Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 22, 2015

တိုင္ၾကားခ်က္ ၇၀ ေက်ာ္ UEC လက္ခံ ရရိွ

ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒နဲ႔ တာဝန္ရွိသူမ်ား။ 
 ေရြးေကာက္ပြဲ မဲဆြယ္စည္းရံုးတဲ့ ကာလအတြင္း ဥပေဒအရ တိုင္ၾကားမွဳ ၇၀ ေက်ာ္ ရွိခဲ့တယ္လို႔ ေရြးေကာက္ပြဲ ေကာ္မရွင္ကေျပာပါတယ္။ ဒီတိုင္တန္းမႈေတြမွာ အက်ိဳး ဖ်က္ဆီးမႈ၊ ႏိုင္ငံေရးပါတီ အခ်င္းခ်င္း တိုင္တန္းမႈ၊ အမ်ားျပည္သူက ပါတီေတြနဲ႔ ကိုယ္စားလွယ္ေလာင္းေတြကို တိုင္တန္းမႈ စတဲ့အမႈေတြပါတယ္ လို႔ ေရြးေကာက္ပြဲ ေကာ္မရွင္ကေျပာပါတယ္။ ဒီသတင္းကို ဗီြအိုေအျမန္မာပိုင္းက ေမခက ေပးပို႔ထားပါတယ္။

ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္ အျဖစ္အပ်က္ ၉၀ေက်ာ္ ျဖစ္ပြားခဲ့တာမွာ အမႈဖြင့္တိုင္ၾကားမႈဟာ ၇၀ေက်ာ္ ရွိခဲ့တယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္၊ ႏိုင္ငံေရးပါတီမ်ား ဌာနခြဲမွ ညႊန္ၾကားေရးမႈး ဦးဝင္းကိုက ဗီြအိုေအ ေမးျမန္းမႈကိုေျဖၾကားခဲ့ပါတယ္။

“ျဖစ္စဥ္က ၉၄ ခု ေလာက္ရွိတယ္။ အဲဒီအထဲမွာ အမႈဖြင့္လာတာက ၇၄ မႈရွိတယ္။ အမႈမဖြင့္ပဲ ရွိတာက ၁၆ မႈရွိတယ္။ အဲဒီအမႈထဲမွာ ပါတီ၀င္ေတြ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြ တိုင္တာက ၅၄ မႈရွိတယ္။ သူတို႔က တရားလို တိုင္တာ။ သူတို႔ အတိုင္ခံရတာက ၆ မႈရွိတယ္။ အမ်ားျပည္သူက တရားလို လုပ္တိုင္တာက ၄ မႈရွိတယ္။ ေနာက္တခါ ရိုးရိုးေပါ့၊ အမ်ားျပည္သူဆိုတာက ပါတီေထာက္ခံသူတို႔ ၊ ရိုးရိုးမဲဆႏၵရွင္ေတြပါတာတို႔ သူတို႔ အတိုင္ခံရတာက ၃၁ မႈရွိတယ္။ ႏိုင္ငံေတာ္ အစိုးရ ဌာနျဖစ္တဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႔အစည္းကတိုင္တာက တရားလိုလုပ္ၿပီးတိုင္တာက ၁ မႈရွိတယ္။ အဲဒီဌာန ဆိုင္ရာကိုပဲ အတိုင္ခံရတာက ၂ မႈရွိတယ္။”

တိုင္ၾကားမႈေတြမွာ ဘယ္ပါတီကို အမ်ားဆံုး တိုင္တန္းခံရသလဲ ဆိုတာကိုေတာ့ ေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ေဖာ္ ေျပာဆိုဖို႔ အတြက္ စာရင္း စုစည္းဆဲျဖစ္တာေၾကာင့္ တိက်စြာေျပာဖို႔ခက္တယ္လို႔ ေျပာပါတယ္။ လတ္တေလာမွာ ႏိုင္ငံ ေရးပါတီေတြကေန တိုင္တန္းမႈေတြမွာ အက်ိဳးဖ်က္ဆီးမႈ၊ ႏိုင္ငံေရးပါတီအခ်င္းခ်င္းတိုင္တန္းမႈ၊ အမ်ားျပည္သူက ပါတီေတြနဲ႔ ကိုယ္စားလွယ္ေလာင္းေတြကိုတိုင္တန္းမႈေတြမ်ားတယ္လို႔ ဦးဝင္းကိုက ခုလိုေျပာပါတယ္။

“ႏိုင္ငံေရးပါတီအခ်င္း တိုင္တာလည္းရွိတယ္။ အမ်ားျပည္သူက တိုင္တာလည္း ရွိတယ္။ အတိုင္ခံရဆံုး ကေတာ့ ၂ ပိုင္းရွိတယ္။ အမ်ားစုကေတာ့ တည္ဆဲ ရာဇသတ္ႀကီး ဥပေဒေတြနဲ႔ တိုင္တာမ်ားပါတယ္။ ဆိုင္းဘုတ္ဖ်က္ဆီးခံရတယ္ အက်ိဳးဖ်က္ဆီးမႈေပါ့၊ ေနာက္တခါ အလြဲသံုးစားလုပ္တယ္။ ၄၀၃ ေပါ့။ ေနာက္တခါ ရိုက္တယ္၊ ႏွက္တယ္။ နာက်င္ေစမႈေပါ့ ၃၂၅ တို႔ဘာတို႔၊ ေနာက္တခါ ေက်ာ္နင္း ၀င္ေရာက္တယ္။ ၄၂၇ တို႔ဘာတို႔ ၊ ဒီလိုဟာေတြက မ်ားပါတယ္။ ေရြးေကာက္ပြဲျပစ္မႈ နဲ႔ ဘာတို႔ ကေတာ့ နည္းတယ္၊

လက္ရွိခ်ိန္ထိတိုင္တန္းမႈတိုင္းကို မွ်တစြာဆံုးျဖတ္ႏိုင္ဖို႔ အေကာင္းဆံုး ႀကိဳးစားေနတယ္လို႔ ေကာ္မရွင္ဘက္ကေျပာေပမယ့္ ဥပေဒခ်ိဳးေဖာက္ မဲဆြယ္စည္းရုံးမႈမ်ားႏွင့္ ပတ္သက္၍ ျပည္ေထာင္စုေရြးေကာက္ပဲြ ေကာ္မရွင္ကို တုိင္ၾကားထား ေပမယ့္ ထိေရာက္တဲ့ အေရးယူမႈ မရွိေၾကာင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ေဒၚေအာင္ဆန္းစုၾကည္ က ေအာက္ တိုဘာ ၂၁ရက္ေန႔က ေဝဖန္ ေျပာဆိုထားပါတယ္။

လက္ရွိအမႈေပါင္း ၇၀ ေက်ာ္မွာ ေအာက္တိုဘာ ၈ရက္ထိတိုင္တန္းထားတာရွိထားတဲ့ စာရင္းဘဲျဖစ္ပါတယ္။ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ဗဟိုလုပ္မႈေဆာင္ ဦးဉာဏ္၀င္း ကေတာ့ မဲဆြယ္စည္းရံုးမႈအပိုင္းေတြအျပင္ လႊတ္ေတာ္ က်င့္၀တ္ေတြ ေဖာက္ဖ်က္မႈေတြ အပါ တိုင္တန္းထားတာေတြလည္း ရွိတယ္လို႔ ခုလိုေျပာပါတယ္။

“တိုင္းေဒသႀကီးေတြမွာ ျဖစ္ေနတဲ့ စစ္မႈထမ္း ဗိုလ္မွဴးႀကီးေတြကို ေရြးေကာက္ပြဲမွာ အမည္စာရင္းထည့္တာေတြ အဲဒါကို အန္ကယ္တို႔က ဥပေဒမညီဘူးလို႔ အန္ကယ္တို႔ေျပာတယ္။ အဲဒါ တခ်က္ ။ အဲဒါက စစ္ဖက္ဆိုင္ရာ အမိန္႔ကို ျပန္ၾကည့္ပါတဲ့။ စစ္ဖက္ဆိုင္ရာအမိန္႔က အန္ကယ္ၾကည့္လို႔မရဘူး။ မသိဘူး၊ သူတို႔ေျဖရမွာ။ သမၼတကေနၿပီးေတာ့ စစ္မႈထမ္းျပန္ခန္႔တယ္လို႔ သတင္းစာထဲမွာပါတယ္။ ပါတဲ့ေန႔ကစၿပီး သူက ျပည္သူ႔ ၀န္ထမ္းျဖစ္သြားၿပီ။ ျပည္သူ႔၀န္ထမ္းျဖစ္သြားရင္ ေရြးေကာက္ပြဲ၀င္လို႔မရေတာ့ဘူး။ ဒါကိုရွင္းလင္းေအာင္ မေျဖႏိုင္ဘူးလို႔ အန္ကယ္ထင္တယ္။ က်ေနာ္ အခုေလာေလာဆယ္ ၂ ခုရွိတယ္။ ဒါေပမယ့္ ၁၄ ခုေလာက္ရွိႏိုင္တယ္။ တိုင္းနဲ႔ျပည္နယ္တိုင္းမွာ ရွိႏိုင္တာ။ တိုင္းနဲ႔ျပည္နယ္ နယ္လြန္၀န္ႀကီးေတြေလ။ အဲေတာ့ အန္ကယ္ေမးတာကို မေျဖႏိုင္ဘူး။ သူတို႔ တျခားဟာေျဖတယ္။ အဲဒီေတာ့ အဲလိုပဲ သေဘာေပါက္တယ္။”

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ဗဟိုလုပ္မႈေဆာင္ ဦးဉာဏ္ဝင္းက လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း က်င့္ဝတ္ေတြ ေဖာက္ဖ်က္မႈအေပၚ တိုင္တန္းထားတာနဲ႔ပတ္သတ္ၿပီးခုလိုေျပာျပခဲ့တာပါ။

ဒီလိုေထာက္ျပထား ေပမယ့္ ေရြးေကာက္ပြဲေကာ္မရွင္ဘက္ကေတာ့ ဒီလိုဥပေဒနဲ႔ ဆန္႔က်င္ၿပီး ေရြးေကာက္ခံတာမရွိဘူးလို႔ ျငင္းဆန္ ထားၿပီး ဘယ္လိုတိုင္ တန္း မႈကိုမဆို ထိေရာက္စြာ စစ္ေဆးအေရးယူေပးလ်က္ရွိ တယ္လို႔ တုံျပန္ေျပာဆိုထားပါ တယ္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..................................

တိုင်ကြားချက် ရ၀ ကျော် UEC လက်ခံ ရရှိ

 ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးတဲ့ ကာလအတွင်း ဥပဒေအရ တိုင်ကြားမှု ရ၀ ကျော် ရှိခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီတိုင်တန်းမှုတွေမှာ အကျိုး ဖျက်ဆီးမှု၊ နိုင်ငံရေးပါတီ အချင်းချင်း တိုင်တန်းမှု၊ အများပြည်သူက ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို တိုင်တန်းမှု စတဲ့အမှုတွေပါတယ် လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ် အဖြစ်အပျက် ၉၀ကျော် ဖြစ်ပွားခဲ့တာမှာ အမှုဖွင့်တိုင်ကြားမှုဟာ ရ၀ကျော် ရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ ဌာနခွဲမှ ညွှန်ကြားရေးမှုး ဦးဝင်းကိုက ဗွီအိုအေ မေးမြန်းမှုကိုဖြေကြားခဲ့ပါတယ်။

“ဖြစ်စဉ်က ၉၄ ခု လောက်ရှိတယ်။ အဲဒီအထဲမှာ အမှုဖွင့်လာတာက ရ၄ မှုရှိတယ်။ အမှုမဖွင့်ပဲ ရှိတာက ၁၆ မှုရှိတယ်။ အဲဒီအမှုထဲမှာ ပါတီဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ တိုင်တာက ၅၄ မှုရှိတယ်။ သူတို့က တရားလို တိုင်တာ။ သူတို့ အတိုင်ခံရတာက ၆ မှုရှိတယ်။ အများပြည်သူက တရားလို လုပ်တိုင်တာက ၄ မှုရှိတယ်။ နောက်တခါ ရိုးရိုးပေါ့၊ အများပြည်သူဆိုတာက ပါတီထောက်ခံသူတို့ ၊ ရိုးရိုးမဲဆန္ဒရှင်တွေပါတာတို့ သူတို့ အတိုင်ခံရတာက ၃၁ မှုရှိတယ်။ နိုင်ငံတော် အစိုးရ ဌာနဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းကတိုင်တာက တရားလိုလုပ်ပြီးတိုင်တာက ၁ မှုရှိတယ်။ အဲဒီဌာန ဆိုင်ရာကိုပဲ အတိုင်ခံရတာက ၂ မှုရှိတယ်။”

တိုင်ကြားမှုတွေမှာ ဘယ်ပါတီကို အများဆုံး တိုင်တန်းခံရသလဲ ဆိုတာကိုတော့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ဖော် ပြောဆိုဖို့ အတွက် စာရင်း စုစည်းဆဲဖြစ်တာကြောင့် တိကျစွာပြောဖို့ခက်တယ်လို့ ပြောပါတယ်။ လတ်တလောမှာ နိုင်ငံ ရေးပါတီတွေကနေ တိုင်တန်းမှုတွေမှာ အကျိုးဖျက်ဆီးမှု၊ နိုင်ငံရေးပါတီအချင်းချင်းတိုင်တန်းမှု၊ အများပြည်သူက ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကိုတိုင်တန်းမှုတွေများတယ်လို့ ဦးဝင်းကိုက ခုလိုပြောပါတယ်။

“နိုင်ငံရေးပါတီအချင်း တိုင်တာလည်းရှိတယ်။ အများပြည်သူက တိုင်တာလည်း ရှိတယ်။ အတိုင်ခံရဆုံး ကတော့ ၂ ပိုင်းရှိတယ်။ အများစုကတော့ တည်ဆဲ ရာဇသတ်ကြီး ဥပဒေတွေနဲ့ တိုင်တာများပါတယ်။ ဆိုင်းဘုတ်ဖျက်ဆီးခံရတယ် အကျိုးဖျက်ဆီးမှုပေါ့၊ နောက်တခါ အလွဲသုံးစားလုပ်တယ်။ ၄၀၃ ပေါ့။ နောက်တခါ ရိုက်တယ်၊ နှက်တယ်။ နာကျင်စေမှုပေါ့ ၃၂၅ တို့ဘာတို့၊ နောက်တခါ ကျော်နင်း ၀င်ရောက်တယ်။ ၄၂၇ တို့ဘာတို့ ၊ ဒီလိုဟာတွေက များပါတယ်။ ရွေးကောက်ပွဲပြစ်မှု နဲ့ ဘာတို့ ကတော့ နည်းတယ်၊

လက်ရှိချိန်ထိတိုင်တန်းမှုတိုင်းကို မျှတစွာဆုံးဖြတ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားနေတယ်လို့ ကော်မရှင်ဘက်ကပြောပေမယ့် ဥပဒေချိုးဖောက် မဲဆွယ်စည်းရုံးမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထား ပေမယ့် ထိရောက်တဲ့ အရေးယူမှု မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည် က အောက် တိုဘာ ၂၁ရက်နေ့က ဝေဖန် ပြောဆိုထားပါတယ်။

လက်ရှိအမှုပေါင်း ရ၀ ကျော်မှာ အောက်တိုဘာ ၈ရက်ထိတိုင်တန်းထားတာရှိထားတဲ့ စာရင်းဘဲဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုလုပ်မှုဆောင် ဦးဉာဏ်ဝင်း ကတော့ မဲဆွယ်စည်းရုံးမှုအပိုင်းတွေအပြင် လွှတ်တော် ကျင့်ဝတ်တွေ ဖောက်ဖျက်မှုတွေ အပါ တိုင်တန်းထားတာတွေလည်း ရှိတယ်လို့ ခုလိုပြောပါတယ်။

“တိုင်းဒေသကြီးတွေမှာ ဖြစ်နေတဲ့ စစ်မှုထမ်း ဗိုလ်မှူးကြီးတွေကို ရွေးကောက်ပွဲမှာ အမည်စာရင်းထည့်တာတွေ အဲဒါကို အန်ကယ်တို့က ဥပဒေမညီဘူးလို့ အန်ကယ်တို့ပြောတယ်။ အဲဒါ တချက် ။ အဲဒါက စစ်ဖက်ဆိုင်ရာ အမိန့်ကို ပြန်ကြည့်ပါတဲ့။ စစ်ဖက်ဆိုင်ရာအမိန့်က အန်ကယ်ကြည့်လို့မရဘူး။ မသိဘူး၊ သူတို့ဖြေရမှာ။ သမ္မတကနေပြီးတော့ စစ်မှုထမ်းပြန်ခန့်တယ်လို့ သတင်းစာထဲမှာပါတယ်။ ပါတဲ့နေ့ကစပြီး သူက ပြည်သူ့ ၀န်ထမ်းဖြစ်သွားပြီ။ ပြည်သူ့ဝန်ထမ်းဖြစ်သွားရင် ရွေးကောက်ပွဲဝင်လို့မရတော့ဘူး။ ဒါကိုရှင်းလင်းအောင် မဖြေနိုင်ဘူးလို့ အန်ကယ်ထင်တယ်။ ကျနော် အခုလောလောဆယ် ၂ ခုရှိတယ်။ ဒါပေမယ့် ၁၄ ခုလောက်ရှိနိုင်တယ်။ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ရှိနိုင်တာ။ တိုင်းနဲ့ပြည်နယ် နယ်လွန်ဝန်ကြီးတွေလေ။ အဲတော့ အန်ကယ်မေးတာကို မဖြေနိုင်ဘူး။ သူတို့ တခြားဟာဖြေတယ်။ အဲဒီတော့ အဲလိုပဲ သဘောပေါက်တယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုလုပ်မှုဆောင် ဦးဉာဏ်ဝင်းက လွှတ်တော် ကိုယ်စားလှယ်လောင်း ကျင့်ဝတ်တွေ ဖောက်ဖျက်မှုအပေါ် တိုင်တန်းထားတာနဲ့ပတ်သတ်ပြီးခုလိုပြောပြခဲ့တာပါ။

ဒီလိုထောက်ပြထား ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ဒီလိုဥပဒေနဲ့ ဆန့်ကျင်ပြီး ရွေးကောက်ခံတာမရှိဘူးလို့ ငြင်းဆန် ထားပြီး ဘယ်လိုတိုင် တန်း မှုကိုမဆို ထိရောက်စွာ စစ်ဆေးအရေးယူပေးလျက်ရှိ တယ်လို့ တုံပြန်ပြောဆိုထားပါ တယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment