Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 23, 2015

မအဂၤါထဲ ေသနတ္ဖြက္ထားတဲ႔အမ်ိဳးသမီးကို ေထာင္ ၃ႏွစ္ခ်



အမ်ိဳးသမီးတစ္ေယာက္ဟာ သူ႔ရဲ႕ ေယာနိထဲကို က်ည္ဆံအျပည္႔ျဖည္႔ထားတဲ႔ ေသနတ္ ဖြက္ထားခဲ႔တာေၾကာင္႔ ေထာင္သံုးႏွစ္ခ်မွတ္ခဲ႔တယ္လို႔ သတင္းရရွိပါတယ္။

သူ႔နာမည္ကေတာ႔ Dallas Archer ပါ။ အေမရိကန္ျပည္ေထာင္စု၊ တန္နက္စ္စီျပည္နယ္၊ ကင္းစေပါ႔ၿမိဳ႕မွာ ယာဥ္စီးကမ္းခ်ိဳးေဖာက္ရာကေန တရားမဝင္လက္နက္သယ္ေဆာင္မႈနဲ႔ တရားစြဲဆိုခံခဲ႔ရတာပါ။

အသက္ ၂၁ႏွစ္ရွိၿပီျဖစ္တဲ႔သူ႔ကို လိုင္စင္ သံသယမႈနဲ႔ ကားရပ္ခိုင္းခဲ႔ၿပီး စစ္ေဆးခဲ႔ရာ သူ႔ရဲ႕ေပါင္ၾကားမွာ အမ်ိဳးအမည္မသိ ပစၥည္းတစ္ခုကို ရဲေတြက ရွာေဖြေတြ႕ရွိခဲ႔ပါတယ္။ အမ်ိဳးသမီး ရဲအရာရွိဟာ သူ႔ကို အိမ္သာထဲေခၚသြားၿပီး စစ္ေဆးရာမွ သူ႔ရဲ႕ ပစၥည္းထဲမွာဖြက္ထားတဲ႔ .22 ပစၥတိုတစ္လက္ကို ရွာေဖြေတြ႔ရွိခဲ႔တာပဲျဖစ္ပါတယ္။

ဒီေသနတ္ကို ကားအေရာင္းသမားေဟာင္း အသက္ ၇၀အရြယ္ရွိ John Souther ရဲ႕ကားထဲကေန ခိုးယူခဲ႔တာျဖစ္ေၾကာင္း စံုစမ္းသိရွိခဲ႔ရပါတယ္။ လိုင္စင္မရွိမႈ၊ အာမခံမျပႏုိင္မႈ၊ လက္သရမ္းဖ်က္စီးမႈ၊ ေဆးေျခာက္ လက္ဝယ္ေတြ႔မႈ၊ တရားရံုးမတက္မႈ ေတြအပါအဝင္ အျခားျပစ္မႈေတြနဲ႔ အျပစ္ရွိေၾကာင္းထင္ရွားတဲ႔အတြက္ ေထာင္ ၃ႏွစ္ခ်မွတ္ခဲ႔တာပါ။

သူ ဘာေၾကာင္႔ ေသနတ္ကို သူ႔မိန္းမအဂၤါထဲမွာ ဖြက္ထားခဲ႔လဲဆိုတဲ႔အေၾကာင္းကို သူဘယ္တုန္းကမွ မေျဖခဲ႔ဘူးလို႔ ေရွ႕ေနျဖစ္သူ Daniel Cantwell ကေျပာခဲ႔ပါတယ္။

( Skyler )

#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)

#knowledge.thithtoolwin.com

Ref: Mirror

....................................

မအင်္ဂါထဲ သေနတ်ဖွက်ထားတဲ့အမျိုးသမီးကို ထောင် ၃နှစ်ချ


အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ယောနိထဲကို ကျည်ဆံအပြည့်ဖြည့်ထားတဲ့ သေနတ် ဖွက်ထားခဲ့တာကြောင့် ထောင်သုံးနှစ်ချမှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သူ့နာမည်ကတော့ Dallas Archer ပါ။ အမေရိကန်ပြည်ထောင်စု၊ တန်နက်စ်စီပြည်နယ်၊ ကင်းစပေါ့မြို့မှာ ယာဉ်စီးကမ်းချိုးဖောက်ရာကနေ တရားမဝင်လက်နက်သယ်ဆောင်မှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့သူ့ကို လိုင်စင် သံသယမှုနဲ့ ကားရပ်ခိုင်းခဲ့ပြီး စစ်ဆေးခဲ့ရာ သူ့ရဲ့ပေါင်ကြားမှာ အမျိုးအမည်မသိ ပစ္စည်းတစ်ခုကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီး ရဲအရာရှိဟာ သူ့ကို အိမ်သာထဲခေါ်သွားပြီး စစ်ဆေးရာမှ သူ့ရဲ့ ပစ္စည်းထဲမှာဖွက်ထားတဲ့ .22 ပစ္စတိုတစ်လက်ကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီသေနတ်ကို ကားအရောင်းသမားဟောင်း အသက် ရ၀အရွယ်ရှိ John Souther ရဲ့ကားထဲကနေ ခိုးယူခဲ့တာဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပါတယ်။ လိုင်စင်မရှိမှု၊ အာမခံမပြနိုင်မှု၊ လက်သရမ်းဖျက်စီးမှု၊ ဆေးခြောက် လက်ဝယ်တွေ့မှု၊ တရားရုံးမတက်မှု တွေအပါအဝင် အခြားပြစ်မှုတွေနဲ့ အပြစ်ရှိကြောင်းထင်ရှားတဲ့အတွက် ထောင် ၃နှစ်ချမှတ်ခဲ့တာပါ။

သူ ဘာကြောင့် သေနတ်ကို သူ့မိန်းမအင်္ဂါထဲမှာ ဖွက်ထားခဲ့လဲဆိုတဲ့အကြောင်းကို သူဘယ်တုန်းကမှ မဖြေခဲ့ဘူးလို့ ရှေ့နေဖြစ်သူ Daniel Cantwell ကပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Mirror


No comments:

Post a Comment