Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, October 26, 2015

NLD အတြက္ ေဖ်ာ္ေျဖၿပီးအျပန္လမ္းတြင္ အတားခံရသည့္ အႏုပညာပညာရွင္မ်ား အေၾကာင္းရင္း မသိရေသး

မဇၩိမ ေရြးေကာက္ပြဲ အထူးက႑  အနယ္နယ္မွ ေရြးေကာက္ပြဲ သတင္းမ်ား

ဓာတ္ပံု- ဦးမင္းသူေဖ့စ္ဘုတ္

အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ေအာင္ႏုိင္ေရးအတြက္ ေပ်ာ္ဘြယ္ၿမိဳ႕ ႏွင့္ ရမည္းသင္းၿမိဳ႕တြင္ သြားေရာက္ေဖ်ာ္ေျဖသည့္ အႏုပညာရွင္မ်ား ရန္ကုန္အျပန္ တပ္ကုန္းအဝင္ စစ္ေဆးေရးဂိတ္တြင္ ေအာက္တုိဘာ ၂၆ရက္ ညေနက တားျမစ္ခံထားရေသာ္လည္း တစ္နာရီေက်ာ္ ၾကာသည္အထိ အေၾကာင္းရင္းကို မသိေသးေၾကာင္း တားျမစ္ခံထားရသည့္ အဆုိေတာ္၊ သ႐ုပ္ေဆာင္ အကယ္ဒမီ ထြန္းအိျႏၵာဗုိလ္က မဇၩိမကို ေျပာသည္။

"တပ္ကုန္းအဝင္ စစ္ေဆးေရးဂိတ္က တားတာပါ။ ကြ်န္မတို႔က သူတို႔က ေနျပည္ေတာ္မွာ ဝင္ၿပီး ေဖ်ာ္ေျဖဦးမလားေမးေတာ့ မေဖ်ာ္ေျဖပါဘူး။ ကြ်န္မတို႔ ေဖ်ာ္ေျဖေရးၿပီးၿပီ။ ရန္ကုန္ကို တန္းျပန္မွာပါလို႔ေျပာေတာ့.. ဟုတ္ကဲ့ ခဏေလးပါတဲ့။ ဘာေၾကာင့္တားတာလဲလိ္ု႔ ကြ်န္မတို႔ေမးေတာ့ ဘယ္သူမွလည္း ေရေရရာရာ မေျဖႏုိင္ဘူး။ ခဏေလးပါ။ ေနျပည္ေတာ္ကို အေၾကာင္းၾကားေနပါတယ္။ ဟုိကထြက္ခြင့္ျပဳရင္ သြားရပါမယ္ဆုိတာနဲ႔ပဲ ရပ္ေနတာ တစ္နာရီခြဲေလာက္ ရွိေနပါၿပီ"ဟု အကယ္ဒမီ ထြန္းအိျႏၵာဗုိလ္က ေျပာသည္။

ထြန္းအိျႏၵာဗုိလ္ အပါအဝင္ အဆုိေတာ္ ေျခာက္ဦး၊ တီးဝုိင္းအဖြဲ႕ ေလးဦး အပါအဝင္ စုစုေပါင္း အေယာက္ ၂၀ခန္႔က အဲကြန္းဘတ္စ္ တစ္စီးျဖင့္ကို တပ္ကုန္းအဝင္ ဂိတ္တြင္ စစ္တပ္ ႏွင့္ ရဲမ်ားက ညေန ၆နာရီခြဲခန္႔မွစၿပီး တားဆီးထားျခင္းျဖစ္ၿပီး ယခု ၇နာရီ ၅၀အထိ အေၾကာင္းအရင္း မသိရေသးျခင္းျဖစ္သည္။

ယခုကဲ့သုိ႔ အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္အတြက္ ေဖ်ာ္ေျဖၿပီးအျပန္ အတားခံရသည့္အေပၚ ၎က "တားရင္လည္း တားတဲ့အေၾကာင္းကို ပီပီျပင္ျပင္ သိခ်င္ပါတယ္။ ဘာမွန္းမသိ ရပ္ခုိင္းထားေတာ့ ႏုိင္ငံသားအခ်င္းခ်င္း ေစာ္ကားသလို ခံစားရပါတယ္။ ဘာလို႔လဲဆုိေတာ့ ရဲေတြေရာ၊ တပ္ေတြေရာ ကြ်န္မတို႔အားလံုးက ျပည္သူေတြပဲေလ။ ဘာမွန္းမသိ သူရပ္ခုိင္းတုိင္း ကိုယ္ရပ္ေနရတဲ့ ဒုကၡကေတာ့ နည္းနည္းေတာ့ စိတ္အေႏွာက္အယွက္ျဖစ္တယ္"ဟု ေျပာသည္။

- See more at: http://mizzimaburmese.com/article/6556#sthash.RwwbJTJe.m2Fo1etK.dpuf
.........................
NLD အတွက် ဖျော်ဖြေပြီးအပြန်လမ်းတွင် အတားခံရသည့် အနုပညာပညာရှင်များ အကြောင်းရင်း မသိရသေး
မဇ္ဈိမ ရွေးကောက်ပွဲ အထူးကဏ္ဍ  အနယ်နယ်မှ ရွေးကောက်ပွဲ သတင်းများ

ဓာတ်ပုံ- ဦးမင်းသူဖေ့စ်ဘုတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောင်နိုင်ရေးအတွက် ပျော်ဘွယ်မြို့ နှင့် ရမည်းသင်းမြို့တွင် သွားရောက်ဖျော်ဖြေသည့် အနုပညာရှင်များ ရန်ကုန်အပြန် တပ်ကုန်းအဝင် စစ်ဆေးရေးဂိတ်တွင် အောက်တိုဘာ ၂၆ရက် ညနေက တားမြစ်ခံထားရသော်လည်း တစ်နာရီကျော် ကြာသည်အထိ အကြောင်းရင်းကို မသိသေးကြောင်း တားမြစ်ခံထားရသည့် အဆိုတော်၊ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က မဇ္ဈိမကို ပြောသည်။

"တပ်ကုန်းအဝင် စစ်ဆေးရေးဂိတ်က တားတာပါ။ ကျွန်မတို့က သူတို့က နေပြည်တော်မှာ ဝင်ပြီး ဖျော်ဖြေဦးမလားမေးတော့ မဖျော်ဖြေပါဘူး။ ကျွန်မတို့ ဖျော်ဖြေရေးပြီးပြီ။ ရန်ကုန်ကို တန်းပြန်မှာပါလို့ပြောတော့.. ဟုတ်ကဲ့ ခဏလေးပါတဲ့။ ဘာကြောင့်တားတာလဲလိ်ု့ ကျွန်မတို့မေးတော့ ဘယ်သူမှလည်း ရေရေရာရာ မဖြေနိုင်ဘူး။ ခဏလေးပါ။ နေပြည်တော်ကို အကြောင်းကြားနေပါတယ်။ ဟိုကထွက်ခွင့်ပြုရင် သွားရပါမယ်ဆိုတာနဲ့ပဲ ရပ်နေတာ တစ်နာရီခွဲလောက် ရှိနေပါပြီ"ဟု အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်က ပြောသည်။

ထွန်းအိန္ဒြာဗိုလ် အပါအဝင် အဆိုတော် ခြောက်ဦး၊ တီးဝိုင်းအဖွဲ့ လေးဦး အပါအဝင် စုစုပေါင်း အယောက် ၂၀ခန့်က အဲကွန်းဘတ်စ် တစ်စီးဖြင့်ကို တပ်ကုန်းအဝင် ဂိတ်တွင် စစ်တပ် နှင့် ရဲများက ညနေ ၆နာရီခွဲခန့်မှစပြီး တားဆီးထားခြင်းဖြစ်ပြီး ယခု ရနာရီ ၅၀အထိ အကြောင်းအရင်း မသိရသေးခြင်းဖြစ်သည်။

ယခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဖျော်ဖြေပြီးအပြန် အတားခံရသည့်အပေါ် ၎င်းက "တားရင်လည်း တားတဲ့အကြောင်းကို ပီပီပြင်ပြင် သိချင်ပါတယ်။ ဘာမှန်းမသိ ရပ်ခိုင်းထားတော့ နိုင်ငံသားအချင်းချင်း စော်ကားသလို ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ရဲတွေရော၊ တပ်တွေရော ကျွန်မတို့အားလုံးက ပြည်သူတွေပဲလေ။ ဘာမှန်းမသိ သူရပ်ခိုင်းတိုင်း ကိုယ်ရပ်နေရတဲ့ ဒုက္ခကတော့ နည်းနည်းတော့ စိတ်အနှောက်အယှက်ဖြစ်တယ်"ဟု ပြောသည်။

- See more at: http://mizzimaburmese.com/article/6556#sthash.RwwbJTJe.m2Fo1etK.dpuf

No comments:

Post a Comment