Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 11, 2015

တစ္ကယ္ လက္ေတြ႕မွာ ဗလ မေတာင့္တဲ့ Vin Diesel


ပရိတ္သတ္ေတြအားလံုးက Vin Diesel ဆိုတဲ့ မင္းသားႀကီးကို စြပ္က်ယ္ အက်ီ နဲ႔ အက္ရွင္ကားေတြမွာ ျမင္ဖူးေနေတာ့ ဗလေတာင့္ေတာင့္ မင္းသားလို႔ ထင္ေနၾကတာပါ။ ဒါေပမယ့္လည္း ဒီတစ္ပတ္မွာ Vin Diesel ရဲ႕ အက်ီၤ ကိုယ္ေျပာင္နဲ႔ ဓါတ္ပံုကို ေတြ႕လိုက္တဲ့အခါမွာေတာ့ ထင္ထားတဲ့အတိုင္း ဗလ ေတြမရွိတာကို ေတြ႕လိုက္ရပါတယ္။

Fast & Furious ဇာတ္လမ္းတြဲေတြရဲ႕ မင္းသားျဖစ္သူ Vin Diesel ဟာ မိုင္ယာမီ ကမ္းေျခက ဟိုတယ္မွာ အပန္းေျဖေနရင္း ၀ရန္တာ ထြက္လာတဲ့ပံုကို ဓါတ္ပံုရိုက္ကူးထားတာျဖစ္ပါတယ္။ ဓါတ္ပံုထဲမွာေတာ့ Vin Diesel ဟာ လက္ေမာင္းၾကြက္သား ေတြ ၊ ရင္အုပ္ ၾကြက္သားေတြ နဲ႔ ဗိုက္ၾကြက္သား Six Pack လည္း မရွိပါဘူး။ ဗိုက္ပူ ၿပီး ခပ္၀၀ ခႏၶာကိုယ္မ်ိဳးနဲ႔သာ ျဖစ္ေနပါတယ္။

အသက္ ၄၈ ႏွစ္ရွိေနၿပီျဖစ္တဲ့ မင္းသားဟာ ဓါတ္ပံုထဲမွာေတာ့ Boxer ေဘာင္းဘီတစ္ထည္သာ ၀တ္ဆင္ထားၿပီး ေဆးေျခာက္ေသာက္ထားတဲ့ မ်က္ႏွာ အေနအထားမ်ိဳးနဲ႔ ျဖစ္ေနတယ္လုိ႔လည္း သတင္းေတြက ေဖာ္ျပထားပါတယ္။

Vin Diesel ရဲ႕ ဓါတ္ပံုေတြဟာ Fast & Furious ဇာတ္လမ္း အသစ္ ထပ္မံ ထြက္ရွိဦးမယ္ဆိုတဲ့ သတင္းကို အတည္ျပဳၿပီးေနာက္မွာ မွ ထြက္ေပၚလာတာျဖစ္ပါတယ္။ ကေလး ၃ ေယာက္ရဲ႕ ဖခင္ျဖစ္တဲ့ Vin Diesel က  လက္ရွိမွာ Fast & Furious ဇာတ္လမ္း ရဲ႕ ၈ ခု ေျမာက္ ဇာတ္လမ္း ကို ရိုက္ကူးဖို႔အတြက္ ဒါရိုက္တာ တစ္ေယာက္ကို လိုက္ရွာေနၿပီး သူဟာ ေနာက္ထပ္ ၃ ကား ေလာက္ထပ္ရိုက္ခ်င္ေသးတယ္လို႔လည္း ဆိုထားပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Mirror
.................................................................
ပရိတ်သတ်တွေအားလုံးက Vin Diesel ဆိုတဲ့ မင်းသားကြီးကို စွပ်ကျယ် အကျီ နဲ့ အက်ရှင်ကားတွေမှာ မြင်ဖူးနေတော့ ဗလတောင့်တောင့် မင်းသားလို့ ထင်နေကြတာပါ။ ဒါပေမယ့်လည်း ဒီတစ်ပတ်မှာ Vin Diesel ရဲ့ အကျီင်္ ကိုယ်ပြောင်နဲ့ ဓါတ်ပုံကို တွေ့လိုက်တဲ့အခါမှာတော့ ထင်ထားတဲ့အတိုင်း ဗလ တွေမရှိတာကို တွေ့လိုက်ရပါတယ်။

Fast & Furious ဇာတ်လမ်းတွဲတွေရဲ့ မင်းသားဖြစ်သူ Vin Diesel ဟာ မိုင်ယာမီ ကမ်းခြေက ဟိုတယ်မှာ အပန်းဖြေနေရင်း ၀ရန်တာ ထွက်လာတဲ့ပုံကို ဓါတ်ပုံရိုက်ကူးထားတာဖြစ်ပါတယ်။ ဓါတ်ပုံထဲမှာတော့ Vin Diesel ဟာ လက်မောင်းကြွက်သား တွေ ၊ ရင်အုပ် ကြွက်သားတွေ နဲ့ ဗိုက်ကြွက်သား Six Pack လည်း မရှိပါဘူး။ ဗိုက်ပူ ပြီး ခပ်ဝဝ ခန္ဓာကိုယ်မျိုးနဲ့သာ ဖြစ်နေပါတယ်။

အသက် ၄၈ နှစ်ရှိနေပြီဖြစ်တဲ့ မင်းသားဟာ ဓါတ်ပုံထဲမှာတော့ Boxer ဘောင်းဘီတစ်ထည်သာ ၀တ်ဆင်ထားပြီး ဆေးခြောက်သောက်ထားတဲ့ မျက်နှာ အနေအထားမျိုးနဲ့ ဖြစ်နေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

Vin Diesel ရဲ့ ဓါတ်ပုံတွေဟာ Fast & Furious ဇာတ်လမ်း အသစ် ထပ်မံ ထွက်ရှိဦးမယ်ဆိုတဲ့ သတင်းကို အတည်ပြုပြီးနောက်မှာ မှ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကလေး ၃ ယောက်ရဲ့ ဖခင်ဖြစ်တဲ့ Vin Diesel က  လက်ရှိမှာ Fast & Furious ဇာတ်လမ်း ရဲ့ ၈ ခု မြောက် ဇာတ်လမ်း ကို ရိုက်ကူးဖို့အတွက် ဒါရိုက်တာ တစ်ယောက်ကို လိုက်ရှာနေပြီး သူဟာ နောက်ထပ် ၃ ကား လောက်ထပ်ရိုက်ချင်သေးတယ်လို့လည်း ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment