Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, November 19, 2015
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံ တကာသံတမန် ၆ဝ ကျော် နဲ့ တွေ့ဆုံဆွေးနွေး
နိုဝင်ဘာလ ၁၉ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာသံတမန် ကိုယ်စားလှယ် ၆၁ ဦးနဲ့ နေပြည်တော် တရားဥပဒေစိုးမိုးရေးရုံးမှာ တွေ့ဆုံခဲ့စဉ်။ NLD Office
အဲ့ဒီတွေ့ဆုံပွဲမှာ အမေရိကန်သံအမတ်ကြီး Derek Mitchell ၊ ဗြိတိန်သံအမတ်ကြီး Andrew Patrick ၊ တရုတ်သံအမတ်ကြီး Hong Liang တို့လည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်သံအမတ်ကြီးတွေကို ဘာတွေ ဆွေးနွေးဖြစ်သလဲမေးမြန်းရာမှာ ဆွေးနွေးပွဲဟာ ကောင်းမွန်ကြောင်းသာပြောပြီး မှတ်ချက်ပြုဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
RFA Burmese
..................................................
ေဒါ်အောင်ဆန်းစုကြည် နိုင်ငံ တကာသံတမန် ၆ဝ ကျော် နဲ့ တွေ့ဆုံဆွေးနွေး
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာသံတမန် ကိုယ်စားလှယ် ၆၁ ဦးနဲ့ ဒီကနေ့ နေပြည်တော်က တရားဥပဒေစိုးမိုးရေးရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
အဲ့ဒီတွေ့ဆုံပွဲမှာ အမေရိကန်သံအမတ်ကြီး Derek Mitchell ၊ ဗြိတိန််သံအမတ်ကြီး Andrew Patrick ၊ တရုတ်သံအမတ်ကြီး Hong Liang တို့လည်း တက်ရောက်ခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန််သံအမတ်ကြီးတွေကို ဘာတွေ ဆွေးနွေးဖြစ်သလဲမေးမြန်းရာမှာ ဆွေးနွေးပွဲဟာ ကောင်းမွန်ကြောင်းသာပြောပြီး မှတ်ချက်ပြုဖြေဆိုဖို့ ငြင်းဆန််ပါတယ်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင်က တရားဥပဒေစိုးမိုးရေးနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲအလွန်ကိစ္စတွေကို ဆွေးနွေးဖြစ် တယ်လို့ ပြောပါတယ်။
"ရွေးကောက်ပွဲကိစ္စတွေ ရွေးကောက်ပွဲမတိုင်မီကာလရဲ့ ရွေးကောက်ပွဲအခြေအနေ၊ နောက်တစ်ခါ ရွေးကောက်ပွဲ အလွန်ကာလတွေမှာ မဲရုံကိစ္စ အဓိကဆွေးနွေးကြတာပေါ့၊ သံတမန်ပိုင်းကတော့ သူတို့ ဒီအပြောင်းအလဲကာလ မှာ မပြောင်းလဲခင်နဲ့ ပြောင်းလဲကာလ နောက် အပြောင်းလဲလွန်ကာလမှာ ဖြစ်ပေါ်လာတဲ့အနေအထားတွေ ဒါလေးကိုသူတို့က မေးမြန်းဆွေးနွေးတာပါ"
အသေးစိတ်ဘာတွေ ဆွေးနွေးတယ်ဆိုတာကိုတော့ ပြောဆိုဖို့ ငြင်းဆန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာ သံတမန်အတော်များများ နဲ့ တွေ့ဆုံနေတာဖြစ်ပြီး တရုတ်သံအမတ် Mr. Hong Liang နဲ့လည်း နိုဝင်ဘာလ ၁၈ ရက်နေ့က သီးသန့််တွွေ့ဆုံ ခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment