Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, November 21, 2015

ဂ်ပန္ကို အေစာဆုံး လာရန္ ေဒၚေအာင္ဆန္းစုၾကည္ကို ဖိတ္ၾကား


ဧရာ၀တီ| November 21, 2015 |
ဂ်ပန္ကို အေစာဆုံး လာရန္ ေဒၚေအာင္ဆန္းစုၾကည္အား ဂ်ပန္ဝန္ၾကီးခ်ဳပ္ ရွင္ဇိုအာေဘးက ဖိတ္ၾကားလိုက္ေၾကာင္း ဂ်ပန္ႏိုင္ငံျခားေရးဝန္ၾကီးဌာနကို ကိုးကား၍ ဂ်ီဂ်ီသတင္းဌာနက ေရးသားထားသည္။ ဂ်ပန္ဝန္ၾကီးခ်ဳပ္၏ သဝဏ္လႊာတြင္ ႏိုဝင္ဘာ ၈ ရက္ ေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD)က အႏိုင္ရရွိမႈကို ဝမ္းေျမာက္ဂုဏ္ယူေၾကာင္း ေဖာ္ျပထားသည္ဟု သိရသည္။ ဂ်ပန္ဝန္ၾကီးခ်ဳပ္၏ သဝဏ္လႊာကို ျမန္မာျပည္ အမ်ိဳးသားရင္ၾကားေစ့ေရး ဂ်ပန္အထူးကိုယ္စားလွယ္ Yohei Sasakawa မွတဆင့္ ရန္ကုန္လာစဥ္ NLD ထိပ္တန္းအဖြဲ႕ဝင္တဦးအား ေပးအပ္ခဲ့သည္ဟုလည္း သိရသည္။
Irrawaddy
...............
ဂျပန်ကို အစောဆုံး လာရန် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား
ဧရာဝတီ| November 21, 2015 |
ဂျပန်ကို အစောဆုံး လာရန် ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖိတ်ကြားလိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကား၍ ဂျီဂျီသတင်းဌာနက ရေးသားထားသည်။ ဂျပန်ဝန်ကြီးချုပ်၏ သဝဏ်လွှာတွင် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အနိုင်ရရှိမှုကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ဖော်ပြထားသည်ဟု သိရသည်။ ဂျပန်ဝန်ကြီးချုပ်၏ သဝဏ်လွှာကို မြန်မာပြည် အမျိုးသားရင်ကြားစေ့ရေး ဂျပန်အထူးကိုယ်စားလှယ် Yohei Sasakawa မှတဆင့် ရန်ကုန်လာစဉ် NLD ထိပ်တန်းအဖွဲ့ဝင်တဦးအား ပေးအပ်ခဲ့သည်ဟုလည်း သိရသည်။
Irrawaddy

No comments:

Post a Comment