Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 11, 2015

Toy Story 4 ကာတြန္း ဇာတ္လမ္းကို ၂၀၁၈ ခုႏွစ္ ဇြန္လမွာ ထုတ္လုပ္မည္


ကမာၻေက်ာ္ ကာတြန္းနဲ႔ ရုပ္ရွင္ထုတ္လုပ္ေရး ကုမၼဏီေတြျဖစ္တဲ့ Disney နဲ႔ Pixar တို႔ဟာToy Story4 နဲ႔ ပတ္သက္ၿပီး သတင္းေကာင္းေတြေရာ ၊ သတင္းဆိုးေတြပါ ေၾကညာခဲ့ၾကပါတယ္။ပထမဆံုး သတင္းေကာင္းေလးကို ေျပာျပခ်င္ပါတယ္။ အဲဒါကေတာ့ Toy Story 4 ဇာတ္လမ္း ထြက္ရွိမယ့္ ေန႔ကို အတည္ျပဳေၾကညာလိုက္တာပါပဲ။ ဒါေပမယ့္ သတင္းဆိုးကေတာ့ ၂၀၁၈ ခုႏွစ္ ဇြန္လ ၁၅ ရက္ေန႔မတိုင္ခင္အထိ ထို ဇာတ္လမ္းဟာ ထြက္လာမွာ မဟုတ္ပါဘူး။ ေျပာမယ္ဆိုရင္ အၾကာႀကီး ေစာင့္ရဦးမွာပါ။

Toy Story 4 ဟာ အစတုန္းကေတာ့ ၂၀၁၇ ခုႏွစ္ ဇြန္လမွာ ထြက္ရွိမယ္လို႔ ခန္႔မွန္းထားတာပါ။ ဒါေပမယ့္လည္း အခုေတာ့ တစ္ႏွစ္တိတိ ေနာက္ဆုတ္သြားခဲ့ပါၿပီ။ Disney နဲ႔ Pixar ဟာ အျခား လူႀကိဳက္မ်ားတဲ့ ကာတြန္းဇာတ္လမ္းေတြျဖစ္တဲ့ The Incredibles 2 ကိုေတာ့ ၂၀၁၉ ခုႏွစ္ ဇြန္လ ၂၁ ရက္ေန႔မွာ ထြက္မယ္လို႔ ေၾကညာထားၿပီး ၂၀၀၃ ခုႏွစ္ကထြက္ခဲ့တဲ့ Finding Nemo ဆုိတဲ့ ဇာတ္လမ္းရဲ႕ ေနာက္ဆက္တြဲကိုေတာ့ ၂၀၁၆ ခုႏွစ္ ဇြန္လ ၁၇ ရက္မွာမွ ထြက္မယ္လို႔ ေၾကညာထားပါတယ္။

ဒါ့အျပင္ပုိၿပီးစိတ္၀င္စားဖို႔ ေကာင္းတာက Toy Story 4 ဇာတ္လမ္းထဲမွာ ေရပန္းစားတဲ့ဇာတ္ေကာင္ ၂ ေကာင္ျဖစ္တဲ့ Woody နဲ႔ Bo Peep တို႔ရဲ႕ အခ်စ္ဇာတ္လမ္းေတြ ပါ၀င္လာမယ္ဆိုတာကို ဒါရိုက္တာျဖစ္သူ John Lasseter က ထုတ္ေဖာ္ေျပာၾကားလိုက္တာပါပဲ။Toy Story ပရိတ္သတ္ေတြ မွတ္မိခဲ့တာကေတာ့ Annie Potts အသံသရုပ္ေဆာင္ထားတဲ့ Bo Peep ဇာတ္ေကာင္ဟာ တတိယေျမာက္ Toy Story ဇာတ္လမ္းထဲမွာ ပါ၀င္ခဲ့ျခင္းမရွိပါဘူး။အခုေတာ့ Toy Story 4 ထဲမွာ မင္းသားႀကီး Tom Hank အသံ သရုပ္ေဆာင္ထားတဲ့ Woody နဲ႔ တြဲဖက္ေတာ့မယ္ဆိုေတာ့ ပရိတ္သတ္ေတြရဲ႕ စိတ္၀င္စားမႈလည္း ပုိ ျမင့္မားလာခဲ့ပါတယ္။Toy Story ဇာတ္လမ္းေတြဟာ အထြက္က်ဲခဲ့တာ အားလံုးအသိပါ။ ပထမဆံုး Toy Story ဟာ ၁၉၉၅ ခုႏွစ္မွာ ထြက္ခဲ့ေပမယ့္ ဒုတိယ ေျမာက္ Toy Story ဇာတ္လမ္းကေတာ့ ၂၀၀၀ ခုႏွစ္မွာမွ ထြက္ေပၚလာတာပါ။ တတိယေျမာက္ဇာတ္လမ္းဆိုရင္လည္း ၂၀၁၀ ခုႏွစ္မွာမွ ထြက္ေပၚလာတာ ျဖစ္ပါတယ္။
#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Metro
...............................................................................................
Toy Story 4 ကာတွန်း ဇာတ်လမ်းကို ၂၀၁၈ ခုနှစ် ဇွန်လမှာ ထုတ်လုပ်မည်

ကမ္ဘာကျော် ကာတွန်းနဲ့ ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္မဏီတွေဖြစ်တဲ့ Disney နဲ့ Pixar တို့ဟာ Toy Story 4 နဲ့ ပတ်သက်ပြီး သတင်းကောင်းတွေရော ၊ သတင်းဆိုးတွေပါ ကြေညာခဲ့ကြပါတယ်။

ပထမဆုံး သတင်းကောင်းလေးကို ပြောပြချင်ပါတယ်။ အဲဒါကတော့ Toy Story 4 ဇာတ်လမ်း ထွက်ရှိမယ့် နေ့ကို အတည်ပြုကြေညာလိုက်တာပါပဲ။ ဒါပေမယ့် သတင်းဆိုးကတော့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မတိုင်ခင်အထိ ထို ဇာတ်လမ်းဟာ ထွက်လာမှာ မဟုတ်ပါဘူး။ ပြောမယ်ဆိုရင် အကြာကြီး စောင့်ရဦးမှာပါ။

Toy Story 4 ဟာ အစတုန်းကတော့ ၂၀၁၇ ခုနှစ် ဇွန်လမှာ ထွက်ရှိမယ်လို့ ခန့်မှန်းထားတာပါ။ ဒါပေမယ့်လည်း အခုတော့ တစ်နှစ်တိတိ နောက်ဆုတ်သွားခဲ့ပါပြီ။ Disney နဲ့ Pixar ဟာ အခြား လူကြိုက်များတဲ့ ကာတွန်းဇာတ်လမ်းတွေဖြစ်တဲ့ The Incredibles 2 ကိုတော့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ ထွက်မယ်လို့ ကြေညာထားပြီး ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ Finding Nemo ဆိုတဲ့ ဇာတ်လမ်းရဲ့ နောက်ဆက်တွဲကိုတော့ ၂၀၁၆ ခုနှစ် ဇွန်လ ၁၇ ရက်မှာမှ ထွက်မယ်လို့ ကြေညာထားပါတယ်။

ဒါ့အပြင်ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာက Toy Story 4 ဇာတ်လမ်းထဲမှာ ရေပန်းစားတဲ့ဇာတ်ကောင် ၂ ကောင်ဖြစ်တဲ့ Woody နဲ့ Bo Peep တို့ရဲ့ အချစ်ဇာတ်လမ်းတွေ ပါ၀င်လာမယ်ဆိုတာကို ဒါရိုက်တာဖြစ်သူ John Lasseter က ထုတ်ဖော်ပြောကြားလိုက်တာပါပဲ။

Toy Story ပရိတ်သတ်တွေ မှတ်မိခဲ့တာကတော့ Annie Potts အသံသရုပ်ဆောင်ထားတဲ့ Bo Peep ဇာတ်ကောင်ဟာ တတိယမြောက် Toy Story ဇာတ်လမ်းထဲမှာ ပါ၀င်ခဲ့ခြင်းမရှိပါဘူး။အခုတော့ Toy Story 4 ထဲမှာ မင်းသားကြီး Tom Hank အသံ သရုပ်ဆောင်ထားတဲ့ Woody နဲ့ တွဲဖက်တော့မယ်ဆိုတော့ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုလည်း ပို မြင့်မားလာခဲ့ပါတယ်။

Toy Story ဇာတ်လမ်းတွေဟာ အထွက်ကျဲခဲ့တာ အားလုံးအသိပါ။ ပထမဆုံး Toy Story ဟာ ၁၉၉၅ ခုနှစ်မှာ ထွက်ခဲ့ပေမယ့် ဒုတိယ မြောက် Toy Story ဇာတ်လမ်းကတော့ ၂၀၀၀ ခုနှစ်မှာမှ ထွက်ပေါ်လာတာပါ။ တတိယမြောက်ဇာတ်လမ်းဆိုရင်လည်း ၂၀၁၀ ခုနှစ်မှာမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Metro

No comments:

Post a Comment