Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 19, 2015

ရွေးကောက်ပွဲနေ့မှာ ပင်နီနဲ့ ကချင်ပုဆိုး မ၀တ်ကြဖို့ NLD ဗဟို ညွှန်ကြား



 ပင်နီနဲ့ ကချင်ပုဆိုးဝတ်ထားတဲ့ NLD ကိုယ်စားလှယ်လောင်းတချို့ကို တွေ့ရစဉ်။ Photo: RFA
 နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ၊ ရွေးကောက်ပွဲကိုယ်စားလှယ်တွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ အကူကိုယ်စားလှယ်တွေအနေနဲ့ ပါတီရဲ့ ရင်ထိုး တံဆိပ်ကလွဲပြီး ပင်နီတိုက်ပုံ၊ အင်္ကျီနဲ့ ကချင်ပုဆိုးတွေ မဝတ်ဆင်ကြဖို့ NLD ဗဟိုက ဒီကနေ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားချက်ကို တစ်ပြည်လုံးက NLD ပါတီဝင်တွေဆီထပ်ဆင့် ညွန်ကြားချက်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်က ပြော ပါတယ်။

"မဲရုံထဲမှာ စည်းရုံးလှုံ့ဆော်မှု အသွင်ဆောင်တဲ့ကိစ္စတွေ မလုပ်ဖို့ဆိုတဲ့ စာပါပဲ၊ စည်းရုံးလှုပ်ရှားတဲ့အခါ ကချင်ပုဆိုးနဲ့ တိုက်ပုံအင်္ကျီက အမြဲတမ်းတွဲနေတယ်ဆိုတော့ ဒီဟာတွေ မလုပ်ပါနဲ့ဆိုတော့သဘော ပါ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားချက်နဲ့ မကိုက်ညီဘူးပေါ့၊ ဒါနဲ့ပတ်သက်ပြီး ကန့်ကွက်ချက်တွေဘာတွေ ပေါ်လာနိုင်တယ်၊ မဖြစ်အောင် ကြိုပြီးညှိနှိုင်းတဲ့သဘောပါ"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၄၈ (ခ) (၆) အရ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲဆွယ်စည်းရုံးတဲ့အသွင်ဆောင်တဲ့ ဝတ်စားဆင်ယင်မှုတွေကို ခွင့်မပြုကြောင်း ပါရှိပါတယ်။

ဒါကြောင့် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က တစ်ပြည်လုံးမှာရှိတဲ့ NLD ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ၊ မဲရုံကိုယ်စားလှယ်တွေနဲ့ အကူကိုယ်စားလှယ်တွေကို ထပ်ဆင့်ညွှန်ကြားလိုက်တာဖြစ်ကြောင်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
.....................................................................
ရြေးကောက္ပြဲနေ့မွာ ပင္နီနဲ့ ကခ်င္ပုဆိုး မ၀တ်ကြဖို့ NLD ဗဟို ညွှန်ကြား

 ပင္နီနဲ့ ကခ်င္ပုဆိုးဝတ္ထားတဲ့ NLD ကိုယ္စားလွယ်လောင်းတခို့ကို တြေ့ရစဉ်။ Photo: RFA
 နိုဝင္ဘာလ ၈ ရက်နေ့ ရြေးကောက္ပြဲနေ့မွာ အမိုးသားဒီမိုကေရစီအဖြဲ့ခ်ုပ် လွှတ်တ္ကောိုယ္စားလွယ်လောင်းတြေ ၊ ရြေးကောက္ပြဲကိုယ္စားလွယ်တြေ၊ မဲရုံကိုယ္စားလွယ်တြေနဲ့ အကူကိုယ္စားလွယ်တြေအေနနဲ့ ပါတီရဲ့ ရင္ထိုး တံဆိပ္ကလျြဲပီး ပင္နီတိုက္ပုံ၊ အက်င်္ီနဲ့ ကခ်င္ပုဆိုးတြေ မဝတ္ဆင်ကြဖို့ NLD ဗဟိုက ဒီကေန့ ညွှန်ကြားခ်က် ထုတ်ျပန္လိုက္ပါတယ်။

ျပည်ထောင္စု ရြေးကောက္ပြဲက္မောရွင္က ထုတ်ျပန္ထားခ်က္ကို တစ်ျပည္လုံးက NLD ပါတီဝင်တြေဆီထပ္ဆင့် ညြန်ကြားခ်က္ထုတ်ျပန္လိုက္တျာဖစ္တယ္လို့ NLD ဗဟိုအလုပ်အမှုဆောင်က္မောတီဝင် ဦးဟံသာ်မင့္က ေ်ပာ ပါတယ်။

"မဲရုံထဲမွာ စည်းရုံးလှုံ့ဆ္မေှာု အသြင်ဆောင္တဲ့ကိစ္စတြေ မလုပ္ဖို့ဆိုတဲ့ စာပါပဲ၊ စည်းရုံးလှုပ်ရွားတဲ့အခါ ကခ်င္ပုဆိုးနဲ့ တိုက္ပုံအက်င်္ီက အမြဲတမ်းတဲနြေတယ္ဆိုတော့ ဒီဟာတြေ မလုပ္ပါနဲ့ဆိုတော့သေဘာ ပါ၊ျပည်ထောင္စု ရြေးကောက္ပြဲက္မောရွင်ရဲ့ ညွှန်ကြားခ်က္နဲ့ မကိုက်ညီဘူးပေါ့၊ ဒါနဲ့ပတ်သက်ပြီး ကန့်ကြက္ခ်က်တြေဘာတြေ ပေါ်လာနိုင္တယ်၊ မျဖစ်အောင် ကြိုပြီးညွိနှိုင်းတဲ့သေဘာပါ"

ျပည်ထောင္စုရြေးကောက္ပြဲက္မောရွင်ရဲ့ လွှတ်တော်ရြေးကောက္ပြဲနည်းဥပေဒ ၄၈ (ခ) (၆) အရ လွှတ်တော် ကိုယ္စားလွယ်လောင်းတြေအေနနဲ့ ရြေးကောက္ပြဲက်င်းပတဲ့နေ့မွာ မဲဆြယ္စည်းရုံးတဲ့အသြင်ဆောင္တဲ့ ဝတ္စားဆင်ယင္မှုတြေကို ခြင့်မျပုကြောင်း ပါရွိပါတယ်။

ဒါကြောင့် NLD ဗဟိုအလုပ်အမှုဆောင်အဖြဲ့က တစ်ျပည္လုံးမွာရွိတဲ့ NLD ပါတီရဲ့ လွှတ်တော် ကိုယ္စားလွယ်လောင်းတြေ၊ မဲရုံကိုယ္စားလွယ်တြေနဲ့ အကူကိုယ္စားလွယ်တြေကို ထပ္ဆင့်ညွှန်ကြားလိုက္တျာဖစ်ကြောင်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment