Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 20, 2015
( Mario )
Ref : Mirror
..........................
တစ်နေ့ကို ဒေါ်လာ ၁ သန်း ၀င်ငွေ ရရှိနေတဲ့ Taylor Swift
ဆုပေးပွဲတွေတိုင်းမှာ ဆုတွေ သိမ်းကျုံးရယူနေတဲ့ ကန်းထရီး အဆိုတော်မလေး Taylor Swift ဟာ Vogue မဂ္ဂဇင်းအတွက် လှပပြီး ပေါ့ပါးတဲ့ ဒီဇိုင်းတွေနဲ့ ဓါတ်ပုံ အရိုက်ခံခဲ့ ပါတယ်။
Shake it Off သီချင်းကို သီဆိုထားတဲ့ အသက် ၂၅ နှစ်အရွယ် Taylor Swift ဟာ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဂီတသမား တစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလကနေ လက်ရှိအချိန်ထိ တိုင်းတာခဲ့မှု အရ တစ်နှစ်နီးပါးအချိန်ကာလ မှာ စတာလင်ပေါင် ၂၀၅ သန်း ၀င်ငွေ ရှိခဲ့တဲ့အတွက် တစ်နေ့ကို ဒေါ်လာ ၁ သန်း ( စတာလင်ပေါင် ၆၄၆,၀၀၀ ) ခန့် ၀င်ငွေရှိနေပါတယ်။
သူမဟာ ဒေါ်လာ ၁ သန်း နေ့စဉ်ဝင်ငွေရှိတဲ့အကြောင်းတွေကို Vogue Australia မဂ္ဂဇင်းကာဗာ မှာ ပန်းပွင့်ပုံ ဒီဇိုင်နာ ဂါ၀န်နဲ့ ဓါတ်ပုံ ၂ ပုံ ကို အရိုက်ခံရင်း ပြောပြသွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ထို ဓါတ်ပုံထဲမှာတော့ သူမဟာ ပြတင်းပေါက်ဘေးမှာ နံရံကိုမှီပြီး ထိုင်နေခဲ့ပါတယ်။
"အရာအားလုံးဟာ အခုတော့ ကောင်းနေပါတယ် ။ ဒါပေမယ့် ကျွန်မဟာ လူထုကို ထိန်းချုပ်နိုင်တယ်လို့ ထင်ရလောက်အောင် ဘယ်တော့မှ မိုက်မဲမှု ၊ ည့ံဖျင်းမှု တွေ လုံလောက်လာမှာ မဟုတ်ပါဘူး။" လို့ Taylor Swift က ပြောပြခဲ့ပါတယ်။
သူမဟာ ယောကျာင်္းသားတို့ရဲ့ နှလုံးသားပြိုင်ပွဲကိုလည်း လောင်းကြေးထပ်နိုင်နေတုန်းပါပဲ။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror
No comments:
Post a Comment