Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 9, 2015

NCA လက္မွတ္ ထုိးမယ့္ တုိင္းရင္းသား အဖဲြ႔ တခ်ဳိ႕ စစ္ေရး တင္းမာ


 တႏိုင္ငံလံုး ပစ္ခတ္တုိက္ခုိက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA ကို လက္မွတ္ေရးထိုး ဖုိ႔ ရက္ပိုင္းပဲ လုိေတာ့တဲ့ ကာလမွာ NCA ကို ပါဝင္ လက္မွတ္ေရးထုိး မယ့္ ရွမ္းနဲ႔ ပအို၀္းအဖဲြ႔ေတြအၾကားမွာ စစ္ေရးအရ တင္းမာမႈေတြ ျဖစ္ေပၚေနပါတယ္။ ဒီစစ္ေရးတင္းမာမႈဟာ နယ္ေျမ စုိးမိုးမႈအေပၚ အေျခခံျဖစ္ပြားခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့ႏွစ္ ကေတာ့ နယ္ေျမ အျငင္းပြားမႈေၾကာင့္ တုိက္ပဲြေတြျဖစ္ပြားခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအ ျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ရွမ္းျပည္နယ္ေတာင္ပိုင္း ေမာက္မယ္ၿမိဳ႕နယ္ ကတူးၾကီးေဒသမွာ နယ္ေျမပိုင္ဆုိင္မႈနဲ႔ ပတ္သက္ၿပီး ပအို၀္းအမ်ိဳးသား လြတ္ေျမာက္ေရး အဖဲြ႔ခ်ဳပ္ PNLO အဖဲြ႔နဲ႔ ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ RCSS/SSA ေတာင္ပိုင္းအၾကား တင္းမာေနတာျဖစ္ပါတယ္။ လတ္တေလာျဖစ္ပြားေနတဲ့ အေျခအေနကို PNLO အဖဲြ႔ ဥကၠ႒ ဦးခြန္ျမင့္ထြန္းက အခုလို ေျပာပါတယ္။

"မေန႔တုန္းကေတာ့ ေအာက္တိုဘာလ ၈ရက္ေန႔မွာ RCSS က ဗိုလ္မွဴးႀကီး ရြက္ဖက သူက အခုက်ေနာ္တို႔ လက္ရွိ အေျချပဳေဒသ ကေန ကြန္ေက်ာင္းအေနာက္ဘက္ကို ဆုတ္ေပးဖို႔ေပါ့ေလ PNLO အေျချပဳတပ္စခန္းကို လာၿပီးေတာ့မွ အေၾကာင္းၾကားခုိင္းပါတယ္။ အဲ့လိုအေၾကာင္းၾကားၿပီး အင္အားသံုးရာေက်ာ္ ေလးရာေလာက္ နဲ႔ က်ေနာ္တို႔ရဲ႕ ဖြံ႔ၿဖိဳးေရး စီမံကိန္း တည္ရွိတဲ့ ေနရာ တပ္စခန္းအသီးသီးမွာ လာၿပီးေတာ့မွ ဝိုင္းထားပါတယ္။"

လက္ရိွအျငင္းပြားေဒသဟာ အစိုးရနဲ႔ အပစ္အခတ္ ရပ္စဲခ်ိန္က သတ္မွတ္ထားတဲ့ နယ္ေျမျဖစ္တယ္လုိ႔လည္း ဦးခြန္ျမင့္ထြန္းက ဆက္ေျပာပါတယ္။

"အစိုးရနဲ႔ က်ေနာ္တို႔အၾကား ျပည္နယ္အဆင့္ သေဘာတူညီခ်က္ ျပည္ေထာင္စု အဆင့္ သေဘာတူညီခ်က္ေတြထဲမွာ က်ေနာ္တို႔အတြက္ အေျချပဳ ေဒသ အေနနဲ႔ ႏွစ္ဖက္သေဘာတူညီခ်က္နဲ႔ သတ္မွတ္ ထားတာျဖစ္ပါတယ္။ ေနာက္တခု ကေတာ့ တျပည္လံုး အပစ္အခတ္ရပ္စဲေရး စာခ်ဳပ္မွာ ျပည္ေထာင္စုအစိုးရနဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းေတြ ၾကားမွာ ခ်ဳပ္ဆိုခဲ့တဲ့ သေဘာတူညီခ်က္ေတြကို ထပ္ေလာင္းၿပီးေတာ့မွ အတည္ျပဳတယ္ ထပ္ေလာင္းၿပီးေတာ့မွ ခိုင္မာေစျခင္းဆိုတဲ့ အခ်က္ပါပါတယ္။  ျပည္ေထာင္စုအစိုးရနဲ႔ လက္နက္ကိုင္ အဖြဲ႔အစည္းေတြၾကား ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္မွာ ႏွစ္ဦးႏွစ္ဘက္ biliteral agreement မဟုတ္ေတာ့ပဲနဲ႔ တျပည္လံုး အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ျဖစ္လာေတာ့မွာျဖစ္ပါတယ္။ က်ေနာ္တို႔ PNLO နဲ႔ ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကို RCSS က ေလးစားလိုက္နာရမွာျဖစ္သလို RCSS က ျပည္ေထာင္စု အစိုးရနဲ႔ ခ်ဳပ္ဆိုထားတာေတြကိုလည္း က်ေနာ္တို႔က ေလးစား လိုက္နာေပးရမွာျဖစ္ပါတယ္။  ဒါေၾကာင့္ ဒီေန႔ ဒီကာလမ်ိဳးမွာ ဒီလိုပဋိပကၡမ်ိဳးက မျဖစ္သင့္ဘူးလို႔ က်ေနာ္တို႔ အဲ့လိုပဲ ျမင္ပါတယ္။ "

လက္ရိွ တင္းမာေနတဲ့ အေျခအေနကို ေျဖရွင္းဖုိ႔အတြက္ အစိုးရ ရဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ေရး လုပ္ငန္း ေကာ္မတီကို အေၾကာင္းၾကား ထားတယ္လုိ႔လည္း ေျပာပါတယ္။

RCSS/SSA ေတာင္ပိုင္းရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗုိလ္မႈးၾကီး စိုင္းလွကေတာ့ ဒီလိုစစ္ေရး အရ တင္းမာေနတဲ့ အေျခအေနကို ေသခ်ာ မသိရေသးေၾကာင္း ေျပာပါတယ္။

" ဒီသတင္းကိုေတာ့ က်ေနာ္တို႔ဆီမွာ အစီရင္ခံစာ ေရာက္ရွိထားတာ မရွိေသးပါဘူး။ အရင္တုန္းကေတာ့ ညိႇႏိႈင္းၾကပါပဲ ေျပာပါတယ္။ ဘာျဖစ္လဲဆိုေတာ့ NCA မၿပီးခင္မွာ ေနရာခ်ထားေရးေတြကို အားလံုးမျပင္ႏုိင္ေသးတဲ့အခ်ိန္မွာ စီမံကိန္းေတြ မလုပ္ေသးပါနဲ႔ဦး ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ ေဆြးေႏြးထားတာ ညိႇႏိႈင္းထားတာရွိတယ္။ အဲ့တာ အားလံုး နားလည္မႈေတြ ရထားတဲ့အခ်ိန္ ေနရာခ်ထားေရးေတြ ျဖစ္လာတဲ့ အခ်ိန္ ေနာက္ပိုင္းမွာ က်ေနာ္တို႔ ညိႇႏိႈင္း လုပ္ေဆာင္ၾကရေအာင္ ဆိုတဲ့ ပံုစံမ်ိဳးနဲ႔ေတာ့ ေဆြးေႏြးထားတာရွိပါတယ္လို႔ က်ေနာ္ ၾကားဖူးပါတယ္။"

RCSS/SSA ဖက္ကေတာ့ ေတြ႔ဆံုညိွႏိႈင္းဖုိ႔ လုိလားေၾကာင္းလည္း ဆက္ေျပာပါတယ္။

" အဓိက ကေတာ့ ညိႇႏိႈင္းဖို႔ပဲ လိုအပ္ပါတယ္။ အရင္တုန္းကေတာ့ သေဘာတူညီခ်က္ေတြ ရရွိထားတဲ့အတုိင္း အားလံုးအတူတူ ေအးအတူ ပူအမွ် ေနတာ အေကာင္းဆံုးပဲ ျဖစ္ပါတယ္။ တိုက္ပြဲေတြေတာ့ ျဖစ္စရာ မရွိဘူးဆိုရင္ေတာ့ ပိုေကာင္းပါတယ္။ အဓိက ကေတာ့ ေတြ႔ဆံုညိႇႏိႈင္းၾက တာပဲ ေကာင္းပါတယ္။"

လြန္ခဲ့တဲ့ႏွစ္ ၾသဂုတ္လကလည္း နယ္ေျမစိုးမိုးေရးနဲ႔ပတ္သက္ၿပီး ႏွစ္ဖက္အၾကား သေဘာထား ကဲြျပားတာေတြျဖစ္ခဲ့ဖူးသလို စက္တင္ဘာလဆန္းမွာေတာ့ တုိက္ပဲြေတြျဖစ္ပြားခဲ့တာနဲ႔ ေျမျမဳပ္မုိင္းအသံုးျပဳတာေၾကာင့္ ေဒသခံျပည္သူေတြ ထိခိုက္ဒဏ္ရာရတာရိွခဲ့ပါတယ္။

လက္ရိွအျငင္းပြားေနတဲ့ေဒသဟာ အရင္က ပအို၀္းနီေခၚ ရွမ္းျပည္လူမ်ိဳးေပါင္းစုံ လြတ္ေျမာက္ေရးအဖဲြ႔ (ရလလဖ) က သူတုိ႔ လႈပ္ရွားနယ္ေျမအျဖစ္ သတ္မွတ္ ခဲ့တာျဖစ္ပါတယ္။၁၉၉၄ခုႏွစ္မွာ ရလလဖက အစိုးရနဲ႔ အပစ္အခတ္ ရပ္စဲခဲ့ၿပီး၂၀၀၇ခုႏွစ္ မွာ အဖဲြ႔တြင္း အကဲြအျပဲေတြျဖစ္ခဲ့တဲ့ေနာက္ RCSS/SSA ေတာင္ပိုင္း က ေမာက္မယ္ေဒသကို သူတုိ႔ ထိန္းခ်ဳပ္နယ္ေျမအျဖစ္ စိုးမိုးခဲ့တာျဖစ္ပါတယ္။

ကိုမုိးေဇာ္   / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........................

 တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုး ဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ ကာလမှာ NCA ကို ပါဝင် လက်မှတ်ရေးထိုး မယ့် ရှမ်းနဲ့ ပအိုဝ်းအဖွဲ့တွေအကြားမှာ စစ်ရေးအရ တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီစစ်ရေးတင်းမာမှုဟာ နယ်မြေ စိုးမိုးမှုအပေါ် အခြေခံဖြစ်ပွားခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ကတော့ နယ်မြေ အငြင်းပွားမှုကြောင့် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် ကတူးကြီးဒေသမှာ နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA တောင်ပိုင်းအကြား တင်းမာနေတာဖြစ်ပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေကို PNLO အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

"မနေ့တုန်းကတော့ အောက်တိုဘာလ ၈ရက်နေ့မှာ RCSS က ဗိုလ်မှူးကြီး ရွက်ဖက သူက အခုကျနော်တို့ လက်ရှိ အခြေပြုဒေသ ကနေ ကွန်ကျောင်းအနောက်ဘက်ကို ဆုတ်ပေးဖို့ပေါ့လေ PNLO အခြေပြုတပ်စခန်းကို လာပြီးတော့မှ အကြောင်းကြားခိုင်းပါတယ်။ အဲ့လိုအကြောင်းကြားပြီး အင်အားသုံးရာကျော် လေးရာလောက် နဲ့ ကျနော်တို့ရဲ့ ဖွံ့ဖြိုးရေး စီမံကိန်း တည်ရှိတဲ့ နေရာ တပ်စခန်းအသီးသီးမှာ လာပြီးတော့မှ ဝိုင်းထားပါတယ်။"

လက်ရှိအငြင်းပွားဒေသဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲချိန်က သတ်မှတ်ထားတဲ့ နယ်မြေဖြစ်တယ်လို့လည်း ဦးခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။

"အစိုးရနဲ့ ကျနော်တို့အကြား ပြည်နယ်အဆင့် သဘောတူညီချက် ပြည်ထောင်စု အဆင့် သဘောတူညီချက်တွေထဲမှာ ကျနော်တို့အတွက် အခြေပြု ဒေသ အနေနဲ့ နှစ်ဖက်သဘောတူညီချက်နဲ့ သတ်မှတ် ထားတာဖြစ်ပါတယ်။ နောက်တခု ကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပြည်ထောင်စုအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကြားမှာ ချုပ်ဆိုခဲ့တဲ့ သဘောတူညီချက်တွေကို ထပ်လောင်းပြီးတော့မှ အတည်ပြုတယ် ထပ်လောင်းပြီးတော့မှ ခိုင်မာစေခြင်းဆိုတဲ့ အချက်ပါပါတယ်။  ပြည်ထောင်စုအစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ နှစ်ဦးနှစ်ဘက် biliteral agreement မဟုတ်တော့ပဲနဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ဖြစ်လာတော့မှာဖြစ်ပါတယ်။ ကျနော်တို့ PNLO နဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို RCSS က လေးစားလိုက်နာရမှာဖြစ်သလို RCSS က ပြည်ထောင်စု အစိုးရနဲ့ ချုပ်ဆိုထားတာတွေကိုလည်း ကျနော်တို့က လေးစား လိုက်နာပေးရမှာဖြစ်ပါတယ်။  ဒါကြောင့် ဒီနေ့ ဒီကာလမျိုးမှာ ဒီလိုပဋိပက္ခမျိုးက မဖြစ်သင့်ဘူးလို့ ကျနော်တို့ အဲ့လိုပဲ မြင်ပါတယ်။ "

လက်ရှိ တင်းမာနေတဲ့ အခြေအနေကို ဖြေရှင်းဖို့အတွက် အစိုးရ ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီကို အကြောင်းကြား ထားတယ်လို့လည်း ပြောပါတယ်။

RCSS/SSA တောင်ပိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းလှကတော့ ဒီလိုစစ်ရေး အရ တင်းမာနေတဲ့ အခြေအနေကို သေချာ မသိရသေးကြောင်း ပြောပါတယ်။

" ဒီသတင်းကိုတော့ ကျနော်တို့ဆီမှာ အစီရင်ခံစာ ရောက်ရှိထားတာ မရှိသေးပါဘူး။ အရင်တုန်းကတော့ ညှိနှိုင်းကြပါပဲ ပြောပါတယ်။ ဘာဖြစ်လဲဆိုတော့ NCA မပြီးခင်မှာ နေရာချထားရေးတွေကို အားလုံးမပြင်နိုင်သေးတဲ့အချိန်မှာ စီမံကိန်းတွေ မလုပ်သေးပါနဲ့ဦး ဆိုတဲ့ ပုံစံမျိုးနဲ့ ဆွေးနွေးထားတာ ညှိနှိုင်းထားတာရှိတယ်။ အဲ့တာ အားလုံး နားလည်မှုတွေ ရထားတဲ့အချိန် နေရာချထားရေးတွေ ဖြစ်လာတဲ့ အချိန် နောက်ပိုင်းမှာ ကျနော်တို့ ညှိနှိုင်း လုပ်ဆောင်ကြရအောင် ဆိုတဲ့ ပုံစံမျိုးနဲ့တော့ ဆွေးနွေးထားတာရှိပါတယ်လို့ ကျနော် ကြားဖူးပါတယ်။"

RCSS/SSA ဖက်ကတော့ တွေ့ဆုံညှိနှိုင်းဖို့ လိုလားကြောင်းလည်း ဆက်ပြောပါတယ်။

" အဓိက ကတော့ ညှိနှိုင်းဖို့ပဲ လိုအပ်ပါတယ်။ အရင်တုန်းကတော့ သဘောတူညီချက်တွေ ရရှိထားတဲ့အတိုင်း အားလုံးအတူတူ အေးအတူ ပူအမျှ နေတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ တိုက်ပွဲတွေတော့ ဖြစ်စရာ မရှိဘူးဆိုရင်တော့ ပိုကောင်းပါတယ်။ အဓိက ကတော့ တွေ့ဆုံညှိနှိုင်းကြ တာပဲ ကောင်းပါတယ်။"

လွန်ခဲ့တဲ့နှစ် သြဂုတ်လကလည်း နယ်မြေစိုးမိုးရေးနဲ့ပတ်သက်ပြီး နှစ်ဖက်အကြား သဘောထား ကွဲပြားတာတွေဖြစ်ခဲ့ဖူးသလို စက်တင်ဘာလဆန်းမှာတော့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာနဲ့ မြေမြုပ်မိုင်းအသုံးပြုတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရတာရှိခဲ့ပါတယ်။

လက်ရှိအငြင်းပွားနေတဲ့ဒေသဟာ အရင်က ပအိုဝ်းနီခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) က သူတို့ လှုပ်ရှားနယ်မြေအဖြစ် သတ်မှတ် ခဲ့တာဖြစ်ပါတယ်။၁၉၉၄ခုနှစ်မှာ ရလလဖက အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီး၂၀၀၇ခုနှစ် မှာ အဖွဲ့တွင်း အကွဲအပြဲတွေဖြစ်ခဲ့တဲ့နောက် RCSS/SSA တောင်ပိုင်း က မောက်မယ်ဒေသကို သူတို့ ထိန်းချုပ်နယ်မြေအဖြစ် စိုးမိုးခဲ့တာဖြစ်ပါတယ်။

ကိုမိုးဇော်   / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment