Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 8, 2015

NLDႏိုင္ရင္ အစိုးရဖြဲ႔ၿပီး ဦးေဆာင္မယ္လို႔ ေဒၚစုဆို

အမ်ဳိးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ (Credit: ABC) 
အမ်ဳိးသား ​ဒီမိုကေရစီ ​အဖြဲ႔ခ်ဳပ္ ​ေခါင္းေဆာင္ ​ေဒၚေအာင္ဆန္းစုၾကည္က ​NLD ​ပါတီကသာ ​အႏိုင္ရမယ္ဆိုရင္ ​ျမန္မာအစိုးရသစ္မွာ ​ေခါင္းေဆာင္အေနနဲ႔ ​ဆက္လုပ္သြားမယ္လို႔ ​ေျပာပါတယ္။

၂၀၀၈ ​ဖြဲ႔စည္း ​အုပ္ခ်ဳပ္ပုံ ​အေျခခံ ​ဥပေဒအရ ​ႏိုင္ငံျခားသား ​မိသားစုဝင္ ​ရွိေနတဲ့ ​ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ​သမၼတ ​ျဖစ္ခြင့္မရွိေပမယ့္ ​NLD ​ကသာ ​အႏိုင္ရမယ္ဆိုရင္ ​အစိုးရဖြဲ႔ၿပီး ​အဲဒီအစိုးရအဖြဲ႔မွာ ​ေခါင္းေဆာင္အေနနဲ႔ ​လုပ္သြားမယ္လို႔ ​India ​Today ​နဲ႔ ​အင္တာဗ်ဴးမွာ ​ေဒၚေအာင္ဆန္းစုၾကည္က ​ေျပာသြားခဲ့တာပါ။

အိႏၵိယႏိုင္ငံ ​ကြန္ဂရက္ပါတီေခါင္းေဆာင္ ​Sonia ​Gandhi ​လို ​ပါတီကို ​ဆက္အုပ္ခ်ဳပ္ၿပီး ​Manmohan ​Singh ​ကို ​ဝန္ႀကီးခ်ဳပ္ရာထူးေပးထားၿပီး ​လုပ္ပိုင္ခြင့္ ​အနည္းငယ္သာ ​ေပးထားတာမ်ဳိးကို ​လုပ္ခ်င္တာလားလို႔ ​ေမးတဲ့အခါမွာေတာ့ ​ေဒၚေအာင္ဆန္းစုၾကည္က ​အဲဒီလို ​လုပ္မွာ ​မဟုတ္ဘူးလို႔ ​ေျပာပါတယ္။

ဘယ္လို ​လုပ္ေဆာင္မလဲ ​ဆိုတာကို ​ရွင္းမျပထားပဲ ​ေစာင့္ၾကည့္ပါ ​လို႔သာ ​ေျဖၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံ ​စနစ္အရ ​သမၼတဟာ ​ေရြးေကာက္ခံစရာမလိုပဲ ​ပါလီမာန္လႊတ္ေတာ္အမတ္ေတြ၊ ​စစ္တပ္ေတြက ​ေထာက္ခံရင္ ​သမၼတ ​ျဖစ္ခြင့္ရွိပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က ​သူရဦးေရႊမန္းနဲ႔ ​အေပးအယူလုပ္ေနတယ္လို႔ ​ယူဆၾကတဲ့အတြက္ ​သူရဦးေရႊမန္းလို ​လူကို ​သမၼတ ​အျဖစ္ ​ေရြးခ်ယ္မလားလို႔ ​ေမးရာမွာေတာ့ ​ေဒၚေအာင္ဆန္းစုၾကည္က ​NLD ​ပါတီအတြင္းက ​စစ္သားမဟုတ္ပဲ ​အရပ္သား ​တစ္ဦးကိုသာ ​တင္ေျမာက္မယ္လို႔ ​ေျပာပါတယ္။

ဘယ္သူ႔ကို ​ပိုလိုလားတယ္ဆိုတာထက္ ​ဘယ္သူက ​ပိုျဖစ္သင့္သလဲ ​ဆိုတာ ​စဥ္းစားရမွာ ​ျဖစ္ၿပီး ​လက္ရွိအေျခအေနအရ ​အရပ္သားကသာ ​သမၼတ ​ျဖစ္သင့္တယ္လို႔ ​ေျဖဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ​ဘာသာေရးကြဲျပားမႈေတြအေပၚ ​သီးခံမႈ ​နည္းလာတာေတြကို ​ၾကည့္ၿပီး ​စိုးရိမ္မိတယ္လို႔ ​ေျပာပါတယ္။ ​NLD ​ကို ​ကိုယ္စားျပဳမယ့္ ​မြတ္စလင္ ​လႊတ္ေတာ္အမတ္ေလာင္းကို ​NLD ​က ​ပယ္ခ်တာ ​မဟုတ္ပဲ ​ေရြးေကာက္ပြဲ ​ေက္ာမရွင္က ​ပယ္ခ်ျခင္းသာျဖစ္ၿပီး ​ဘာသာေရးက ​ေရြးေကာက္ပြဲမွာ ​issue ​တစ္ခု ​ျဖစ္လာေနတဲ့အေပၚ ​စိတ္မေကာင္းဘူးလို႔လည္း ​ေဒၚေအာင္ဆန္းစုၾကည္က ​ေျပာပါတယ္။

ရိုဟင္ဂ်ာ ​အေရးနဲ႔ ​ပတ္သက္ၿပီး ​ေဒၚေအာင္ဆန္းစုၾကည္က ​ေရငုံႏွဳတ္ပိတ္ေနတယ္ ​ဆိုတဲ့ ​စြပ္စြဲခ်က္နဲ႔ ​ပတ္သက္ၿပီး ​ေဒၚေအာင္ဆန္းစုၾကည္က ​ဒီကိစၥနဲ႔ ​ပတ္သက္ၿပီး ​ေျပာဆိုခဲ့တာေတြ ​ရွိေပမယ့္ ​လူေတြက ​စိတ္မဝင္စားတဲ့အေၾကာင္း၊ ​လူေတြ ​လိုခ်င္တာက ​ရခိုင္ေတြရဲ့ ​လုပ္ရပ္ကို ​ရွဳတ္ခ်တာမ်ဳိးျဖစ္ၿပီး ​ဒီကိစၥမွာ ​ရခိုင္ဘက္ကလည္း ​ခံရတာေတြ ​ရွိတဲ့အတြက္ ​ရခိုင္ေတြကို ​မရွဳတ္ခ်ႏိုင္ဘူးလို႔ ​ေျဖၾကားခဲ့ပါတယ္။

ABC Radio Australia
http://www.radioaustralia.net.au/burmese
......................
...............

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (Credit: ABC)
အမျိုးသား ​ဒီမိုကရေစီ ​အဖွဲ့ချုပ် ​ခေါင်းဆောင် ​ဒေါ်အောင်ဆန်းစုကြည်က ​NLD ​ပါတီကသာ ​အနိုင်ရမယ်ဆိုရင် ​မြန်မာအစိုးရသစ်မှာ ​ခေါင်းဆောင်အနေနဲ့ ​ဆက်လုပ်သွားမယ်လို့ ​ပြောပါတယ်။

၂၀၀၈ ​ဖွဲ့စည်း ​အုပ်ချုပ်ပုံ ​အခြေခံ ​ဥပဒေအရ ​နိုင်ငံခြားသား ​မိသားစုဝင် ​ရှိနေတဲ့ ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​သမ္မတ ​ဖြစ်ခွင့်မရှိပေမယ့် ​NLD ​ကသာ ​အနိုင်ရမယ်ဆိုရင် ​အစိုးရဖွဲ့ပြီး ​အဲဒီအစိုးရအဖွဲ့မှာ ​ခေါင်းဆောင်အနေနဲ့ ​လုပ်သွားမယ်လို့ ​India ​Today ​နဲ့ ​အင်တာဗျူးမှာ ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောသွားခဲ့တာပါ။

အိန္ဒိယနိုင်ငံ ​ကွန်ဂရက်ပါတီခေါင်းဆောင် ​Sonia ​Gandhi ​လို ​ပါတီကို ​ဆက်အုပ်ချုပ်ပြီး ​Manmohan ​Singh ​ကို ​ဝန်ကြီးချုပ်ရာထူးပေးထားပြီး ​လုပ်ပိုင်ခွင့် ​အနည်းငယ်သာ ​ပေးထားတာမျိုးကို ​လုပ်ချင်တာလားလို့ ​မေးတဲ့အခါမှာတော့ ​ဒေါ်အောင်ဆန်းစုကြည်က ​အဲဒီလို ​လုပ်မှာ ​မဟုတ်ဘူးလို့ ​ပြောပါတယ်။

ဘယ်လို ​လုပ်ဆောင်မလဲ ​ဆိုတာကို ​ရှင်းမပြထားပဲ ​စောင့်ကြည့်ပါ ​လို့သာ ​ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံ ​စနစ်အရ ​သမ္မတဟာ ​ရွေးကောက်ခံစရာမလိုပဲ ​ပါလီမာန်လွှတ်တော်အမတ်တွေ၊ ​စစ်တပ်တွေက ​ထောက်ခံရင် ​သမ္မတ ​ဖြစ်ခွင့်ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ​သူရဦးရွှေမန်းနဲ့ ​အပေးအယူလုပ်နေတယ်လို့ ​ယူဆကြတဲ့အတွက် ​သူရဦးရွှေမန်းလို ​လူကို ​သမ္မတ ​အဖြစ် ​ရွေးချယ်မလားလို့ ​မေးရာမှာတော့ ​ဒေါ်အောင်ဆန်းစုကြည်က ​NLD ​ပါတီအတွင်းက ​စစ်သားမဟုတ်ပဲ ​အရပ်သား ​တစ်ဦးကိုသာ ​တင်မြောက်မယ်လို့ ​ပြောပါတယ်။

ဘယ်သူ့ကို ​ပိုလိုလားတယ်ဆိုတာထက် ​ဘယ်သူက ​ပိုဖြစ်သင့်သလဲ ​ဆိုတာ ​စဉ်းစားရမှာ ​ဖြစ်ပြီး ​လက်ရှိအခြေအနေအရ ​အရပ်သားကသာ ​သမ္မတ ​ဖြစ်သင့်တယ်လို့ ​ဖြေဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ဘာသာရေးကွဲပြားမှုတွေအပေါ် ​သီးခံမှု ​နည်းလာတာတွေကို ​ကြည့်ပြီး ​စိုးရိမ်မိတယ်လို့ ​ပြောပါတယ်။ ​NLD ​ကို ​ကိုယ်စားပြုမယ့် ​မွတ်စလင် ​လွှတ်တော်အမတ်လောင်းကို ​NLD ​က ​ပယ်ချတာ ​မဟုတ်ပဲ ​ရွေးကောက်ပွဲ ​ကေ်ာမရှင်က ​ပယ်ချခြင်းသာဖြစ်ပြီး ​ဘာသာရေးက ​ရွေးကောက်ပွဲမှာ ​issue ​တစ်ခု ​ဖြစ်လာနေတဲ့အပေါ် ​စိတ်မကောင်းဘူးလို့လည်း ​ဒေါ်အောင်ဆန်းစုကြည်က ​ပြောပါတယ်။

ရိုဟင်ဂျာ ​အရေးနဲ့ ​ပတ်သက်ပြီး ​ဒေါ်အောင်ဆန်းစုကြည်က ​ရေငုံနှုတ်ပိတ်နေတယ် ​ဆိုတဲ့ ​စွပ်စွဲချက်နဲ့ ​ပတ်သက်ပြီး ​ဒေါ်အောင်ဆန်းစုကြည်က ​ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​ပြောဆိုခဲ့တာတွေ ​ရှိပေမယ့် ​လူတွေက ​စိတ်မဝင်စားတဲ့အကြောင်း၊ ​လူတွေ ​လိုချင်တာက ​ရခိုင်တွေရဲ့ ​လုပ်ရပ်ကို ​ရှုတ်ချတာမျိုးဖြစ်ပြီး ​ဒီကိစ္စမှာ ​ရခိုင်ဘက်ကလည်း ​ခံရတာတွေ ​ရှိတဲ့အတွက် ​ရခိုင်တွေကို ​မရှုတ်ချနိုင်ဘူးလို့ ​ဖြေကြားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment