Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, October 13, 2015

ေရြးေကာက္ပြဲေရႊ ့ဆုိင္းရန္ ျပည္ခုိင္ျဖိဳး ေထာက္ခံ ၊ NLD ကန္ ့ကြက္ ေကာ္မရွင္မွမူလအတုိင္းက်င္းပမည္ဟု ေၾကျငာခ်က္ထုတ္ျပန္

စလုံး ၊ ေနျပည္ေတာ္ ၊ ေအာက္တုိဘာ ၁၃ ရက္

သဘာ၀ေဘးအႏၱရယ္မ်ားေၾကာင့္ နုိ၀င္ဘာလ ၈ ရက္ေန ့တြင္က်င္းပရန္ေၾကျငာထားသည့္ အေထြေထြေရြးေကာက္ပြဲကုိ ေရႊဆုိင္းရန္သင့္ ၊ မသင့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ ဥကၠဌ ဦးတင္ေအးမွ နုိင္ငံေရးပါတီ ဆယ္ပါတီ အား ေအာက္တုိဘာလ ၁၃ ရက္က ေခၚယူေတြ ့ဆုံေဆြးေႏြးခ့ဲသည္။

ေရြးေကာက္ပြဲ၀င္မည့္  ကုိယ္စားလွယ္ေလာင္း အားလုံး၏ (၇၃) ရာခုိင္းႏႈန္း ရွိေသာ  အမ်ိဳးသားဒီမုိကေရစီအဖြဲ  ့ခ်ဳပ္ပါတီ ၊တုိင္းရင္းသားစည္းလုံးညီညႊတ္ေရးပါတီ ၊ အမ်ိဳးသားဒီမုိကေရစီအင္အားစုပါတီ ၊ ရခုိင္အမ်ိဳးသားပါတီ ၊ ျပည္ေထာင္စုၾကံခုိင္ေရး နွင့္ ဖြံ  ့ျဖိဳးေရးပါတီ ၊ ျမန္မာနုိင္ငံေတာင္သူလယ္သမားတုိးတက္ေရးပါတီ ၊ အမ်ိဳးသားတုိးတက္ေရးပါတီ ၊   စသည့္ ပါတီ ဆယ္ခုအား ေခၚယူေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ရုံး၌ ျပဳလုပ္သည့္ ေတြ ့ဆုံေဆြးေႏြးပြဲအခမ္းအနားသုိ ့ ဖိတ္ၾကားထားသည့္ဆယ္ပါတီအနက္  အမ်ိဳးသားဒီမုိကေရစီအဖြဲ  ့ခ်ဳပ္ပါတီ ၊တုိင္းရင္းသားစည္းလုံးညီညႊတ္ေရးပါတီ ၊ အမ်ိဳးသားဒီမုိကေရစီအင္အားစုပါတီ ၊ ရခုိင္အမ်ိဳးသားပါတီ ၊ ျပည္ေထာင္စုၾကံခုိင္ေရး နွင့္ ဖြံ  ့ျဖိဳးေရးပါတီ ၊ ျမန္မာနုိင္ငံေတာင္သူလယ္သမားတုိးတက္ေရးပါတီ  ႏွင့္ အမ်ိဳးသားတုိးတက္ေရးပါတီ တုိ ့တက္ေရာက္ခဲ့ၾကသည္။

“ ေကာ္မရွင္ ဥကၠဌကေျပာတယ္ အာဂ်င္ဒါနွစ္ခုတင္ျပတယ္ ။ တစ္ခုကေရြးေကာက္ပြဲတည္ျငိမ္ေအးခ်မ္းဖုိ ့ေနာက္တစ္ခုက ေရြးေကာက္ပြဲရက္ေရႊ ့ဆုိင္းဖုိ ့၊ တည္ျငိမ္ေအးခ်မ္းဖုိ ့ကေတာ့ေျပာစရာမလုိဘူး ၊ ေကာ္မရွင္ ဥကၠဌေျပာတာကဟုိေနရာမွာေရၾကီးတယ္ ၊ ဒီေနရာမွာေျမျပိဳတယ္ အဲ့ဒါေတြေၾကာင့္မုိ ့လုိ ့ေရႊ ့ဖုိ ့လုိရင္လုိမယ္ ၊ လုိေကာင္းလုိမယ္ ေရႊ ့ခ်င္တယ္ အဲ့ေတာ့ ကၽႊန္ေတာ္ကေတာ့ နာဂစ္မွာေတာင္မွ အမ်ိဳးသားသဘာ၀ေဘးအႏၱရယ္ ( National disatster) ျဖစ္တာေတာင္မွ ၂၀၀၈ အေျခခံဥပေဒကုိ တြန္းလုပ္ခဲ့တဲ့ဥစၥာ  ၊ အခုဒီဟာက အဲ့ဒါနဲ ့စာလုိ ့ရွိရင္ မေျပာပေလာက္ဘူး ၊ ဒါေၾကာင္မုိ ့ေရြးေကာက္ပြဲရက္ေရႊ  ့တာကုိ ကၽႊန္ေတာ္ကန္ ့ကြက္တယ္ သေဘာမတူဘူး ၊ အဲ့ဒီေတာ့ေထာက္ခံတဲ့ပါတီက ကုိေနဇင္လတ္ပါတီရယ္ (အမ်ိဳးသားတုိးတက္ေရးပါတီ) ၊ ေတာင္သူလယ္သမားက ကုိေက်ာ္စြာစုိးပါတီရယ္ ၊ ၾကံခုိင္ေရးပါတီကေထာက္ခံတယ္ ၊ တစညနဲ ့ရခုိင္ကေတာ့ ေကာ္မရွင္ၾကည့္လုပ္ပါ ဘာညာနဲ ့ေျပာတာေပါ့ ၊  ” ဟု အမ်ိဳးသားဒီမုိကေရစီအဖြဲ ့ခ်ဳပ္ပါတီမွ ေဆြးေႏြးပြဲသုိ ့တက္ေရာက္ခဲ့သည့္ ဦး၀င္းထိန္ကေျပာသည္။

ေရြးေကာက္ပြဲေရႊ ့ဆုိင္းရန္ နုိင္ငံေရးပါတီမ်ားအား ေခၚယူေဆြးေႏြးခဲ့ျခင္းမွာ သဘာ၀ေဘးအႏၱရယ္ၾကံဳေတြ ့ေနရသည့္အခ်ိန္္တြင္ ေရြးေကာက္ပြဲတြင္ ျပည္သူမ်ားစိတ္ေေအးခ်မ္းသားစြာမဲေပးနုိင္ ပါ့မလား ၊ နုိင္ငံေရးပါတီအသီးသီးအေနျဖင့္ မဲဆြယ္စည္းရုံခြင့္ရပါ့မလား ခ်ိန္ဆျပီးေနာက္ ေရႊ ့သင့္ ၊ မေရႊ ့သင့္ နုိင္ငံေရးပါတီမ်ားကုိ ေခၚယူေတြ ့ဆုံခဲ့ျခင္းျဖစ္ ကာ ေရႊ ့ ၊ မေရႊ ့ဆုံးျဖတ္ခ်က္ကုိ ရက္ပုိင္း အတြင္းထုတ္ျပန္နုိင္ သည္ဟု ေဆြးေႏြးပြဲအျပီး ေအာက္တုိဘာလ ၁၃ ရက္ေန ့လည္ပုိင္းတြင္ ျပည္ေထာင္စုေရြးေကာ္ကပြဲေကာ္မရွင္ ဥကၠဌ ဦးတင္ေအးက  သတင္းမီဒီယာမ်ားသုိ ့ေျပာၾကားခဲ့သည္။

“ NLD ပဲတိတိက်က်ကန္ ့ကြက္တာရွိပါတယ္ ၊ ႏွစ္ပါတီကေတာ့ ေရႊ  ့ကုိ ေရႊ  ့ပါမယ္လုိ ့ေျပာတာရွိတယ္ ၊ က်န္တဲ့ပါတီေတြကေတာ့ ေကာ္မရွင္ဆုံးျဖတ္တာကုိပဲ နာခံပါ့မယ္လုိ ့ေျပာတာရွိတယ္ ၊  တခ်ိဳ ့ပါတီေတြကလည္း ေရႊ ့တယ္ ၊ မေရႊ ့ဘူးဆုိတာ ေကာ္မရွင္ရဲ  ့လုပ္ပုိင္ခြင့္ပါလုိိ ့ေျပာတယ္ ၊ ဥပေဒအရလည္းဒီလုိပဲအပ္နွင္းထားပါတယ္ ၊ ေကာ္မရွင္ရဲ ့လုပ္ပုိင္ခြင့္ျဖစ္တဲ့အတြက္ေၾကာင့္ ေကာ္မရွင္က ဆုံးျဖတ္လုိ ့ရပါတယ္ ၊ သုိ ့ေသာ္လည္းပဲ ေကာ္မရွင္ ဥပေဒထဲမွာလည္းပဲ ေရြးေကာက္ပြဲရက္သတ္မွတ္တာနဲ ့ပက္သက္လုိ ့တုိင္ပင္သင့္တာတုိင္ပင္ရမယ္ ၊ တုိင္ပင္နုိင္တယ္လုိ ့ေျပာတဲ့အတြက္ေၾကာင့္မုိ ့လုိ ့ဒါေခၚတုိင္ပင္တာပါ ” ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွွင္ ဥကၠဌ ဦးတင္ေအးကေျပာသည္။

ယင္းအစည္းအေ၀းသုိ ့တက္ေရာက္ခဲ့သူ အသီးသီးမွ ေရြးေကာက္ပြဲ ေရႊ ့ ၊ မေရႊ ့ ဆုိသည္နွင့္ ပက္သက္၍ သတင္းမီဒီယာမ်ားသုိ ့ေအာက္တုိဘာလ ၁၃ ၇က္ေန ့ ေန ့လည္ပုိင္းက ေျပာၾကားခဲ့ျပီးေနာက္ ယင္းေန ့၌ပင္  ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္မွ ေရြးေကာက္ပြဲ မေရႊ ့ဆုိင္းပဲ မူလအတုိင္း နုိ၀င္ဘာ ၈ ရက္တြင္က်င္းပရန္ ဆုံးျဖတ္လုိက္သည္ဟု သတင္းထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့သည္။

သတင္းထုတ္ျပန္ခ်က္တြင္ “ ေရြးေကာ္ပြဲရက္ေရႊ ့ဆုိင္းလုိက္ပါက ျဖစ္ေပးလာနုိင္သည့္ အကိ်ဳးအျပစ္မ်ားကုိ ေလ့လာသုံးသပ္၍ ရက္ေရႊ ့ဆုိင္းျခင္းမျပဳေတာ့ဘဲ မူလသတ္မွ်တ္ထားသည့္ ၂၀၁၅ ခုနွစ္ ၊ နုိ၀င္ဘာလ (၈) ရက္ ေန ့တြင္ပင္ အေထြေထြေရြးေကာက္ပြဲမ်ားက်င္းပျပဳလုပ္မည္ျဖစ္ပါေၾကာင္း ေကာ္မရွင္၏ထုတ္ျပန္ခ်က္အား အတည္ျပဳထုတ္ျပန္အသိေပးအပ္ပါသည္။” ဟုပါရွိသည္။
http://thestreetviewjournal.com
........................
ရွေးကောက်ပွဲရွှေ ့ဆိုင်းရန် ပြည်ခိုင်ဖြိုး ထောက်ခံ ၊ NLD ကန် ့ကွက် ကော်မရှင်မှမူလအတိုင်းကျင်းပမည်ဟု ကြေငြာချက်ထုတ်ပြန်



ရွေးကောက်ပွဲရွှေ  ့ဆိုင်းရန် ပြည်ခိုင်ဖြိုး ထောက်ခံ ၊ NLD ကန် ့ကွက် ကော်မရှင်မှမူလအတိုင်းကျင်းပမည်ဟု ကြေငြာချက်ထုတ်ပြန်

စလုံး ၊ နေပြည်တော် ၊ အောက်တိုဘာ ၁၃ ရက်

သဘာဝဘေးအန္တရယ်များကြောင့် နို၀င်ဘာလ ၈ ရက်နေ ့တွင်ကျင်းပရန်ကြေငြာထားသည့် အထွေထွေရွေးကောက်ပွဲကို ရွှေဆိုင်းရန်သင့် ၊ မသင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးမှ နိုင်ငံရေးပါတီ ဆယ်ပါတီ အား အောက်တိုဘာလ ၁၃ ရက်က ခေါ်ယူတွေ ့ဆုံဆွေးနွေးခဲ့သည်။

ရွေးကောက်ပွဲဝင်မည့်  ကိုယ်စားလှယ်လောင်း အားလုံး၏ (၇၃) ရာခိုင်းနှုန်း ရှိသော  အမျိုးသားဒီမိုကရေစီအဖွဲ  ့ချုပ်ပါတီ ၊တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၊ ရခိုင်အမျိုးသားပါတီ ၊ ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ  ့ဖြိုးရေးပါတီ ၊ မြန်မာနိုင်ငံတောင်သူလယ်သမားတိုးတက်ရေးပါတီ ၊ အမျိုးသားတိုးတက်ရေးပါတီ ၊   စသည့် ပါတီ ဆယ်ခုအား ခေါ်ယူဆွေးနွေးခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်သည့် တွေ ့ဆုံဆွေးနွေးပွဲအခမ်းအနားသို ့ ဖိတ်ကြားထားသည့်ဆယ်ပါတီအနက်  အမျိုးသားဒီမိုကရေစီအဖွဲ  ့ချုပ်ပါတီ ၊တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ၊ ရခိုင်အမျိုးသားပါတီ ၊ ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ  ့ဖြိုးရေးပါတီ ၊ မြန်မာနိုင်ငံတောင်သူလယ်သမားတိုးတက်ရေးပါတီ  နှင့် အမျိုးသားတိုးတက်ရေးပါတီ တို ့တက်ရောက်ခဲ့ကြသည်။

“ ကော်မရှင် ဥက္ကဌကပြောတယ် အာဂျင်ဒါနှစ်ခုတင်ပြတယ် ။ တစ်ခုကရွေးကောက်ပွဲတည်ငြိမ်အေးချမ်းဖို ့နောက်တစ်ခုက ရွေးကောက်ပွဲရက်ရွှေ ့ဆိုင်းဖို ့၊ တည်ငြိမ်အေးချမ်းဖို ့ကတော့ပြောစရာမလိုဘူး ၊ ကော်မရှင် ဥက္ကဌပြောတာကဟိုနေရာမှာရေကြီးတယ် ၊ ဒီနေရာမှာမြေပြိုတယ် အဲ့ဒါတွေကြောင့်မို ့လို ့ရွှေ ့ဖို ့လိုရင်လိုမယ် ၊ လိုကောင်းလိုမယ် ရွှေ ့ချင်တယ် အဲ့တော့ ကျွှန်တော်ကတော့ နာဂစ်မှာတောင်မှ အမျိုးသားသဘာဝဘေးအန္တရယ် ( National disatster) ဖြစ်တာတောင်မှ ၂၀၀၈ အခြေခံဥပဒေကို တွန်းလုပ်ခဲ့တဲ့ဥစ္စာ  ၊ အခုဒီဟာက အဲ့ဒါနဲ ့စာလို ့ရှိရင် မပြောပလောက်ဘူး ၊ ဒါကြောင်မို ့ရွေးကောက်ပွဲရက်ရွှေ  ့တာကို ကျွှန်တော်ကန် ့ကွက်တယ် သဘောမတူဘူး ၊ အဲ့ဒီတော့ထောက်ခံတဲ့ပါတီက ကိုနေဇင်လတ်ပါတီရယ် (အမျိုးသားတိုးတက်ရေးပါတီ) ၊ တောင်သူလယ်သမားက ကိုကျော်စွာစိုးပါတီရယ် ၊ ကြံခိုင်ရေးပါတီကထောက်ခံတယ် ၊ တစညနဲ ့ရခိုင်ကတော့ ကော်မရှင်ကြည့်လုပ်ပါ ဘာညာနဲ ့ပြောတာပေါ့ ၊  ” ဟု အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ပါတီမှ ဆွေးနွေးပွဲသို ့တက်ရောက်ခဲ့သည့် ဦးဝင်းထိန်ကပြောသည်။

ရွေးကောက်ပွဲရွှေ ့ဆိုင်းရန် နိုင်ငံရေးပါတီများအား ခေါ်ယူဆွေးနွေးခဲ့ခြင်းမှာ သဘာဝဘေးအန္တရယ်ကြုံတွေ ့နေရသည့်အချိန််တွင် ရွေးကောက်ပွဲတွင် ပြည်သူများစိတ်ေအေးချမ်းသားစွာမဲပေးနိုင် ပါ့မလား ၊ နိုင်ငံရေးပါတီအသီးသီးအနေဖြင့် မဲဆွယ်စည်းရုံခွင့်ရပါ့မလား ချိန်ဆပြီးနောက် ရွှေ ့သင့် ၊ မရွှေ ့သင့် နိုင်ငံရေးပါတီများကို ခေါ်ယူတွေ ့ဆုံခဲ့ခြင်းဖြစ် ကာ ရွှေ ့ ၊ မရွှေ ့ဆုံးဖြတ်ချက်ကို ရက်ပိုင်း အတွင်းထုတ်ပြန်နိုင် သည်ဟု ဆွေးနွေးပွဲအပြီး အောက်တိုဘာလ ၁၃ ရက်နေ ့လည်ပိုင်းတွင် ပြည်ထောင်စုရွေးကော်ကပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက  သတင်းမီဒီယာများသို ့ပြောကြားခဲ့သည်။

“ NLD ပဲတိတိကျကျကန် ့ကွက်တာရှိပါတယ် ၊ နှစ်ပါတီကတော့ ရွှေ  ့ကို ရွှေ  ့ပါမယ်လို ့ပြောတာရှိတယ် ၊ ကျန်တဲ့ပါတီတွေကတော့ ကော်မရှင်ဆုံးဖြတ်တာကိုပဲ နာခံပါ့မယ်လို ့ပြောတာရှိတယ် ၊  တချို ့ပါတီတွေကလည်း ရွှေ ့တယ် ၊ မရွှေ ့ဘူးဆိုတာ ကော်မရှင်ရဲ  ့လုပ်ပိုင်ခွင့်ပါလိုိ ့ပြောတယ် ၊ ဥပဒေအရလည်းဒီလိုပဲအပ်နှင်းထားပါတယ် ၊ ကော်မရှင်ရဲ ့လုပ်ပိုင်ခွင့်ဖြစ်တဲ့အတွက်ကြောင့် ကော်မရှင်က ဆုံးဖြတ်လို ့ရပါတယ် ၊ သို ့သော်လည်းပဲ ကော်မရှင် ဥပဒေထဲမှာလည်းပဲ ရွေးကောက်ပွဲရက်သတ်မှတ်တာနဲ ့ပက်သက်လို ့တိုင်ပင်သင့်တာတိုင်ပင်ရမယ် ၊ တိုင်ပင်နိုင်တယ်လို ့ပြောတဲ့အတွက်ကြောင့်မို ့လို ့ဒါခေါ်တိုင်ပင်တာပါ ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှှင် ဥက္ကဌ ဦးတင်အေးကပြောသည်။

ယင်းအစည်းအဝေးသို ့တက်ရောက်ခဲ့သူ အသီးသီးမှ ရွေးကောက်ပွဲ ရွှေ ့ ၊ မရွှေ ့ ဆိုသည်နှင့် ပက်သက်၍ သတင်းမီဒီယာများသို ့အောက်တိုဘာလ ၁၃ ရက်နေ ့ နေ ့လည်ပိုင်းက ပြောကြားခဲ့ပြီးနောက် ယင်းနေ ့၌ပင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲ မရွှေ ့ဆိုင်းပဲ မူလအတိုင်း နို၀င်ဘာ ၈ ရက်တွင်ကျင်းပရန် ဆုံးဖြတ်လိုက်သည်ဟု သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် “ ရွေးကော်ပွဲရက်ရွှေ ့ဆိုင်းလိုက်ပါက ဖြစ်ပေးလာနိုင်သည့် အကျိုးအပြစ်များကို လေ့လာသုံးသပ်၍ ရက်ရွှေ ့ဆိုင်းခြင်းမပြုတော့ဘဲ မူလသတ်မျှတ်ထားသည့် ၂၀၁၅ ခုနှစ် ၊ နို၀င်ဘာလ (၈) ရက် နေ ့တွင်ပင် အထွေထွေရွေးကောက်ပွဲများကျင်းပပြုလုပ်မည်ဖြစ်ပါကြောင်း ကော်မရှင်၏ထုတ်ပြန်ချက်အား အတည်ပြုထုတ်ပြန်အသိပေးအပ်ပါသည်။” ဟုပါရှိသည်။

No comments:

Post a Comment