Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

ေနျပည္ေတာ္က NLD ကိုယ္စားလွယ္ေလာင္းေတြရဲ႕ မဲဆြယ္ပြဲ တိုက္ခိုက္ခံရ


အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမင္းသူကို စက္တင္ဘာလ ၅ ရက္ေန႔က ေနျပည္ေတာ္၊ ဇမၺဴသီရိၿမိဳ႕က စည္ပင္ဧည့္ရိပ္သာ မွာ ေတြ႔ရစဥ္။ Photo: Win Ko Ko Latt/ RFA
ေနျပည္ေတာ္ ဒကၡိဏသီရိၿမိဳ႕နယ္ ဇီးျဖဳကုန္းရြာမွာ ဒီေန႔မနက္က မဲဆြယ္စည္းရံုးေရးဆင္းခဲ့တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ကိုယ္စားလွယ္ေလာင္းေတြနဲ႔ အဖြဲ႔ကို ေဒသခံႀကံ႕ခိုင္ဖြံ႔ၿဖိဳးေရးပါတီဝင္ မိသားစုတစ္စုက အၾကမ္းဖက္တိုက္ခိုက္ခဲ့တယ္လို႔ သတင္းရရွိပါတယ္။

ဦးညြန္႔တင္ဆိုသူနဲ႔ မိသားစုဝင္ေတြက ေမာ္ေတာ္ဆိုင္ကယ္ေတြနဲ႔ ဝင္တိုက္သလို၊ ေလာက္ေလးခြေတြနဲ႔လည္း ေခ်ာင္းေျမာင္းပစ္ခတ္တဲ့အတြက္ NLD ပါတီဘက္က အမ်ိဳးသားတစ္ဦး ရင္ဘတ္ကို ေလာက္စာလံုး ထိမွန္ခဲ့သလို၊ အမ်ိဳးသမီးတစ္ဦးရဲ႕ လက္ေမာင္းမွာလည္း ထိခိုက္နာက်င္သြားတယ္လို႔ မဲဆြယ္ပြဲမွာလိုက္ပါသြားတဲ့ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးမင္းသူက RFA ကိုေျပာပါတယ္။

"ဦးညြန္႔တင္က ၾကားရတဲ့တာေတြအရဆိုရင္ ႀကံ႕ခိုင္ေရး ပါတီဝင္တစ္ေယာက္ျဖစ္တယ္၊ သူနဲ႔ သူ႔ရဲ႕သားသမီးေတြ က်န္တဲ့အဖြဲ႔ဝင္ေတြဟာ ရြာထဲမွာေဟာေျပာမႈမလုပ္ဖို႔ တားဆီးပိတ္ပင္တယ္၊ အဲ့ဒါအျပင္ အဖြဲ႔ဝင္ေတြကို ဆိုင္ကယ္ေတြနဲ႔ သားကတစ္ႀကိမ္၊ သမီးကတစ္ႀကိမ္ ပြတ္တိုက္တာတို႔ တိုက္ခိုက္တာတို႔လုပ္တယ္၊ ေလာက္ေလးဂြေတြနဲ႔ ပစ္ခတ္တာေတြရွိတယ္၊ အဖြဲ႔ဝင္တစ္ေယာက္ဟာ ဆိုင္ကယ္ပြတ္တိုက္သြားတဲ့အခါေတာ့ လက္ေမာင္းဒဏ္ရာရတာရွိပါတယ္၊ ေနာက္အမ်ိဳးသားတစ္ေယာက္လည္း ေလာက္ေလးဂြ တစ္လံုးအပစ္ခံရၿပီး ေနာက္မွာထိခိုက္တာရွိပါတယ္၊ က်ေနာ္တို႔အေနနဲ႔ကေတာ့ အခ်င္းမ်ားမွာကို မလိုလားတဲ့အတြက္ကို ရုန္းရင္းဆန္ခတ္မျဖစ္ေစခ်င္တဲ့အတြက္ ေအးေအးခ်မ္းခ်မ္းေပါ့ေလ ျပန္လည့္ၿပီးေတာ့ ျပစ္မႈက်ဴးလြန္သူေတြကို သက္ဆိုင္ရာဥပေဒအရ အေရးယူဖို႔ အမႈဖြင့္တိုင္ၾကားထားပါတယ္"

ဒီကိစၥကို သက္ဆိုင္ရာရဲစခန္းမွာ အမႈဖြင့္ခဲ့ေပမဲ့၊ ကိုယ္ထိလက္ေရာက္က်ဴးလြန္သူေတြကို တနဂၤေႏြေန႔ ညေနပိုင္းအထိ အေရးမယူေသးဘူးလို႔ ဦးမင္းသူ က ေျပာပါတယ္။

အဲ့ဒီ ဇီးျဖဴကုန္းရြာကို အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ျမင့္ဦး၊ ျပည္သူ႔ လႊတ္ေတာ္ ကုိယ္စားလွယ္ေလာင္း ဦးသန္႔စင္ထြန္းတို႔ရဲ႕ ေရြးေကာက္ပြဲေအာင္နုိင္ေရး ေဟာေျပာပြဲအတြက္ သြားေရာက္ခဲ့တာျဖစ္ပါတယ္။

ေနျပည္ေတာ္ေကာင္စီေဒသတဝိုက္ မဲဆြယ္စည္းရံုးေရးအတြက္ ရက္ေပါင္း ၆ဝ အစီအစဥ္ကို သတ္မွတ္ထားတဲ့ ဥပေဒအတိုင္း အေၾကာင္းၾကားထားသလို၊ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ မဲဆြယ္စည္းရံုးေနတာျဖစ္တယ္လို႔လည္း ဦးမင္းသူက ေျပာပါတယ္။

RFA Burmese
http://www.rfa.org/burmese
.......................................................................

ေနပြည်တော်က NLD ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ပွဲ တိုက်ခိုက်ခံရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကို စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရိမြို့က စည်ပင်ဧည့်ရိပ်သာ မှာ တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဇီးဖြုကုန်းရွာမှာ ဒီနေ့မနက်က မဲဆွယ်စည်းရုံးရေးဆင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေနဲ့ အဖွဲ့ကို ဒေသခံကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် မိသားစုတစ်စုက အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဦးညွန့်တင်ဆိုသူနဲ့ မိသားစုဝင်တွေက မော်တော်ဆိုင်ကယ်တွေနဲ့ ဝင်တိုက်သလို၊ လောက်လေးခွတွေနဲ့လည်း ချောင်းမြောင်းပစ်ခတ်တဲ့အတွက် NLD ပါတီဘက်က အမျိုးသားတစ်ဦး ရင်ဘတ်ကို လောက်စာလုံး ထိမှန်ခဲ့သလို၊ အမျိုးသမီးတစ်ဦးရဲ့ လက်မောင်းမှာလည်း ထိခိုက်နာကျင်သွားတယ်လို့ မဲဆွယ်ပွဲမှာလိုက်ပါသွားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုပြောပါတယ်။

"ဦးညွန့်တင်က ကြားရတဲ့တာတွေအရဆိုရင် ကြံ့ခိုင်ရေး ပါတီဝင်တစ်ယောက်ဖြစ်တယ်၊ သူနဲ့ သူ့ရဲ့သားသမီးတွေ ကျန်တဲ့အဖွဲ့ဝင်တွေဟာ ရွာထဲမှာဟောပြောမှုမလုပ်ဖို့ တားဆီးပိတ်ပင်တယ်၊ အဲ့ဒါအပြင် အဖွဲ့ဝင်တွေကို ဆိုင်ကယ်တွေနဲ့ သားကတစ်ကြိမ်၊ သမီးကတစ်ကြိမ် ပွတ်တိုက်တာတို့ တိုက်ခိုက်တာတို့လုပ်တယ်၊ လောက်လေးဂွတွေနဲ့ ပစ်ခတ်တာတွေရှိတယ်၊ အဖွဲ့ဝင်တစ်ယောက်ဟာ ဆိုင်ကယ်ပွတ်တိုက်သွားတဲ့အခါတော့ လက်မောင်းဒဏ်ရာရတာရှိပါတယ်၊ နောက်အမျိုးသားတစ်ယောက်လည်း လောက်လေးဂွ တစ်လုံးအပစ်ခံရပြီး နောက်မှာထိခိုက်တာရှိပါတယ်၊ ကျနော်တို့အနေနဲ့ကတော့ အချင်းများမှာကို မလိုလားတဲ့အတွက်ကို ရုန်းရင်းဆန်ခတ်မဖြစ်စေချင်တဲ့အတွက် အေးအေးချမ်းချမ်းပေါ့လေ ပြန်လည့်ပြီးတော့ ပြစ်မှုကျူးလွန်သူတွေကို သက်ဆိုင်ရာဥပဒေအရ အရေးယူဖို့ အမှုဖွင့်တိုင်ကြားထားပါတယ်"

ဒီကိစ္စကို သက်ဆိုင်ရာရဲစခန်းမှာ အမှုဖွင့်ခဲ့ပေမဲ့၊ ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေကို တနင်္ဂနွေနေ့ ညနေပိုင်းအထိ အရေးမယူသေးဘူးလို့ ဦးမင်းသူ က ပြောပါတယ်။

အဲ့ဒီ ဇီးဖြူကုန်းရွာကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသန့်စင်ထွန်းတို့ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲအတွက် သွားရောက်ခဲ့တာဖြစ်ပါတယ်။

နေပြည်တော်ကောင်စီဒေသတဝိုက် မဲဆွယ်စည်းရုံးရေးအတွက် ရက်ပေါင်း ၆ဝ အစီအစဉ်ကို သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း အကြောင်းကြားထားသလို၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ မဲဆွယ်စည်းရုံးနေတာဖြစ်တယ်လို့လည်း ဦးမင်းသူက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment