Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 9, 2015

ေခါင္မိုးေပၚတက္၊ Selfie အက်ဴးရိုက္ရာက ျပဳတ္က်ေသဆံုး

ဆယ္ေက်ာ္သက္တစ္ေယာက္ ေခါင္မိုးေပၚတက္ၿပီး Selfie အက်ဴးရိုက္ရာကေန ျပဳတ္က်ေသဆံုးခဲ႔တယ္ လို႔ သတင္းရရွိပါတယ္။

Andrey Retrovsky ရဲ႕ Instagram ဓာတ္ပံုေတြကို တခ်ိဳ႕က ႀကိဳက္ၾကပါတယ္။ အခန္႔မသင္႔လို႔ ခြ်တ္ေခ်ာ္သြားရင္ ဆိုတဲ႔အေတြးနဲ႔ ခင္ဗ်ားသာဆိုရင္ ဒါမ်ိဳးလုပ္မွာမဟုတ္ပါဘူး။ အသက္ ၁၇ႏွစ္ အရြယ္ ရုရွားႏိုင္ငံသား Andrey ဟာ သူ႔ရဲ႕ Selfie အရိုက္ေကာင္းမႈေၾကာင္႔ ေသဆံုးသြားခဲ႔တယ္ဆိုေပမဲ႔ အနည္းဆံုးေတာ႔ Instagram မွာ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ႔ပါတယ္။

မသိရင္ တစ္ေယာက္ေယာက္က ရိုက္ေပးတဲ႔ ပံုမ်ိဳးဆိုေပမဲ႔ သူ႕ရဲ႕ရဲတင္းလြန္းမႈကိုျပဖို႔ သူကိုယ္တိုင္ ရိုက္ကူးခဲ႔တာလို႔လည္း သိရပါတယ္။ သူ႔ပံုေတာ္ေတာ္မ်ားမ်ားဟာ ေခါင္းမိုးေတြေပၚ၊ တျခားအႏၱရာယ္ရွိ အျမင္႔ေနရာေတြမွာ ျဖစ္ပါတယ္။

စိတ္မေကာင္းစြာဘဲ International Business Times ကေနထြက္ရွိခဲ႔တဲ႔ သတင္းအရ သူဟာ ေခါင္းမိုးေပၚက ႀကိဳးတစ္ေခ်ာင္းထားၿပီး ျပဳတ္က်ဟန္ေဆာင္ဖို႔ အၾကံရခဲ႔ပါတယ္တဲ႔။ ဒါေပမဲ႔ ႀကိဳးပ်က္က်ၿပီး ၉ထပ္တိုက္ေပၚကေန ျပဳတ္က်ၿပီး ေသေတာ႔တာပါပဲ။

၂၀၁၅ခုႏွစ္မွာ ငါးမန္းကိုက္လို႔ေသတာထက္ Selfie ရိုက္ရင္းေသတဲ႔လူႏႈန္း ပိုမ်ားလာတယ္လို႔ ခန္႔မွန္းတြက္ခ်က္မႈ တခ်ိဳ႕ကဆိုပါတယ္။ Selfie ကသတ္တာေတာ႔ မဟုတ္ေပမဲ႔ selfie ရိုက္ရင္း စြန္႔စားလို႔ ေသၾကတာပါ။

ဒီ selfie ျပႆနာကို ရုရွားအစိုးရက အထူးသတိျပဳလာပါတယ္။ အႏၱရာယ္ရွိေနရာေတြမွာ selfie မရိုက္ၾကဖို႔ အထူးသတိေပးခ်က္ကို ယခုႏွစ္အေစာပိုင္းက ထုတ္ျပန္ထားခဲ႔ပါတယ္။

ၿပီးခဲ႔တဲ႔ သတင္းပတ္အနည္းငယ္တုန္းကလည္း Taj Mahal မွာလူတစ္ေယာက္ ေျခေခ်ာ္က်ၿပီး ေသသြားခဲ႔ပါေသးတယ္။

( Skyler )
http://knowledge.thithtoolwin.com/2015/10/selfie.html
.............

ဆယ်ကျော်သက်တစ်ယောက် ခေါင်မိုးပေါ်တက်ပြီး Selfie အကျူးရိုက်ရာကနေ ပြုတ်ကျသေဆုံးခဲ့တယ် လို့ သတင်းရရှိပါတယ်။

Andrey Retrovsky ရဲ့ Instagram ဓာတ်ပုံတွေကို တချို့က ကြိုက်ကြပါတယ်။ အခန့်မသင့်လို့ ချွတ်ချော်သွားရင် ဆိုတဲ့အတွေးနဲ့ ခင်ဗျားသာဆိုရင် ဒါမျိုးလုပ်မှာမဟုတ်ပါဘူး။ အသက် ၁၇နှစ် အရွယ် ရုရှားနိုင်ငံသား Andrey ဟာ သူ့ရဲ့ Selfie အရိုက်ကောင်းမှုကြောင့် သေဆုံးသွားခဲ့တယ်ဆိုပေမဲ့ အနည်းဆုံးတော့ Instagram မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

မသိရင် တစ်ယောက်ယောက်က ရိုက်ပေးတဲ့ ပုံမျိုးဆိုပေမဲ့ သူ့ရဲ့ရဲတင်းလွန်းမှုကိုပြဖို့ သူကိုယ်တိုင် ရိုက်ကူးခဲ့တာလို့လည်း သိရပါတယ်။ သူ့ပုံတော်တော်များများဟာ ခေါင်းမိုးတွေပေါ်၊ တခြားအန္တရာယ်ရှိ အမြင့်နေရာတွေမှာ ဖြစ်ပါတယ်။

စိတ်မကောင်းစွာဘဲ International Business Times ကနေထွက်ရှိခဲ့တဲ့ သတင်းအရ သူဟာ ခေါင်းမိုးပေါ်က ကြိုးတစ်ချောင်းထားပြီး ပြုတ်ကျဟန်ဆောင်ဖို့ အကြံရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ကြိုးပျက်ကျပြီး ၉ထပ်တိုက်ပေါ်ကနေ ပြုတ်ကျပြီး သေတော့တာပါပဲ။

၂၀၁၅ခုနှစ်မှာ ငါးမန်းကိုက်လို့သေတာထက် Selfie ရိုက်ရင်းသေတဲ့လူနှုန်း ပိုများလာတယ်လို့ ခန့်မှန်းတွက်ချက်မှု တချို့ကဆိုပါတယ်။ Selfie ကသတ်တာတော့ မဟုတ်ပေမဲ့ selfie ရိုက်ရင်း စွန့်စားလို့ သေကြတာပါ။

ဒီ selfie ပြဿနာကို ရုရှားအစိုးရက အထူးသတိပြုလာပါတယ်။ အန္တရာယ်ရှိနေရာတွေမှာ selfie မရိုက်ကြဖို့ အထူးသတိပေးချက်ကို ယခုနှစ်အစောပိုင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်အနည်းငယ်တုန်းကလည်း Taj Mahal မှာလူတစ်ယောက် ခြေချော်ကျပြီး သေသွားခဲ့ပါသေးတယ်။

( Skyler )
http://knowledge.thithtoolwin.com/2015/10/selfie.html

No comments:

Post a Comment