Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 11, 2015

NLD ကို ဆန္႔က်င္ေနသည့္ သံဃာတခ်ဳိ႕အား အစြန္းေရာက္ဘုန္းေတာ္ႀကီးဟု သံုးႏႈန္းၿပီး အေျခခံဥပေဒကုိလည္း ခ်ဳိးေဖာက္ေနဟု အဆင့္ျမင့္အေမရိကန္သံတမန္ေဟာင္း ေ၀ဖန္

NLD ကုိ ဆန္႔က်င္ေနသည့္ သံဃာတခ်ဳိ႕အား အစြန္းေရာက္ဘုန္းေတာ္ႀကီးမ်ားဟု သံုးႏႈန္းလုိက္ၿပီး ၂၀၀၈ ဖြဲ႕စည္းပံုအေျခခံဥပေဒကုိလည္း ခ်ဳိးေဖာက္ေနသည္ဟု ျမန္မာႏုိင္ငံဆိုင္ရာ အဆင့္ျမင့္အေမရိကန္သံတမန္ ေဟာင္း Priscilla Clapp က ေအာက္တုိဘာ ၇ ရက္က VOA ၏ ျမန္မာႏုိင္ငံ ေရြးေကာက္ပြဲအထူးအစီအစဥ္ အျဖစ္ တင္ဆက္သည့္ အင္တာဗ်ဴးတြင္ ေျပာၾကားခဲ့သည္။ “ဒီေရြးေကာက္ပြဲမွာ အစြန္းေရာက္ဘုန္းေတာ္ႀကီး ေတြရဲ႕ အခန္းက႑က အင္မတန္မွ အပ်က္သေဘာေဆာင္ပါတယ္။ ႏုိင္ငံတကာအသုိင္းအ၀ုိင္းကလည္း ဒီလိုပဲ ျမင္ပါတယ္။ ေရြးေကာက္ပြဲ လြတ္လပ္မွ်တမႈရွိဖုိ႔ ၾကည္တဲ့ေနရာမွာ ဒါက ဖြဲ႕စည္းပံုအေျခခံဥပေဒနဲ႔ပါ ဆန္႔က်င္ ေနတဲ့ကိစၥျဖစ္ပါတယ္။ ဘာသာေရးကုိ ႏုိင္ငံေရးနဲ႔ အသံုးမခ်ရဘူးလို႔ ၂၀၀၈ ဖြဲ႕စည္းပံုက ျပ႒ာန္းထားပါတယ္။ ဒါကို ခ်ဳိးေဖာက္ ေနၾကတာပါ''ဟု Priscilla Clapp က ေျပာၾကားသည္။
NLD အေပၚ တိုင္းရင္းသားေဒသမ်ားတြင္ လူထုေထာက္ခံမႈ က်ဆင္းလာေနသည္ဟူေသာ သံုးသပ္ခ်က္မ်ား ႏွင့္ပတ္သက္၍ ''ဒါက မွ်တတဲ့သံုးသပ္မႈလို႔ ထင္ပါတယ္''ဟု ၎က မွတ္ခ်က္ျပဳသည္။
ထို႔အျပင္ ေရြးေကာက္ပဲြတြင္ တိုင္းရင္းသားပါတီၾကီးမ်ားက ျပည္နယ္လႊတ္ေတာ္ ထိန္းခ်ဳပ္ထားႏိုင္ေရး ၾကိဳးပမ္း ခ်က္မ်ားႏွင့္ပတ္သက္၍ စစ္တပ္အေနျဖင့္ စိုးရိမ္လိမ့္မည္ဟုမထင္ေၾကာင္း Priscilla Clapp က သံုးသပ္သည္။
''ဒီကိစၥႏွင့္ပတ္သက္ျပီးေတာ့ စစ္တပ္က စိုးရိမ္လာလိမ့္မယ္လို႔ ကြ်န္မမထင္ဘူး။ တိုင္းရင္းသားႏိုင္ငံေရး ပါတီေတြ အေနအထား ပိုေကာင္းလာမွာကို စစ္တပ္က လိုလားမယ္လို႔ ကြ်န္မထင္ပါတယ္။ စစ္တပ္အေနနဲ႔က လက္နက္ကိုင္ပဋိပကၡကို မလိုလားပါဘူး။ လက္နက္ကိုင္ အင္အားစုကို ဖယ္ရွားပစ္ျပီးေတာ့ တရား၀င္နိုင္ငံေရး အင္အားစုေတြအျဖစ္နဲ႔ ေျပာင္းလဲပစ္ခ်င္တာပါ။ ဒါေၾကာင့္မို႔ တရား၀င္ တိုင္းရင္းသားပါတီေတြအေနနဲ႔ ႏိုင္ငံေရး အာဏာတစံုတရာ ရရိွေစခ်င္မွာပါ။ ဒီကိစၥအတြက္ စစ္တပ္က စိုးရိမ္လိမ့္မယ္လို႔ ကြ်န္မ မထင္ပါဘူး။ ကြ်န္မ ယူဆခ်က္မွားရင္ မွားပါလိမ့္မယ္''ဟု ၎ကသံုးသပ္ ေျပာၾကားသည္။
တိုင္းရင္းသားလက္နက္ကိုင္ ေခါင္းေဆာင္မ်ားအေနျဖင့္ လက္နက္စြန္႔ရမည္ကို တြန္႔ဆုတ္ေနၾကသည္ဟု ထင္ေၾကာင္းႏွင့္ ျပည္သူမ်ား၏ ႏိုင္ငံေရးလိုအပ္ခ်က္ကို စတင္စဥ္းစားေနၾကရန္ လိုေၾကာင္းလည္း Priscilla Clapp က ေျပာၾကားခဲ့သည္။
Ref: VOA

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
....................


NLD ကို ဆန့်ကျင်နေသည့် သံဃာတချို့အား အစွန်းရောက်ဘုန်းတော်ကြီးဟု သုံးနှုန်းပြီး အခြေခံဥပဒေကိုလည်း ချိုးဖောက်နေဟု အဆင့်မြင့်အမေရိကန်သံတမန်ဟောင်း ဝေဖန်
----- ----- ----- ----- ------ -----
NLD ကို ဆန့်ကျင်နေသည့် သံဃာတချို့အား အစွန်းရောက်ဘုန်းတော်ကြီးများဟု သုံးနှုန်းလိုက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ချိုးဖောက်နေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အဆင့်မြင့်အမေရိကန်သံတမန် ဟောင်း Priscilla Clapp က အောက်တိုဘာ ရ ရက်က VOA ၏ မြန်မာနိုင်ငံ ရွေးကောက်ပွဲအထူးအစီအစဉ် အဖြစ် တင်ဆက်သည့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ “ဒီရွေးကောက်ပွဲမှာ အစွန်းရောက်ဘုန်းတော်ကြီး တွေရဲ့ အခန်းကဏ္ဍက အင်မတန်မှ အပျက်သဘောဆောင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒီလိုပဲ မြင်ပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိဖို့ ကြည်တဲ့နေရာမှာ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပါ ဆန့်ကျင် နေတဲ့ကိစ္စဖြစ်ပါတယ်။ ဘာသာရေးကို နိုင်ငံရေးနဲ့ အသုံးမချရဘူးလို့ ၂၀၀၈ ဖွဲ့စည်းပုံက ပြဋ္ဌာန်းထားပါတယ်။ ဒါကို ချိုးဖောက် နေကြတာပါ''ဟု Priscilla Clapp က ပြောကြားသည်။
NLD အပေါ် တိုင်းရင်းသားဒေသများတွင် လူထုထောက်ခံမှု ကျဆင်းလာနေသည်ဟူသော သုံးသပ်ချက်များ နှင့်ပတ်သက်၍ ''ဒါက မျှတတဲ့သုံးသပ်မှုလို့ ထင်ပါတယ်''ဟု ၎င်းက မှတ်ချက်ပြုသည်။
ထို့အပြင် ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီကြီးများက ပြည်နယ်လွှတ်တော် ထိန်းချုပ်ထားနိုင်ရေး ကြိုးပမ်း ချက်များနှင့်ပတ်သက်၍ စစ်တပ်အနေဖြင့် စိုးရိမ်လိမ့်မည်ဟုမထင်ကြောင်း Priscilla Clapp က သုံးသပ်သည်။
''ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ စစ်တပ်က စိုးရိမ်လာလိမ့်မယ်လို့ ကျွန်မမထင်ဘူး။ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ အနေအထား ပိုကောင်းလာမှာကို စစ်တပ်က လိုလားမယ်လို့ ကျွန်မထင်ပါတယ်။ စစ်တပ်အနေနဲ့က လက်နက်ကိုင်ပဋိပက္ခကို မလိုလားပါဘူး။ လက်နက်ကိုင် အင်အားစုကို ဖယ်ရှားပစ်ပြီးတော့ တရားဝင်နိုင်ငံရေး အင်အားစုတွေအဖြစ်နဲ့ ပြောင်းလဲပစ်ချင်တာပါ။ ဒါကြောင့်မို့ တရားဝင် တိုင်းရင်းသားပါတီတွေအနေနဲ့ နိုင်ငံရေး အာဏာတစုံတရာ ရရှိစေချင်မှာပါ။ ဒီကိစ္စအတွက် စစ်တပ်က စိုးရိမ်လိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး။ ကျွန်မ ယူဆချက်မှားရင် မှားပါလိမ့်မယ်''ဟု ၎င်းကသုံးသပ် ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအနေဖြင့် လက်နက်စွန့်ရမည်ကို တွန့်ဆုတ်နေကြသည်ဟု ထင်ကြောင်းနှင့် ပြည်သူများ၏ နိုင်ငံရေးလိုအပ်ချက်ကို စတင်စဉ်းစားနေကြရန် လိုကြောင်းလည်း Priscilla Clapp က ပြောကြားခဲ့သည်။
Ref: VOA

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment