Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

သူမအေၾကာင္းရိုက္ကူးမယ့္ ရုပ္ရွင္ဇာတ္လမ္းတြဲမွာ ကိုယ္တိုင္ပါ၀င္သရုပ္ေဆာင္မယ့္ Nicki Minaj


ရပ္အဆုိေတာ္ Nicki Minaj တစ္ေယာက္ သူမရဲ့ဇာတိ New York ျမိဳ႕ေတာ္၊ Queens စီရင္စု မွာ ၾကီးျပင္းလာတဲ့ဘ၀ကို အေျခခံထားတဲ့ နာရီ၀က္ၾကာ ဟာသဇာတ္ျမဴးဇာတ္လမ္းတြဲရဲ့ ေရွ ့ေျပးပထမအပုိင္းကို ရိုက္ကူးဖုိ ့ခြင့္ျပဳလုိက္ျပီးျဖစ္ေၾကာင္း ABC Family ရုပ္သံလိုင္းက ေၾကညာလုိက္ပါတယ္။

ယခုေဆာင္းရာသီ၊ New York မွာ စတင္ရိုက္ကူးေရးစမယ့္ ဒီ စီးရီးမွာ Nicki Minaj ကိုယ္တုိင္ ပါ၀င္သရုပ္ေဆာင္မွာျဖစ္ျပီး ထုတ္လုပ္ေရးအပုိင္းမွာလည္း တာ၀န္ယူသြားမွာ ျဖစ္တယ္လုိ ့သိရပါတယ္။

အသက္ ၃၂ ႏွစ္ရွိျပီျဖစ္တဲ့ Minaj ဟာ ၁၉၉၀ ခုႏွစ္မွာ သူမရဲ့ မိသားစုနဲ ့အတူ ထရီနီဒက္ႏွင့္တုိဘာဂို ႏိုင္ငံကေန အေမရိကားကို ေျပာင္းေရႊ ့အေျခခ်ခဲ့တာျဖစ္ပါတယ္။ Minaj ဟာ အဆုိေတာ္လုိင္းကို မ၀င္ေရာက္ခင္မွာ  Manhattan ရဲ့ နာမည္ေက်ာ္ LaGuardia အထက္တန္းေက်ာင္းမွာ သရုပ္ေဆာင္ပညာကို ေလ့လာဆည္းပူးခဲ့ပါေသးတယ္။

“ ကၽြန္မလုပ္ခဲ့ဖူးသမွ် ေနာက္ထပ္ စိတ္လွဳပ္ရွားစရာအေကာင္းဆုံးစြန္ ့စားမွဳတစ္ခုျဖစ္ပါတယ္။ ကမၻာၾကီးကို တကယ့္အမုိက္စားတစ္ခုခ်ျပဖို ့အတြက္ အေတာ္ဆုံးလူေတြနဲ ့လက္တြဲလုပ္ရမွာကို အရမ္းကို ဂုဏ္ယူ၊ စိတ္လွဳပ္ရွားမိေနပါတယ္” လို ့Minaj က ေျပာၾကားခဲ့ပါတယ္။

Nicki Minaj ဟာ ၂၀၁၂ ခုႏွစ္ ကာတြန္းရုပ္ရွင္ကား ‘Ice Age: Continental Drift’ မွာ အသံပါ၀င္ သရုပ္ေဆာင္ခဲ့ဖူးသလုိ တစ္ခ်ိဳ ့ရုပ္ရွင္ကားေတြမွာလည္း မၾကာခဏ ဧည့္သည္သရုပ္ေဆာင္အခန္းက ပါ၀င္ဖူးတာမို ့သရုပ္ေဆာင္အလုပ္က သူမအတြက္ အခက္ၾကီးမဟုတ္ပါဘူး။

( Ye Wint )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref: huffingtonpost
.............................................................................................

သူမအကြောင်းရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ကိုယ်တိုင်ပါ၀င်သရုပ်ဆောင်မယ့် Nicki Minaj
ပ်အဆိုတော် Nicki Minaj တစ်ယောက် သူမရဲ့ဇာတိ New York မြို့တော်၊ Queens စီရင်စု မှာ ကြီးပြင်းလာတဲ့ဘဝကို အခြေခံထားတဲ့ နာရီဝက်ကြာ ဟာသဇာတ်မြူးဇာတ်လမ်းတွဲရဲ့ ရှေ ့ပြေးပထမအပိုင်းကို ရိုက်ကူးဖို ့ခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း ABC Family ရုပ်သံလိုင်းက ကြေညာလိုက်ပါတယ်။
ယခုဆောင်းရာသီ၊ New York မှာ စတင်ရိုက်ကူးရေးစမယ့် ဒီ စီးရီးမှာ Nicki Minaj ကိုယ်တိုင် ပါ၀င်သရုပ်ဆောင်မှာဖြစ်ပြီး ထုတ်လုပ်ရေးအပိုင်းမှာလည်း တာဝန်ယူသွားမှာ ဖြစ်တယ်လို ့သိရပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ Minaj ဟာ ၁၉၉၀ ခုနှစ်မှာ သူမရဲ့ မိသားစုနဲ ့အတူ ထရီနီဒက်နှင့်တိုဘာဂို နိုင်ငံကနေ အမေရိကားကို ပြောင်းရွှေ ့အခြေချခဲ့တာဖြစ်ပါတယ်။ Minaj ဟာ အဆိုတော်လိုင်းကို မဝင်ရောက်ခင်မှာ  Manhattan ရဲ့ နာမည်ကျော် LaGuardia အထက်တန်းကျောင်းမှာ သရုပ်ဆောင်ပညာကို လေ့လာဆည်းပူးခဲ့ပါသေးတယ်။
“ ကျွန်မလုပ်ခဲ့ဖူးသမျှ နောက်ထပ် စိတ်လှုပ်ရှားစရာအကောင်းဆုံးစွန် ့စားမှုတစ်ခုဖြစ်ပါတယ်။ ကမ္ဘာကြီးကို တကယ့်အမိုက်စားတစ်ခုချပြဖို ့အတွက် အတော်ဆုံးလူတွေနဲ ့လက်တွဲလုပ်ရမှာကို အရမ်းကို ဂုဏ်ယူ၊ စိတ်လှုပ်ရှားမိနေပါတယ်” လို ့Minaj က ပြောကြားခဲ့ပါတယ်။
Nicki Minaj ဟာ ၂၀၁၂ ခုနှစ် ကာတွန်းရုပ်ရှင်ကား ‘Ice Age: Continental Drift’ မှာ အသံပါ၀င် သရုပ်ဆောင်ခဲ့ဖူးသလို တစ်ချို ့ရုပ်ရှင်ကားတွေမှာလည်း မကြာခဏ ဧည့်သည်သရုပ်ဆောင်အခန်းက ပါ၀င်ဖူးတာမို ့သရုပ်ဆောင်အလုပ်က သူမအတွက် အခက်ကြီးမဟုတ်ပါဘူး။

( Ye Wint )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref: huffingtonpost

No comments:

Post a Comment