Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 5, 2015

သၽွမ္းျပည္တပ္မေတာ္ SSPP/SSA (ဝမ့္ဟိုင္း) ဌာနခ်ဳပ္အနီးသို႔ အစိုးရတပ္မ်ား ပိုမ်ားလာ


ေအာက္တိုဘာ ၅ ရက္ ၂၀၁၅

သၽွမ္းျပည္ေတာင္ပိုင္း ေက်းသီးၿမိဳ႕နယ္ ဝမ့္ဟိုင္းဌာနခ်ဳပ္ အနီးဝန္းက်င္ ေဒသမ်ား၌ အစိုးရတပ္မ်ား ပိုမိုမ်ားျပားလာသည့္အတြက္ တိုက္ပြဲျပန္လည္ ျဖစ္ပြားလာမည္ကို ေဒသခံမ်ား စိုးရိမ္ေနၾကသည္ ။

သၽွမ္းျပည္တပ္မေတာ္ SSPP/SSA တာ့ဖါေဆာင္တံတားအား တိုက္ခိုက္ျခင္း တႏွစ္ျပည့္ လာသည့္ကာလ အတြင္း အစိုးရတပ္မေတာ္ စစ္ေၾကာင္းမ်ား ဝမ့္ဟိုင္းသို႔ အသြားလမ္းခရီး၌ ေဒသခံမ်ားအားေရွာင္တခင္ စစ္ေဆးျခင္းမ်ား ၊ အင္အားျဖည့္ လွုပ္ရွားျခင္းမ်ား ၊ တရက္ထက္ တရက္ပိုမို မ်ားျပားလာေန ေၾကာင္း ဌာနခ်ဳပ္ အရာရွိမ်ား ကေျပာသည္ ။

“ မိုင္းဇံဘက္က ေနလာတဲ့တပ္က နမ့္ေမာ္ႏုတ္တူ႔ မွာ ၂၀၀ ေက်ာ္၊ မိုင္းခန္ မွာ ၁၀၀ ၊ ေနာင္ယာ့ဆိုင္း မွာ ၅၀ ခန႔္၊ ပူးလိုင္း မွာ ၄၀ ေလာက္ ထူးထူးျခားျခား လွုပ္ရွားလာေနတယ္ ”- ဟု SSPP/SSA ေျပာေရးဆို ခြင့္ ဒုတိယ ဗိုလ္မွူးႀကီး စိုင္းလ ကေျပာပါသည္ ။

မိုင္းရယ္ၿမိဳ႕နယ္ ႏွင့္ ေက်းသီးၿမိဳ႕နယ္ၾကားရွိ နမ့္ပုတ္ တပ္စခန္းတြင္မူ မိုင္းပန္ၿမိဳ႕အေျခစိုက္ စကခ ၁၇ လက္ေအာက္ခံ ခမယ ၅၇၅ က လာေရာက္ အစားထိုးေနထိုင္ေၾကာင္းလည္း သိရသည္ ။

ထို႔အတူ အမည္မေဖၚလိုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း တဦးကလည္း ယေန႔မွာပင္ လဲခ်ားၿမိဳ႕ နယ္ အေရွ႕ေျမာက္ဘက္ စလိုင္းခုံ ၌ စစ္ေၾကာင္းတေၾကာင္း ၊ ကြန္ဟိန္း - ကာလိ ဘက္မွ အင္အား ၂၀၀ ေက်ာ္ရွိ စစ္ေၾကာင္းတေၾကာင္း ဝမ့္ဟိုင္းဌာနခ်ဳပ္ဘက္ ဦးတည္ေနသည္ဟုလည္း သိရသည္ ။

၂၀၁၄ ေအာက္တိုဘာ ၂ ရက္ေန႔မွ ၆ ရက္ေန႔အထိ သၽွမ္းျပည္တပ္မေတာ္ SSPP/SSA ၏တာ့ဖါေဆာင္ တပ္စခန္း ၊ ေကာင္းမဟင္တန္ ၊ ေကာင္းစဝ္မိန္း ၊ ေကာင္းမုံမိန္း ၊ ေကာင္းမိုက္ေညာင္ ၊ နမ့္ပုတ္ စသည့္ တပ္စခန္း မ်ားအား စစ္အင္အား အလုံးအရင္းႏွင့္ တိုက္ခိုက္သည္မွာ တႏွစ္ျပည့္သည့္ အခ်ိန္လည္း ျဖစ္သည္ ။

စစ္ေရးေလ့လာသူ ေတာ္လွန္ေရးသမားေဟာင္း တဦးျဖစ္သည့္ ဦးစိုင္းဆိုင္ က - “ NCA လက္မွတ္ ေရးထိုးေရး ကိစၥနဲ႔ ပဲဆိုင္တယ္ထင္တယ္ ။ မထိုးတဲ့ အထဲမွာ SSA ဝမ့္ဟိုင္း လဲ ပါေနေတာ့ သူ႔ ကို ဖိအားေပးဖို႔ ျဖစ္နိုင္တယ္ ။ တိုက္ခ်င္မွ တိုက္မွာပါ ” - ဟု သၽွမ္းသံေတာ္ဆင့္သို႔ ေျပာဆိုသုံးသပ္ပါသည္ ။

အားလုံးပါဝင္မွ လက္မွတ္ထိုးမည္ဆိုသည့္ တပ္ဖြဲ႕မ်ားသည္ SSPP/SSA အပါအဝင္ ကခ်င္ KIA ၊ ကရင္နီ KNPP ၊ မြန္ MNSP တို႔ပါဝင္သည့္ တပ္ဖြဲ႕ ၁၀ ဖြဲ႕ရွိသည္ ။ ထို႔အထဲတြင္ မပါဝင္သည့္ မိုင္းလား ႏွင့္ ၀ တို႔လည္း လက္မွတ္ေရးထိုးေရးအတြက္ ျငင္းဆန္ထားသည့္ တပ္ဖြဲ႕မ်ားျဖစ္သည္ ။

မည္သို႔ပင္ဆိုေစ ေျမာက္ပိုင္းသၽွမ္းျပည္တပ္မေတာ္ အမည္ရ SSPP/SSA သည္ ၂၀၁၂ ခု ဂ်ႏၷဝါရီ ၂၈ ရက္ က ျမန္မာအစိုးရ ႏွင့္ ျပည္နယ္ (ပဏာမ)အဆင့္ ၊ ျပည္ေထာင္စု အဆင့္ အပစ္ရပ္ လက္မွတ္ ေရးထိုးထားသည့္ အင္အားႀကီး သၽွမ္းလက္နက္ကိုင္ တပ္ဖြဲ႕တဖြဲ႕ ျဖစ္သည္ ။

ညီညြတ္ေသာတိုင္းရင္း သားလူမ်ိဳးမ်ား ဖက္ဒရယ္ေကာက္စီ UNFC အဖြဲ႕ဝင္ျဖစ္သည့္ သၽွမ္းျပည္တိုးတက္ေရးပါတီ သၽွမ္းျပည္တပ္မေတာ္ RCSS/SSA က တနိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မွု ရပ္စဲေရး စာခ်ဳပ္ NCA လက္မွတ္ထိုးရန္ အဆင္သင့္မျဖစ္ေသးသည့္ တပ္ဖြဲ႕ ၁၀ ဖြဲ႕တြင္ ပါဝင္သည္ ။

သၽွမ္းသံေတာ္ဆင့္
https://www.facebook.com/Panglong.burmese
......................

အောက်တိုဘာ ၅ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းဌာနချုပ် အနီးဝန်းကျင် ဒေသများ၌ အစိုးရတပ်များ ပိုမိုများပြားလာသည့်အတွက် တိုက်ပွဲပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြသည် ။

သျှမ်းပြည်တပ်မတော် SSPP/SSA တာ့ဖါဆောင်တံတားအား တိုက်ခိုက်ခြင်း တနှစ်ပြည့် လာသည့်ကာလ အတွင်း အစိုးရတပ်မတော် စစ်ကြောင်းများ ဝမ့်ဟိုင်းသို့ အသွားလမ်းခရီး၌ ဒေသခံများအားရှောင်တခင် စစ်ဆေးခြင်းများ ၊ အင်အားဖြည့် လှုပ်ရှားခြင်းများ ၊ တရက်ထက် တရက်ပိုမို များပြားလာနေ ကြောင်း ဌာနချုပ် အရာရှိများ ကပြောသည် ။

“ မိုင်းဇံဘက်က နေလာတဲ့တပ်က နမ့်မော်နုတ်တူ့ မှာ ၂၀၀ ကျော်၊ မိုင်းခန် မှာ ၁၀၀ ၊ နောင်ယာ့ဆိုင်း မှာ ၅၀ ခန့်၊ ပူးလိုင်း မှာ ၄၀ လောက် ထူးထူးခြားခြား လှုပ်ရှားလာနေတယ် ”- ဟု SSPP/SSA ပြောရေးဆို ခွင့် ဒုတိယ ဗိုလ်မှူးကြီး စိုင်းလ ကပြောပါသည် ။

မိုင်းရယ်မြို့နယ် နှင့် ကျေးသီးမြို့နယ်ကြားရှိ နမ့်ပုတ် တပ်စခန်းတွင်မူ မိုင်းပန်မြို့အခြေစိုက် စကခ ၁၇ လက်အောက်ခံ ခမယ ၅၇၅ က လာရောက် အစားထိုးနေထိုင်ကြောင်းလည်း သိရသည် ။

ထို့အတူ အမည်မဖေါ်လိုသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးကလည်း ယနေ့မှာပင် လဲချားမြို့ နယ် အရှေ့မြောက်ဘက် စလိုင်းခုံ ၌ စစ်ကြောင်းတကြောင်း ၊ ကွန်ဟိန်း - ကာလိ ဘက်မှ အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်းတကြောင်း ဝမ့်ဟိုင်းဌာနချုပ်ဘက် ဦးတည်နေသည်ဟုလည်း သိရသည် ။

၂၀၁၄ အောက်တိုဘာ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ သျှမ်းပြည်တပ်မတော် SSPP/SSA ၏တာ့ဖါဆောင် တပ်စခန်း ၊ ကောင်းမဟင်တန် ၊ ကောင်းစဝ်မိန်း ၊ ကောင်းမုံမိန်း ၊ ကောင်းမိုက်ညောင် ၊ နမ့်ပုတ် စသည့် တပ်စခန်း များအား စစ်အင်အား အလုံးအရင်းနှင့် တိုက်ခိုက်သည်မှာ တနှစ်ပြည့်သည့် အချိန်လည်း ဖြစ်သည် ။

စစ်ရေးလေ့လာသူ တော်လှန်ရေးသမားဟောင်း တဦးဖြစ်သည့် ဦးစိုင်းဆိုင် က - “ NCA လက်မှတ် ရေးထိုးရေး ကိစ္စနဲ့ ပဲဆိုင်တယ်ထင်တယ် ။ မထိုးတဲ့ အထဲမှာ SSA ဝမ့်ဟိုင်း လဲ ပါနေတော့ သူ့ ကို ဖိအားပေးဖို့ ဖြစ်နိုင်တယ် ။ တိုက်ချင်မှ တိုက်မှာပါ ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောဆိုသုံးသပ်ပါသည် ။

အားလုံးပါဝင်မှ လက်မှတ်ထိုးမည်ဆိုသည့် တပ်ဖွဲ့များသည် SSPP/SSA အပါအဝင် ကချင် KIA ၊ ကရင်နီ KNPP ၊ မွန် MNSP တို့ပါဝင်သည့် တပ်ဖွဲ့ ၁၀ ဖွဲ့ရှိသည် ။ ထို့အထဲတွင် မပါဝင်သည့် မိုင်းလား နှင့် ၀ တို့လည်း လက်မှတ်ရေးထိုးရေးအတွက် ငြင်းဆန်ထားသည့် တပ်ဖွဲ့များဖြစ်သည် ။

မည်သို့ပင်ဆိုစေ မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သည် ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက် က မြန်မာအစိုးရ နှင့် ပြည်နယ် (ပဏာမ)အဆင့် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် အင်အားကြီး သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည် ။

ညီညွတ်သောတိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောက်စီ UNFC အဖွဲ့ဝင်ဖြစ်သည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် RCSS/SSA က တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးရန် အဆင်သင့်မဖြစ်သေးသည့် တပ်ဖွဲ့ ၁၀ ဖွဲ့တွင် ပါဝင်သည် ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

No comments:

Post a Comment