Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 1, 2015

Warren‬ Buffet ၏ ရင်းနှီးမြှုပ်နှံမှု့  ဆိုင်ရာနည်းနာများ

Warren Buffet ဟာကုမ္ပဏီတခုမှာ သူ့ ရဲ့  ငွေတွေကိုရင်းနှီးမြှုပ်နှံဖို့  အဲဒီ company ရဲ့  stock share တွေကို ဝယ်တော့မယ်ဆိုရင် အောက်ပါအချက်လေးချက်နဲ့  ချိန်ထိုး နှိုင်းယှဉ်ကြည့်ပြီး ကိုက်ညီတယ်ဆိုမှ ဝယ်လေ့ရှိတယ်၊၊

၁) stock တခုဟာ market ရဲ့  အခြေအနေကို အမြဲတမ်းသတိရှိစွာနဲ့  စောင့်ကြည့်လေ့လာအကဲဖြတ်မှု့  ကျွမ်းကျင်တဲ့ ခေါင်းဆောင်တယောက်ရဲ့  စီမံခံခွဲမှု့ အောက်မှာရှိရမယ်...

၂) stock တခုဟာ ရေရှည်မှာ အလားလာကောင်းနိုင်မယ့်အခြေအနေရှိရမယ်...

၃) stock တခုဟာ ခိုင်မာမှု့ ရှိရမယ်၊ ပြီးတော့ မိမိနားလည်နိုင်တဲ့ နယ်ပယ်ထဲကဖြစ်ရမယ် ( warren buffet ဟာသူ မကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်တဲ့ Internet လောကမှာဘယ်တော့မှ ရင်းနှီးမြှုပ်နှံမှု့  လုပ်လေ့မရှိဘူး)

၎) stock တခုဟာ undervalued ( PE ratio နည်းတဲ့ stock ) ဖြစ်ရမယ်၊ Market မှာ တကယ်ရှိသင့်တဲ့တန်ဖိုးထက်နည်းရမယ်၊

warren buffet ဟာ သူရဲ့  စည်းမျဉ်း၂ ခုဖြစ်တဲ့ Rule one - Never lose money . Rule two- don't forget rule one ဆိုတဲ့ အတိုင်းသူ့ ရဲ့  ရင်းနှီးမြှုပ်နှံမှု့ ကို အသေချာဆုံး နဲ့  ဆုံးရှုံးနိုင်မှု့  အနည်းဆုံးဖြစ်အောင်တွက်ချက်ပြီးမှ Stock များကို ဝယ်ယူတဲ့အတွက်ကြောင့် ကမ္ဘာ ဒုတိယအချမ်းသာဆုံး Billionaire တယောက်ဖြစ်လာခဲ့ပါတယ်၊၊
C2
Yangon Stock Exchange-ရန်ကုန် စတော့အိတ်ချိန်း

No comments:

Post a Comment