Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 16, 2015

NCA မွာ အားလံုး မပါတာ တ႐ုတ္ေၾကာင့္လား

မိုးေဇာ္
16.10.2015 23:55

တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးရာမွာ တုိင္းရင္းသား လက္နက္ကိုင္ အဖဲြ႔တခ်ိဳ႔ မပါ၀င္လာတာဟာ အိမ္နီးခ်င္းႏိုင္ငံေတြရဲ့ ဖိအားေတြ ပါ၀င္ေနတယ္လုိ႔ တုိင္းရင္းသားေခါင္းေဆာင္ တဦးက ေ၀ဖန္ပါတယ္။ လက္ရိွ လက္မွတ္ေရးထုိးရာမွာ မပါ၀င္တဲ့ အဖဲြ႔အစည္းအမ်ားစုဟာ တရုတ္ျမန္မာနယ္စပ္ေဒသျဖစ္ေနတာေၾကာင့္ တရုတ္အစိုးရပတ္သက္မႈအျဖစ္ သံုးသပ္ထားေပမဲ့ ျမန္မာအစိုးရရဲ့ တာ၀န္ရိွသူကေတာ့ ဒီသံုးသပ္ခ်က္ကို လက္မခံပါဘူး။ ဒီသတင္းကိုေတာ့ ဗီြအုိေအ ျမန္မာပိုင္းက ကိုမုိးေဇာ္က တင္ျပထားပါတယ္။

တႏိုင္ငံလံုးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို ျမန္မာအစိုးရနဲ႔ တုိင္းရင္းသား လက္နက္ကို အဖဲြ႔ ၈ဖဲြ႔တုိ႔ လက္မွတ္ေရးထုိးရာမွာ ပါ၀င္ လက္မွတ္ေရးထုိးတဲ့ အဖဲြ႔အစည္းေတြဟာ ထုိင္း-ျမန္မာနယ္စပ္အေျခစိုက္ အဖဲြ႔အစည္းေတြျဖစ္ၿပီး မပါ၀င္တဲ့ အဖဲြ႔အစည္း အမ်ားစုက တရုတ္-ျမန္မာနယ္စပ္မွာ အေျခစိုက္တဲ့ အဖဲြ႔အစည္းေတြ ျဖစ္ေနတာပါ။

ဒီလုိ တရုတ္နယ္စပ္က အဖဲြ႔အစည္းေတြ မပါ၀င္တာဟာ တဖက္ႏိုင္ငံအစိုးရဲ့ လတ္တေလာေျပာင္းလဲလုိက္တဲ့ မူ၀ါဒေၾကာင့္လို႔ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႔ေတြ ရဲ့ တႏိုင္ငံလံုး အပစ္အခတ္ရပ္စဲေရးညိႇႏိႈင္းေရး အဖဲြ႔ NCCT အဖဲြ႔၀င္ ေဒါက္တာ ဆလုိင္းလ်ံမႈန္းဆာေခါင္းက ေ၀ဖန္ပါတယ္။

"ႏိုင္ငံတကာ ဖိအားေတြလည္း ပါပါတယ္။ တ႐ုတ္ဖိအားလည္းပါပါတယ္။ က်ေနာ္တို႔က သမၼတႀကီးနဲ႔ ထိပ္သီးငါးေယာက္ ေတြ႔ၿပီးတဲ့ေနာက္ပိုင္းမွာ တ႐ုတ္က ေပၚလစီေျပာင္းလိုက္တာ က်ေနာ္တို႔ ေတြ႔ရပါတယ္။ အဲ့ဒီ့မတုိင္ခင္ အားလံုးပါဝင္ႏုိင္ေရးမူမွာ ပါဝင္ႏိုင္တဲ့သူေတြ သြားၿပီးေတာ့ ေဆာင္ရြက္ သင့္တာ ေဆာင္ရြက္ပါဆိုတဲ့ အဲ့ဒီ့ ေပၚလစီ တ႐ုတ္မွာ ကိုင္ထားတယ္လို႔ က်ေနာ္တို႔သိရတယ္။ ဒါေပမဲ့ သမၼတႀကီးနဲ႔ ေတြ႔ဆံုၿပီးေနာက္ပိုင္းမွာ ဥေရာပ သမဂၢနဲ႔ ဂ်ပန္ ပါလာတာနဲ႔တၿပိဳင္နက္တည္း တ႐ုတ္က သူ႔ေပၚလစီေျပာင္းသြားတယ္။ တုိင္းရင္းသားေတြ အားလံုးပါမွ လက္မွတ္ထိုးသင့္တယ္လို႔ ေျပာလာတယ္။ အဲ့ဒီ့အခါက်ေတာ့ အဆင္သင့္မျဖစ္ေသးတဲ့ အဖြဲ႔ေတြ အေနအထားကို က်ေနာ္တို႔ ဘယ္လိုမွ ေဆာင္ရြက္လို႔မရဘူး။ အဲ့ဒီ့အတြက္ေၾကာင့္ က်ေနာ္တို႔ အိမ္နီးခ်င္းႏုိင္ငံေတြရဲ႕ Pressure ေတြ အခုလက္မွတ္ေရးထိုးတဲ့ပြဲမွာ အမ်ားႀကီး က်ေနာ္တို႔ ပုခံုးေပၚမွာ သက္ေရာက္လာတယ္ဆိုတာကို က်ေနာ္ေျပာခ်င္ပါတယ္။"

အစိုးရက တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ ၂၁ဖဲြ႔အနက္မွာ ၁၅ဖဲြ႔ကိုသာ လက္မွတ္ေရးထုိးဖို႔ ဖိတ္ၾကားခဲ့ၿပီး ပါ၀င္လက္မွတ္ မေရးထုိးတဲ့ ၇ဖဲြ႔မွာ တရုတ္နယ္စပ္ အေျခစိုက္အဖဲြ႔ ၄ဖဲြ႔ ပါ၀င္ေနတာျဖစ္ပါတယ္။

ဒီေ၀ဖန္ခ်က္အေပၚမွာေတာ့ ျပည္ေထာင္စုၿငိမ္းခ်မး္ေရးေဖာ္ေဆာင္ေရးလုပ္ငန္းေကာ္မတီ ဒုဥကၠ႒ ျပည္ေထာင္စု၀န္ၾကီး ဦးေအာင္မင္းက NCA လက္မွတ္ေရးထုိးပဲြအၿပီး က်င္းပတဲ့ သတင္းစာရွင္းလင္းပဲြမွာ အခုလို ေျပာဆုိခဲ့ပါတယ္။

"တ႐ုတ္ႏိုင္ငံနဲ႔ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ ျမန္မာႏုိင္ငံရဲ႕ ၿငိမ္းခ်မ္းေရးကိစၥမွာ ဘာမွ ဝင္ေရာက္ စြက္ဖက္ျခင္း မရွိဘူးလို႔ က်ေနာ္ေျပာခ်င္တယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္တို႔က ဗဟိုအစိုးရကိုး ဗဟိုအစိုးရကို ေဘက်င္း အစိုးရနဲ႔ပဲ ဆက္ဆံမယ္။ ေဘက်င္းရဲ႕ ေပၚလစီက က်ေနာ္တို႔ကို ကူညီေပးရမယ္ဆိုတာကို။ အဲ့ေတာ့ ေနာက္ဆံုး က်ေနာ္တို႔ သမၼတႀကီး ဦးသိန္းစိန္ သြားတုန္းကလည္း သမၼတႀကီး ရွီက်င့္ပင္က ၿငိမ္းခ်မ္းေရးကို အကူအညီေပးမယ္ေျပာတယ္။ အခ်က္ ၂ခ်က္ပဲ ေျပာခဲ့တယ္။ က်ေနာ္တို႔ ျမန္မာႏုိင္ငံရဲ႕ ႏုိင္ငံေရးျဖစ္စဥ္ကို ဝိုင္းၿပီးေတာ့ အကူအညီေပးပါ့မယ္ ေျပာပါတယ္။ ေနာက္တခုကေတာ့ ေရေဘးဒုကၡေရာက္ေနတဲ့သူေတြကို ပိုက္ဆံ ဘယ္ေလာက္ေပးပါမယ္ဆိုတဲ့ အဲ့ဒီ့ႏွစ္ခုပဲ ေျပာပါတယ္။ အဓိကက။ ဒါေၾကာင့္မို႔ ေဘက်င္းရဲ႕ ေပၚလစီကေတာ့ က်ေနာ္တို႔ရဲ႕ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို အကူညီေပးမယ္ဆိုတာလည္း ဒီလိုပဲျဖစ္မွာပါ။ "

NCA စာခ်ဳပ္ လက္မွတ္ေရးထုိးအၿပီး တရုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန အာရွေရးရာ အထူးသံအမတ္ႀကီး Mr.Sun Guoxiang က သတင္းေထာက္ေတြကို တိုင္းရင္းသား လက္နက္ကုိင္အဖြဲ႔ အားလံုး လက္မွတ္ထိုးဖို႔ အၿမဲ တိုက္တြန္းေၾကာင္း၊ တရုတ္ အစိုးရဟာ တိုက္တြန္းသူ၊ ေထာက္ခံသူ သာျဖစ္ၿပီး ဆံုးျဖတ္သူ မဟုတ္ေၾကာင္း နဲ႔ျမန္မာ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္အတြက္ ဆက္လက္ ကူညီေပးမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

စက္တင္ဘာလ ၉ရက္ေန႔ ႏိုင္ငံေတာ္သမၼတနဲ႔ တုိင္းရင္းသား ထိပ္သီးေခါင္းေဆာင္ေတြ ေနျပည္ေတာ္မွာ ေတြ႔ဆံုေဆြးေႏြးတဲ့ ရက္ပိုင္းကေတာ့ တရုတ္-ျမန္မာ နယ္စပ္က အင္အားၾကီး လက္နက္ကိုင္အဖဲြ႔ျဖစ္တဲ့ ၀ျပည္ေသြးစည္းညီညြတ္ေရးပါတီက သေဘာထားေၾကညာခ်က္ တရပ္ ထုတ္ျပန္ခဲ့ပါတယ္။

ဒီေၾကညာခ်က္မွာ တရုတ္ျပည္ ယူနန္ျပည္နယ္က ဥေရာပ၊ အေမရိကန္၊ ဂ်ပန္စတဲ့ အေနာက္ႏိုင္ငံ အင္အားစုက ေျမာက္ပိုင္းပဋိပကၡမွာ မေပးေစဖုိ႔ ေတာင္းဆုိခဲ့ တာေၾကာင့္ ၀ အထူးေဒသ၂က ဒီကတိကို ေစာင့္ထိန္းခဲ့ေၾကာင္း၊ NCA စာခ်ဳပ္အတြက္ ညိႇႏိႈင္းရာမွာ အေနာက္ႏိုင္ငံေတြ ေနာက္ကြယ္ ကေန ေတာက္ေလွ်ာက္ ပါ၀င္ခဲ့ၿပီး လက္မွတ္ေရးထုိးရာ တရား၀င္ပါ၀င္ လာေတာ့မွာ ျဖစ္ေၾကာင္းနဲ႔ ၀တပ္ဖဲြ႔အေနနဲ႔ NCA ကို ပါ၀င္လက္မွတ္ေရးထုိးရင္ အေနာက္ႏိုင္ငံအုပ္စု ပါ၀င္တာကို လက္ခံလုိက္သလုိျဖစ္မွာေၾကာင့္ ယူနန္ျပည္နယ္ အေပၚ ကတိမပ်က္ေစလုိတာေၾကာင့္ လက္မွတ္ေရးထုိးမွာ မဟုတ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

NCA လက္မွတ္ေရးထိုးရာမွာေတာ့ တရုတ္၊ အိႏိၵယ၊ ဂ်ပန္၊ ထိုင္းႏိုင္ငံက အထူးကိုယ္စားလွယ္ေတြ၊ ျမန္မာျပည္ဆုိင္ရာ ဥေရာပသမဂၢ အသံအမတ္ၾကီးနဲ႔ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရဲ့ ျမန္မာျပည္ဆုိင္ရာ အထူးအၾကံေပး တုိ႔ ႏိုင္ငံတကာ အသိသက္ေသအျဖစ္ ပါ၀င္လက္မွတ္ေရး ခဲ့ၾကပါတယ္။
http://burmese.voanews.com/content/alleged-china-interferes-in-nca-since-china-border-based-groups-didnot-sign-/3010366.html
..................................
NCA မှာ အားလုံး မပါတာ တရုတ်ကြောင့်လား

