CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, October 2, 2015
ေရြးေကာက္ပြဲ၀င္ NLD ကိုယ္စားလွယ္ေလာင္းမ်ားတြင္ မြတ္စလင္တဦးတေယာက္မွ် ပါ၀င္ျခင္းမရွိဟု ဦး၀င္းထိန္ေျပာၾကား
ဗုဒၶဘာသာဘုန္းေတာ္ႀကီးမ်ား ဦးေဆာင္သည့္ ၾသဇာတိကၠမႀကီးမားေသာ ဘာသာေရးအုပ္စုအား ေခၽြးသိပ္ သည့္အေနႏွင့္ ျမန္မာ့အတိုက္အခံ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) သည္ ႏို၀င္ဘာ ၈ ရက္ ေရြးေကာက္ပြဲအတြက္ မြတ္ဆလင္ကိုယ္စားလွယ္ေလာင္း တဦးတေယာက္မွ် အမည္စာရင္း တင္သြင္းျခင္း မျပဳခဲ့ေၾကာင္း NLD ဗဟို အလုပ္အမႈေဆာင္အဖြဲ႕၀င္ ဦး၀င္းထိန္က ၀န္ခံေျပာၾကားသည္။
ပါတီတြင္ အရည္အခ်င္းျပည့္မီသည့္ မြတ္ဆလင္ကိုယ္စားလွယ္ေလာင္းမ်ားရွိေၾကာင္း၊ သို႔ေသာ္ ႏိုင္ငံေရး အေျခအေနမ်ားအရ ၎တို႔ကို ကိုယ္စားလွယ္ေလာင္းစာရင္းမွ ဖယ္ထားခဲ့ေၾကာင္း ဦး၀င္းထိန္က စက္တင္ဘာ ၃၀ ရက္တြင္ UCA News ၀က္ဘ္ဆိုက္သို႔ ေျပာၾကားသည္။
“ကၽြန္ေတာ္တို႔ သူတို႔ကို မေရြးခ်ယ္ႏုိင္ဘူး။ မြတ္ဆလင္ကိုယ္စားလွယ္ေလာင္းေတြကလည္း ကၽြန္ေတာ္တို႔ အေျခအေနကို သတိျပဳမိၾကပါတယ္။ ဒါေၾကာင့္ သူတို႔ ကၽြန္ေတာ္တို႔အေပၚ နားလည္သေဘာေပါက္ပါတယ္” ဟု ဦး၀င္းထိန္က ေျပာသည္။
အာဏာရျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (USDP) သည္ ႏို၀င္ဘာ ေရြးေကာက္ပြဲအတြက္ ကိုယ္စား လွယ္ေလာင္းမ်ား ေရြးခ်ယ္ရာတြင္ မြတ္ဆလင္တို႔ကို ေရွာင္ရွားခဲ့သည္။
ေလ့လာအကဲခတ္သမားမ်ားက ႏို၀င္ဘာ ၈ ရက္ ေရြးေကာက္ပြဲသည္ တိုင္းျပည္ႏိုင္ငံေရး ျပဳျပင္ေျပာင္းလဲမႈမ်ား၏ အေရးပါေသာ စမ္းသပ္မႈအျဖစ္ ေျပာၾကားသည္။ သို႔ေသာ္ ေ၀ဖန္သူမ်ားက ေရြးေကာက္ပြဲသည္ လြတ္လပ္ၿပီး တရားမွ်တမႈရွိမည္မဟုတ္ဟု ေျပာၾကားသည္။
အစြန္းေရာက္ အမ်ဳိးသားေရး၀ါဒီ ဗုဒၶဘာသာ၀င္မ်ားက မြတ္ဆလင္ဆန္႔က်င္ေရးေဟာေျပာမႈမ်ားႏွင့္အတူ ေရြးေကာက္ပြဲ၏ ဂုဏ္သိကၡာကို အႏၱရာယ္ျပဳေနၾကသလို NLD ကို မဲမထည့္ရန္ ေတာင္းဆိုေနၾကသည္။ အမ်ဳိး ဘာသာသာသနာ ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕ဟု လူသိမ်ားေသာ “မဘသ”အဖြဲ႕၀င္တဦးက မၾကာေသးမီ က လူထုအစည္းအေ၀းတခုအတြင္း NLD ကို အစၥလာမ္မစ္မ်ား ေထာက္ခံသည့္ပါတီအျဖစ္ ေဖာ္ျပခဲ့သည္။
“တကယ္လို႔ ကၽြန္ေတာ္တို႔ မြတ္ဆလင္ကိုယ္စားလွယ္ေလာင္းမ်ားကို ေရြးခ်ယ္ရင္ မဘသက လက္ညႇိဳးထိုး လာမွာျဖစ္တဲ့အတြက္ ဒါကို ကၽြန္ေတာ္တို႔ ေရွာင္ရွားခဲ့ရတယ္”ဟု ဦး၀င္းထိန္က UCA News သို႔ ေျပာသည္။
ျပည္ပသံ႐ံုးမ်ားက လာမည့္ ေရြးေကာက္ပြဲတြင္ ခြဲျခားေရးကိရိယာတခုအျဖစ္ ဘာသာေရးကို အသံုးမခ်ရန္ ယခု လအေစာပိုင္း၌ သတိေပးခဲ့သည္။
ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္သည္ ႏုိင္ငံသားျဖစ္မႈအေပၚ အေျခခံၿပီး မြတ္ဆလင္ ကိုယ္စားလွယ္ ေလာင္း ဒါဇင္ေပါင္းမ်ားစြာကို ပယ္ခ်ခဲ့သည္။ ေနာက္ပိုင္းတြင္ အယူခံ၀င္ရာ၌ မြတ္ဆလင္ကိုယ္စားလွယ္ ေလာင္း ၁၁ ဦးကို ျပန္လည္ခြင့္ျပဳခဲ့သည္။ ယင္းမွာ ျပည္ပ အစိုးရမ်ား၏ ဖိအားေပးမႈေၾကာင့္ လိုက္ေလ်ာခဲ့ ရပံုရသည္။
ျမန္မာႏိုင္ငံတြင္ ဆယ္စုႏွစ္ေပါင္း ၅၀ နီးပါးမွ် စစ္အာဏာရွင္စနစ္ ႀကီးစိုးခဲ့ၿပီးေနာက္ ၂၀၁၁ ခုႏွစ္တြင္ ျပဳျပင္ ေျပာင္းလဲေရးအစိုးရတရပ္ ေပၚေပါက္ခဲ့သည္။ အရပ္သားအစိုးရက ေျဖေလွ်ာ့မႈမ်ား ျပဳလုပ္ခဲ့ခ်ိန္မွစၿပီး ျမန္မာႏုိင္ငံတြင္ မြတ္ဆလင္ဆန္႔က်င္ေရး အၾကမ္းဖက္မ်ားစြာ ျဖစ္ပြားခဲ့ၿပီး ဗုဒၶဘာသာအမ်ဳိးေရး၀ါဒ ေခါင္းေထာင္ထလာခဲ့သည္။
Ref;UCA News
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.......................
ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဦးဆောင်သည့် သြဇာတိက္ကမကြီးမားသော ဘာသာရေးအုပ်စုအား ချွေးသိပ် သည့်အနေနှင့် မြန်မာ့အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် မွတ်ဆလင်ကိုယ်စားလှယ်လောင်း တဦးတယောက်မျှ အမည်စာရင်း တင်သွင်းခြင်း မပြုခဲ့ကြောင်း NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ၀န်ခံပြောကြားသည်။
ပါတီတွင် အရည်အချင်းပြည့်မီသည့် မွတ်ဆလင်ကိုယ်စားလှယ်လောင်းများရှိကြောင်း၊ သို့သော် နိုင်ငံရေး အခြေအနေများအရ ၎င်းတို့ကို ကိုယ်စားလှယ်လောင်းစာရင်းမှ ဖယ်ထားခဲ့ကြောင်း ဦးဝင်းထိန်က စက်တင်ဘာ ၃၀ ရက်တွင် UCA News ၀က်ဘ်ဆိုက်သို့ ပြောကြားသည်။
“ကျွန်တော်တို့ သူတို့ကို မရွေးချယ်နိုင်ဘူး။ မွတ်ဆလင်ကိုယ်စားလှယ်လောင်းတွေကလည်း ကျွန်တော်တို့ အခြေအနေကို သတိပြုမိကြပါတယ်။ ဒါကြောင့် သူတို့ ကျွန်တော်တို့အပေါ် နားလည်သဘောပေါက်ပါတယ်” ဟု ဦးဝင်းထိန်က ပြောသည်။
အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) သည် နိုဝင်ဘာ ရွေးကောက်ပွဲအတွက် ကိုယ်စား လှယ်လောင်းများ ရွေးချယ်ရာတွင် မွတ်ဆလင်တို့ကို ရှောင်ရှားခဲ့သည်။
လေ့လာအကဲခတ်သမားများက နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲသည် တိုင်းပြည်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ၏ အရေးပါသော စမ်းသပ်မှုအဖြစ် ပြောကြားသည်။ သို့သော် ဝေဖန်သူများက ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည်မဟုတ်ဟု ပြောကြားသည်။
အစွန်းရောက် အမျိုးသားရေးဝါဒီ ဗုဒ္ဓဘာသာဝင်များက မွတ်ဆလင်ဆန့်ကျင်ရေးဟောပြောမှုများနှင့်အတူ ရွေးကောက်ပွဲ၏ ဂုဏ်သိက္ခာကို အန္တရာယ်ပြုနေကြသလို NLD ကို မဲမထည့်ရန် တောင်းဆိုနေကြသည်။ အမျိုး ဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဟု လူသိများသော “မဘသ”အဖွဲ့ဝင်တဦးက မကြာသေးမီ က လူထုအစည်းအဝေးတခုအတွင်း NLD ကို အစ္စလာမ်မစ်များ ထောက်ခံသည့်ပါတီအဖြစ် ဖော်ပြခဲ့သည်။
“တကယ်လို့ ကျွန်တော်တို့ မွတ်ဆလင်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရင် မဘသက လက်ညှိုးထိုး လာမှာဖြစ်တဲ့အတွက် ဒါကို ကျွန်တော်တို့ ရှောင်ရှားခဲ့ရတယ်”ဟု ဦးဝင်းထိန်က UCA News သို့ ပြောသည်။
ပြည်ပသံရုံးများက လာမည့် ရွေးကောက်ပွဲတွင် ခွဲခြားရေးကိရိယာတခုအဖြစ် ဘာသာရေးကို အသုံးမချရန် ယခု လအစောပိုင်း၌ သတိပေးခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံသားဖြစ်မှုအပေါ် အခြေခံပြီး မွတ်ဆလင် ကိုယ်စားလှယ် လောင်း ဒါဇင်ပေါင်းများစွာကို ပယ်ချခဲ့သည်။ နောက်ပိုင်းတွင် အယူခံဝင်ရာ၌ မွတ်ဆလင်ကိုယ်စားလှယ် လောင်း ၁၁ ဦးကို ပြန်လည်ခွင့်ပြုခဲ့သည်။ ယင်းမှာ ပြည်ပ အစိုးရများ၏ ဖိအားပေးမှုကြောင့် လိုက်လျောခဲ့ ရပုံရသည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်း ၅၀ နီးပါးမျှ စစ်အာဏာရှင်စနစ် ကြီးစိုးခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ပြုပြင် ပြောင်းလဲရေးအစိုးရတရပ် ပေါ်ပေါက်ခဲ့သည်။ အရပ်သားအစိုးရက ဖြေလျှော့မှုများ ပြုလုပ်ခဲ့ချိန်မှစပြီး မြန်မာနိုင်ငံတွင် မွတ်ဆလင်ဆန့်ကျင်ရေး အကြမ်းဖက်များစွာ ဖြစ်ပွားခဲ့ပြီး ဗုဒ္ဓဘာသာအမျိုးရေးဝါဒ ခေါင်းထောင်ထလာခဲ့သည်။
Ref;UCA News
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ေရြးေကာက္ပြဲ၀င္ NLD ကိုယ္စားလွယ္ေလာင္းမ်ားတြင္ မြတ္စလင္တဦးတေယာက္မွ် ပါ၀င္ျခင္းမရွိဟု ဦး၀င္းထိန္ေျပာၾကား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 02, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment