလံုးေတာ့ ပါလာမွာ မဟုတ္ဘူးေပါ့။ တခ်ိဳ႕လည္း အရပ္ဖက္ အဖြဲ႔အစည္းပံုစံနဲ႔ ဆက္ၿပီး ရပ္တည္မယ့္ သူေတြလည္း ရွိမယ္။ ႏိုင္ငံေရးပါတီပံုစံနဲ႔ ထဲထဲဝင္ဝင္ ေဆာင္ရြက္သြားဖို႔ ဆံုးျဖတ္ထားတဲ့သူေတြလည္း ရွိပါတယ္။

သားညြန္႔ဦး။   ။ အခုအေနအထားကလည္း လူထုေထာက္ခံမႈ ေရြးေကာက္ပြဲ ရလဒ္ကို က်ေနာ္တို႔ ၾကည့္မယ္ဆိုရင္ေတာ့ ေဒၚေအာင္ဆန္းစုၾကည္ေျပာသလိုပဲ ပါတီကိုပဲ မဲေပးပါဆိုေတာ့ လူထုကလည္း အဲ့လိုပဲ ေပးလုိက္ပံု ရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ၾသဇာကလည္း အင္မတန္ ႀကီးပါတယ္။ ၈၈ေတြက ဒီလို ပါတီတရပ္ အေနနဲ႔ ဖြဲ႔လာမယ္ဆိုရင္ အင္အားအေနနဲ႔ ယွဥ္ႏိုင္ပါ့မလား။

ကိုကိုႀကီး။   ။ က်ေနာ္တို႔က လုပ္ႏုိင္သေလာက္ ကိုယ္စြမ္း ဉာဏ္စြမ္း ရွိသေလာက္ ျဖည့္စည္းသြားဖို႔ လုပ္သြားဖို႔ပဲ အဓိက ရည္ရြယ္ပါတယ္။ က်န္တာကေတာ့ က်ေနာ္တို႔ ႏုိင္ငံေရးပါတီ တခုအျဖစ္ ရပ္တည္တဲ့အခ်ိန္ လူထု ဆႏၵသေဘာထားကို ေကာက္ယူတဲ့ ခံယူတဲ့အခ်ိန္မွာ လူထုရဲ႕ တုန္႔ျပန္မႈအေပၚမွာပဲ မူတည္ပါတယ္။ က်ေနာ္တို႔ကေတာ့ အ႐ိုးသားဆံုးနဲ႔ အေကာင္းဆံုး က်ေနာ္တို႔ ျဖည့္စည္းေဆာင္ရြက္သြားဖို႔ပဲ က်ေနာ္တို႔ ႀကိဳးစားသြားမွာပါ။

သားညြန္႔ဦး။   ။ ေနာက္တခုက အတိုက္အခံအင္အားစုေတြနဲ႔ပတ္သက္လို႔ ၈၈ အပါအဝင္ေပါ့ အင္အားစုေတြအေနနဲ႔ NLD အစိုးရအေပၚမွာ Check and Balance အေနနဲ႔ ရပ္သြားမလား။ ပူးေပါင္းသြားမလား ဘယ္လိုအေနအထားမ်ိဳးနဲ႔ ရပ္တည္သြားမလဲ။

ကိုကိုႀကီး။    ။ ဆိုေတာ့ က်ေနာ္တို႔က ဓမၼနဲ႔ အဓမၼ အေနနဲ႔ပဲ စဥ္းစား ဆံုးျဖတ္သြားမွာပါ။ ဆိုေတာ့ ေကာင္းတာေတြ တိုးတက္တာေတြ မွန္သမွ်ကို က်ေနာ္တို႔က ေထာက္ခံသြားမယ္။ ပံ့ပိုးသြားမယ္။ ေနာက္တခါ တခ်ိဳ႕ ေျပာသင့္ေျပာထိုက္တဲ့ အၾကံျပဳသင့္တဲ့ ေဝဖန္သင့္တာေတြ ရွိရင္လည္းပဲ က်ေနာ္တို႔ မိတ္ဖက္ အၾကံေပးမႈ ပံုစံမ်ိဳးေတြနဲ႔ပဲ ေဝဖန္ေထာက္ျပတာေတြ အၾကံေပးတာေတြ လုပ္သြားမွာပါ။

ကိုကိုႀကီးကို ကိုသားညြန္႔ဦးက ေတြ႔ဆံုေမးျမန္းခဲ့တာျဖစ္ပါတယ္။ အသံဖုိင္မွာလည္း အျပည့္အစံု နားဆင္ႏုိင္ပါတယ္။
http://burmese.voanews.com/content/generation-of-88-next-step/3057164.html
..........................
 ၈၈မျိုးဆက် နိုင်ငံရေး ပါတီ ထောင်မည်

သားညွန့်ဦး

14.11.2015 05:05

၈၈ မျိုးဆက် အင်အားစုတွေအနေနဲ့ နိုင်ငံရေးပါတီတစ်ခု တည်ထောင်သွားဖို့ ရှိတယ်လို့ ကိုကိုကြီးက ဗွီအိုအေ မြန်မာပိုင်း နဲ့ တွေ့ဆုံမေးမြန်းရာ မှာ ပြောလိုက်ပါတယ်။ အတိုက်အခံ ပါတီတစ်ရပ်အနေနဲ့ အစိုးရရဲ့ လုပ်ဆောင်ချက် နဲ့ ပတ်သက်ပြီး၊ မှန်တာကို ထောက်ခံပြီး မှားတာကို ဝေဖန်သွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားတာကို အသံဖိုင်မှာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

သားညွန့်ဦး။   ။ အစိုးရဖွဲ့ဖို့တွေ ဘာတွေနဲ့ပတ်သက်ပြီး ၈၈မျိုးဆက်ကို ကမ်းလှမ်းတာမျိုးတွေ ရှိပါသလား။

ကိုကိုကြီး။    ။ မရှိပါဘူး။

သားညွန့်ဦး။   ။ နောက်တခုက ကိုကိုကြီးနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ကိုကိုကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပထမ ကိုယ်စားလှယ်အနေနဲ့ ဝင်ရွေးဖို့ လုပ်တယ်။ နောက် မပါလာဘူးပေါ့။ အဲ့ဒီ့တော့ ကိုကိုကြီးအနေနဲ့ ဘယ်လို ရပ် သွားမလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ပဲ ရပ်သွားမလား။ တခြား စဉ်းစားချက် ဘယ်လိုရှိပါသလဲ။

ကိုကိုကြီး။    ။ ကျနော် ပထမ စဉ်းစားချက်ကတော့ တော်တော် များများ ပြည်သူတွေ ကလဲ မျှော်လင့်တယ်။ ၈၈ခေါင်းဆောင်တွေအနေနဲ့ NLD နဲ့ ပူးပေါင်းဆောင်ရွက် သင့်တယ်။ ဘာကြောင့် မပူးပေါင်း မဆောင်ရွက်သလဲ အစရှိသဖြင့်ပေါ့။ ဆိုတော့ အဲ့ဒီ့အပေါ်မှာ ကျနော်တို့ ကြိုးစားခဲ့တယ်။ သို့သော် ဘာကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ လွန်ခဲ့တဲ့ ၂၈နှစ် နိုင်ငံရေး စလုပ်ကတည်းက ကျနော်တို့ရဲ့ ပုဂ္ဂလိက ကိစ္စတွေ အတွက် လုပ်ခဲ့ကြတာ မဟုတ်ဘူး။

ကျနော်တို့က နိုင်ငံကို အရွေ့တခု ဖြစ်သွားစေချင်တယ်။ ဒီလို လွှတ်တော် ကိုယ်စားလှယ် အဖြစ် လုပ်ဆောင်ခွင့် မရသည့်တိုင်အောင် လူထုမျှော်လင့်တဲ့ ထောက်ခံတဲ့သူတွေ လုပ်ပိုင်ခွင့် ရရှိသွားခြင်းနဲ့ပတ်သက်ပြီးတော့ ကျေျနာ်တို့ ဝမ်းသာအားရဖြစ်ပါတယ်။

သားညွန့်ဦး။   ။ ကိုကိုကြီးအနေနဲ့ရော တဦးချင်းအနေနဲ့ဖြစ်ဖြစ် ၈၈အင်အားစု အနေနဲ့ဖြစ်စေ ရှေ့နိုင်ငံရေးမှာ ဘယ်လိုရပ်သွားဖို့ စဉ်းစားချက် ရှိပါသလဲ။

ကိုကိုကြီး။    ။ ဆိုတော့ ကျနော်တို့ ၈၈မျိုးဆက် ခေါင်းဆောင်တွေလို့ ပြောရတာက တကယ်က ၈၈ ချည်းပဲ မဟုတ်ပါဘူး။ အခုကျနော်တို့ အဖွဲ့အစည်းရဲ့ နာမည်ကိုယ်နှိုက်က ၈၈မျိုးဆက်လို့ပဲ ပြောထားတာ။ ကျောင်းသားများ ဆိုတာကို ကျနော်တို့ ဖြုတ်လိုက်တယ်။ အဲ့တာ ဘာကြောင့်လဲဆိုတော့ ဒီ့ထက်ပိုပြီး ကျယ်ပြန့်တဲ့ သဘောကို အဓိပ္ပါယ်ကို ဆောင်စေချင်လို့ ၉၆၊ ၉လေးလုံး အစရှိသဖြင့် ဒီလူတွေ ဒီလူငယ်တွေ အားလုံးကို စုစည်းနိုင်ဖို့ ကျနော်တို့ ကြိုးစားကြတယ်။

အဲ့တော့ ရေရှည်နိုင်ငံရေးပုံစံနဲ့ ဆိုရင်တော့ ဒီ ၈၈မျိုးဆက်တွေ မျိုးဆက်အသီးသီးပေါ့ စုစည်းပြီးတော့ နိုင်ငံရေးပါတီတခုအဖြစ်နဲ့ရပ်တည်သွားဖို့ ကျနော်တို့ ဆွေးနွေးကြ တာတွေရှိပါတယ်။ အားလုံးတော့ ပါလာမှာ မဟုတ်ဘူးပေါ့။ တချို့လည်း အရပ်ဖက် အဖွဲ့အစည်းပုံစံနဲ့ ဆက်ပြီး ရပ်တည်မယ့် သူတွေလည်း ရှိမယ်။ နိုင်ငံရေးပါတီပုံစံနဲ့ ထဲထဲဝင်ဝင် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားတဲ့သူတွေလည်း ရှိပါတယ်။

သားညွန့်ဦး။   ။ အခုအနေအထားကလည်း လူထုထောက်ခံမှု ရွေးကောက်ပွဲ ရလဒ်ကို ကျနော်တို့ ကြည့်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ ပါတီကိုပဲ မဲပေးပါဆိုတော့ လူထုကလည်း အဲ့လိုပဲ ပေးလိုက်ပုံ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြဇာကလည်း အင်မတန် ကြီးပါတယ်။ ၈၈တွေက ဒီလို ပါတီတရပ် အနေနဲ့ ဖွဲ့လာမယ်ဆိုရင် အင်အားအနေနဲ့ ယှဉ်နိုင်ပါ့မလား။

ကိုကိုကြီး။   ။ ကျနော်တို့က လုပ်နိုင်သလောက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ဖြည့်စည်းသွားဖို့ လုပ်သွားဖို့ပဲ အဓိက ရည်ရွယ်ပါတယ်။ ကျန်တာကတော့ ကျနော်တို့ နိုင်ငံရေးပါတီ တခုအဖြစ် ရပ်တည်တဲ့အချိန် လူထု ဆန္ဒသဘောထားကို ကောက်ယူတဲ့ ခံယူတဲ့အချိန်မှာ လူထုရဲ့ တုန့်ပြန်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ကတော့ အရိုးသားဆုံးနဲ့ အကောင်းဆုံး ကျနော်တို့ ဖြည့်စည်းဆောင်ရွက်သွားဖို့ပဲ ကျနော်တို့ ကြိုးစားသွားမှာပါ။

သားညွန့်ဦး။   ။ နောက်တခုက အတိုက်အခံအင်အားစုတွေနဲ့ပတ်သက်လို့ ၈၈ အပါအဝင်ပေါ့ အင်အားစုတွေအနေနဲ့ NLD အစိုးရအပေါ်မှာ Check and Balance အနေနဲ့ ရပ်သွားမလား။ ပူးပေါင်းသွားမလား ဘယ်လိုအနေအထားမျိုးနဲ့ ရပ်တည်သွားမလဲ။

ကိုကိုကြီး။    ။ ဆိုတော့ ကျနော်တို့က ဓမ္မနဲ့ အဓမ္မ အနေနဲ့ပဲ စဉ်းစား ဆုံးဖြတ်သွားမှာပါ။ ဆိုတော့ ကောင်းတာတွေ တိုးတက်တာတွေ မှန်သမျှကို ကျနော်တို့က ထောက်ခံသွားမယ်။ ပံ့ပိုးသွားမယ်။ နောက်တခါ တချို့ ပြောသင့်ပြောထိုက်တဲ့ အကြံပြုသင့်တဲ့ ဝေဖန်သင့်တာတွေ ရှိရင်လည်းပဲ ကျနော်တို့ မိတ်ဖက် အကြံပေးမှု ပုံစံမျိုးတွေနဲ့ပဲ ဝေဖန်ထောက်ပြတာတွေ အကြံပေးတာတွေ လုပ်သွားမှာပါ။

ကိုကိုကြီးကို ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ အသံဖိုင်မှာလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။
http://burmese.voanews.com/content/generation-of-88-next-step/3057164.html

No comments:

Post a Comment