မိုးဇော်
16.10.2015 23:55

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ မပါ၀င်လာတာဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖိအားတွေ ပါ၀င်နေတယ်လို့ တိုင်းရင်းသားခေါင်းဆောင် တဦးက ဝေဖန်ပါတယ်။ လက်ရှိ လက်မှတ်ရေးထိုးရာမှာ မပါ၀င်တဲ့ အဖွဲ့အစည်းအများစုဟာ တရုတ်မြန်မာနယ်စပ်ဒေသဖြစ်နေတာကြောင့် တရုတ်အစိုးရပတ်သက်မှုအဖြစ် သုံးသပ်ထားပေမဲ့ မြန်မာအစိုးရရဲ့ တာဝန်ရှိသူကတော့ ဒီသုံးသပ်ချက်ကို လက်မခံပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကို အဖွဲ့ ၈ဖွဲ့တို့ လက်မှတ်ရေးထိုးရာမှာ ပါ၀င် လက်မှတ်ရေးထိုးတဲ့ အဖွဲ့အစည်းတွေဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဖွဲ့အစည်းတွေဖြစ်ပြီး မပါ၀င်တဲ့ အဖွဲ့အစည်း အများစုက တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတွေ ဖြစ်နေတာပါ။

ဒီလို တရုတ်နယ်စပ်က အဖွဲ့အစည်းတွေ မပါ၀င်တာဟာ တဖက်နိုင်ငံအစိုးရဲ့ လတ်တလောပြောင်းလဲလိုက်တဲ့ မူဝါဒကြောင့်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့ NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျံမှုန်းဆာခေါင်းက ဝေဖန်ပါတယ်။

"နိုင်ငံတကာ ဖိအားတွေလည်း ပါပါတယ်။ တရုတ်ဖိအားလည်းပါပါတယ်။ ကျနော်တို့က သမ္မတကြီးနဲ့ ထိပ်သီးငါးယောက် တွေ့ပြီးတဲ့နောက်ပိုင်းမှာ တရုတ်က ပေါ်လစီပြောင်းလိုက်တာ ကျနော်တို့ တွေ့ရပါတယ်။ အဲ့ဒီ့မတိုင်ခင် အားလုံးပါဝင်နိုင်ရေးမူမှာ ပါဝင်နိုင်တဲ့သူတွေ သွားပြီးတော့ ဆောင်ရွက် သင့်တာ ဆောင်ရွက်ပါဆိုတဲ့ အဲ့ဒီ့ ပေါ်လစီ တရုတ်မှာ ကိုင်ထားတယ်လို့ ကျနော်တို့သိရတယ်။ ဒါပေမဲ့ သမ္မတကြီးနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာ ဥရောပ သမဂ္ဂနဲ့ ဂျပန် ပါလာတာနဲ့တပြိုင်နက်တည်း တရုတ်က သူ့ပေါ်လစီပြောင်းသွားတယ်။ တိုင်းရင်းသားတွေ အားလုံးပါမှ လက်မှတ်ထိုးသင့်တယ်လို့ ပြောလာတယ်။ အဲ့ဒီ့အခါကျတော့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေ အနေအထားကို ကျနော်တို့ ဘယ်လိုမှ ဆောင်ရွက်လို့မရဘူး။ အဲ့ဒီ့အတွက်ကြောင့် ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ Pressure တွေ အခုလက်မှတ်ရေးထိုးတဲ့ပွဲမှာ အများကြီး ကျနော်တို့ ပုခုံးပေါ်မှာ သက်ရောက်လာတယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်။"

အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့အနက်မှာ ၁၅ဖွဲ့ကိုသာ လက်မှတ်ရေးထိုးဖို့ ဖိတ်ကြားခဲ့ပြီး ပါ၀င်လက်မှတ် မရေးထိုးတဲ့ ရဖွဲ့မှာ တရုတ်နယ်စပ် အခြေစိုက်အဖွဲ့ ၄ဖွဲ့ ပါ၀င်နေတာဖြစ်ပါတယ်။

ဒီဝေဖန်ချက်အပေါ်မှာတော့ ပြည်ထောင်စုငြိမ်းချမး်ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက NCA လက်မှတ်ရေးထိုးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုခဲ့ပါတယ်။

"တရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဘာမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘူးလို့ ကျနော်ပြောချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ဗဟိုအစိုးရကိုး ဗဟိုအစိုးရကို ဘေကျင်း အစိုးရနဲ့ပဲ ဆက်ဆံမယ်။ ဘေကျင်းရဲ့ ပေါ်လစီက ကျနော်တို့ကို ကူညီပေးရမယ်ဆိုတာကို။ အဲ့တော့ နောက်ဆုံး ကျနော်တို့ သမ္မတကြီး ဦးသိန်းစိန် သွားတုန်းကလည်း သမ္မတကြီး ရှီကျင့်ပင်က ငြိမ်းချမ်းရေးကို အကူအညီပေးမယ်ပြောတယ်။ အချက် ၂ချက်ပဲ ပြောခဲ့တယ်။ ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဝိုင်းပြီးတော့ အကူအညီပေးပါ့မယ် ပြောပါတယ်။ နောက်တခုကတော့ ရေဘေးဒုက္ခရောက်နေတဲ့သူတွေကို ပိုက်ဆံ ဘယ်လောက်ပေးပါမယ်ဆိုတဲ့ အဲ့ဒီ့နှစ်ခုပဲ ပြောပါတယ်။ အဓိကက။ ဒါကြောင့်မို့ ဘေကျင်းရဲ့ ပေါ်လစီကတော့ ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကူညီပေးမယ်ဆိုတာလည်း ဒီလိုပဲဖြစ်မှာပါ။ "

NCA စာချုပ် လက်မှတ်ရေးထိုးအပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံအမတ်ကြီး Mr.Sun Guoxiang က သတင်းထောက်တွေကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး လက်မှတ်ထိုးဖို့ အမြဲ တိုက်တွန်းကြောင်း၊ တရုတ် အစိုးရဟာ တိုက်တွန်းသူ၊ ထောက်ခံသူ သာဖြစ်ပြီး ဆုံးဖြတ်သူ မဟုတ်ကြောင်း နဲ့မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ဆက်လက် ကူညီပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလ ၉ရက်နေ့ နိုင်ငံတော်သမ္မတနဲ့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးတဲ့ ရက်ပိုင်းကတော့ တရုတ်-မြန်မာ နယ်စပ်က အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီက သဘောထားကြေညာချက် တရပ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက်မှာ တရုတ်ပြည် ယူနန်ပြည်နယ်က ဥရောပ၊ အမေရိကန်၊ ဂျပန်စတဲ့ အနောက်နိုင်ငံ အင်အားစုက မြောက်ပိုင်းပဋိပက္ခမှာ မပေးစေဖို့ တောင်းဆိုခဲ့ တာကြောင့် ၀ အထူးဒေသ၂က ဒီကတိကို စောင့်ထိန်းခဲ့ကြောင်း၊ NCA စာချုပ်အတွက် ညှိနှိုင်းရာမှာ အနောက်နိုင်ငံတွေ နောက်ကွယ် ကနေ တောက်လျှောက် ပါ၀င်ခဲ့ပြီး လက်မှတ်ရေးထိုးရာ တရားဝင်ပါ၀င် လာတော့မှာ ဖြစ်ကြောင်းနဲ့ ၀တပ်ဖွဲ့အနေနဲ့ NCA ကို ပါ၀င်လက်မှတ်ရေးထိုးရင် အနောက်နိုင်ငံအုပ်စု ပါ၀င်တာကို လက်ခံလိုက်သလိုဖြစ်မှာကြောင့် ယူနန်ပြည်နယ် အပေါ် ကတိမပျက်စေလိုတာကြောင့် လက်မှတ်ရေးထိုးမှာ မဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

NCA လက်မှတ်ရေးထိုးရာမှာတော့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်းနိုင်ငံက အထူးကိုယ်စားလှယ်တွေ၊ မြန်မာပြည်ဆိုင်ရာ ဥရောပသမဂ္ဂ အသံအမတ်ကြီးနဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး တို့ နိုင်ငံတကာ အသိသက်သေအဖြစ် ပါ၀င်လက်မှတ်ရေး ခဲ့ကြပါတယ်။
http://burmese.voanews.com/content/alleged-china-interferes-in-nca-since-china-border-based-groups-didnot-sign-/3010366.html

No comments:

Post a Comment