Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 11, 2015

ကားမောင်းနေစဉ် selfie ရိုက်လို့ မတော်တဆမှုဖြစ်ပွား



တရုတ်နိုင်ငံ Jiangsu ခရိုင် Yangzhou ဒေသမှာ  အမျိုးသမီးယာဉ်မောင်း တစ်ဦးဟာ တံတားတစ်ခုအဖြတ်မောင်းနေစဉ် selfie ရိုက်ဖို့ ကြိုးစားနေခဲ့တာကြောင့် သီးနှံရိတ်သိမ်းစက်တစ်လုံး ဝင်တိုက်မိခဲ့လို့ ဆိုပါတယ်။
လမ်းကြောင်းပြောင်းလဲမောင်းနှင်ရန် ကြိုးစားပြီးနောက် မတော်တဆဖြစ်ပွားရာမှာ နောက်ကား တစ်စီးလည်း ပါဝင် ပတ်သက်သွားပါတယ်။ ယင်းမတော်တဆဖြစ်မှုကြောင့် လူတစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ဂွန်ဖိုတံတား Wanfu Bridge ပေါ် ပထမဆုံး ဖြတ်မောင်းဖူပုံရတဲ့ အမျိုးသမီးယာဉ်မောင်းဟာ လှပခမ်းနားတဲ့ ရှုမျှော်ခင်းတွေကြောင့် အံ့သြမှင်သက်ခဲ့ပုံရပါတယ်။ အဲဒီအချက်က သူမကို selfie ရိုက်ချင်စိတ်ဖြစ်ပေါ်စေပြီး မတော်တဆ ဖြစ်သွားခြင်းဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက Yangzhou Evening News သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ကံအားလျှော်စွာ ကျွန်တော်က အတွေ့အကြုံရှိ ယာဉ်မောင်းတစ်ယောက်ဖြစ်ခဲ့လို့သာပေါ့။ မဟုတ်ရင် ခုမှကားစမောင်းသူတစ်ယောက်အနေနဲ့ဆိုရင် အကြီးအကျယ်မတော်တဆ ဖြစ်သွားနိုင်ကြောင်း သီးနှံရိတ်သိမ်းစက် မောင်းသူတစ်ဦးဖြစ်တဲ့ Mr. Tan က ပြောပါတယ်။ 
Ref: CCTVNews
http://www.trend.com.mm/2015/10/12/news-7850

No comments:

Post a Comment