Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 1, 2015

မႏၲေလးမွာ ဆိုင္ကယ္ဦးထုပ္ မေဆာင္းဘဲ ႐ိုက္ကူးထားလို႔ ဆင္ဆာထိခံရတဲ့ ဘန္နီၿဖိဳးရဲ႕ လူပ်ဳိလွည့္ေတး MTV




 လူငယ္အဆိုေတာ္ မ်ားထဲတြင္ ပရိသတ္ အခိုင္အမာ ရရွိထားသူ ဘန္နီၿဖိဳး၏ လူပ်ဳိလွည့္ေတး MTV ေအာက္တိုဘာ ၄ ရက္တြင္ ထြက္ရွိမည္ ျဖစ္ေၾကာင္း သိရသည္။ အဆိုပါ လူပ်ဳိလွည့္ေတး MTV ႐ိုက္ကူးမႈမ်ားႏွင့္ Title Song ျဖစ္သည့္ လူပ်ဳိလွည့္ေတး ေတးသီခ်င္းကို ပံုေဖာ္ထားပံုႏွင့္ ပတ္သက္၍ ယခုလိုေမးျမန္း ျဖစ္ခဲ့သည္။
လူပ်ဳိလွည့္ေတးက Audio နဲ႔ MTV ဆိုရင္ အခ်ိန္ႏွစ္ႏွစ္ေလာက္ ၾကာသြားတယ္ေနာ္။ ဘာေၾကာင့္ဆုိတာ ေျပာျပ ေပးပါဦး။
ပရိသတ္ေတြကို အေကာင္းဆံုး တင္ဆက္ခ်င္လို႔ ႏွစ္ႏွစ္ၾကာသြားတာပါ။ အဲဒီႏွစ္ေတြမွာလည္း ကြၽန္ေတာ္ ႐ိုက္ခ်င္ တဲ့ ပံုစံေတြ အမ်ဳိးမ်ဳိးေျပာင္းလဲ သြားတဲ့အတြက္ ပထမဆံုး ႐ိုက္ခဲ့တဲ့ သီခ်င္းပံုစံေတြနဲ႔ ေနာက္ဆံုး႐ိုက္ခဲ့တဲ့ သီခ်င္း ပံုစံေတြ မတူေတာ့ဘူး။ ကြၽန္ေတာ့္ပံုစံေတြ အကုန္ေျပာင္းသြားတယ္။ အမ်ားႀကီး ႀကိဳးစားထားပါတယ္။ ကြၽန္ေတာ္ တို႔ဆီမွာ MTV ကို Audio နဲ႔ အခ်ိန္သိပ္မယူဘဲ ထုတ္ႏုိင္ဖို႔ ဆိုတာေတာ့ မလြယ္ဘူး။ ကြၽန္ေတာ္တို႔ အေခြ ထုတ္တယ္ဆိုတာ ကိုယ့္ဘာသာ ဝါသနာပါလို႔၊ ပရိသတ္ေတြနဲ႔ အဆက္မျပတ္ခ်င္လို႔ ထုတ္တာမ်ဳိးပါ။ ဒီအေခြက ရလာတဲ့ အက်ဳိးအျမတ္ဆိုတာ ကြၽန္ေတာ္တို႔အတြက္ ဘာမွမရွိပါဘူး။ ကိုယ့္အိတ္ထဲက စိုက္ထုတ္ၿပီး ႐ိုက္တယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ထြက္ခဲ့တဲ့ လူပ်ဳိလွည့္ေတး Audio အေခြေရာင္းရေငြနဲ႔ MTV ႐ိုက္မယ္ဆိုရင္ ကြၽန္ေတာ္ စင္တစ္စင္ ေဆာက္မယ္။ အဲဒီစင္နဲ႔တင္ သီခ်င္းတစ္ေခြလံုးကို ဆိုမယ္။ ၿပီးရင္ အေခြထုတ္မယ္။ အဲဒီလိုဆိုရင္ေတာ့ ပိုက္ဆံက အဆင္ေျပရင္ ေျပႏိုင္တယ္ေလ။ ဒါေပမဲ့ ကိုယ့္ရဲ႕ ပရိသတ္ေတြကို ကိုယ္တတ္တဲ့ အႏုပညာေတြ အေကာင္းဆံုး ခ်ျပခ်င္တဲ့အတြက္ အခ်ိန္ေရာေငြပါ ေသေသခ်ာခ်ာ ႀကိဳးစားၿပီး ခ်ျပခဲ့တာပါ။
လူငယ္ အဆုိေတာ္ေတြ အမ်ားစုက သူတို႔ရဲ႕သီခ်င္းေခြ MTV ေတြမွာ အမ်ားႀကီး ဖန္တီးလာၾကတယ္။ ဆန္းသစ္ လာၾကတယ္။ ဘန္နီၿဖိဳးရဲ႕ သီခ်င္းေခြမွာ ဘယ္လို ဆန္းသစ္မႈေတြ ပါ၀င္ဦးမလဲဆုိတာ ေျပာျပေပးပါဦး။
ဆန္းသစ္တယ္ ဆိုတာက ကိုယ္ဆန္းသစ္ခ်င္ရင္ သစ္ခ်င္သေလာက္ ေနာက္ကေန ေငြကလည္း ပါပါသြားတာ ဆိုေတာ့ ကြၽန္ေတာ္ တတ္ႏိုင္သေလာက္ အင္အားထဲက ေနၿပီးေတာ့ အေကာင္းဆံုး ျဖစ္ေအာင္ ၾကိဳးစားထားပါ တယ္။ ဆန္းသစ္တယ္၊ မဆန္းသစ္ဘူး ဆိုတာေတာ့ ကြၽန္ေတာ့္ရဲ႕သီခ်င္းေခြကို ၾကည့္ၿပီးသြားရင္ ပရိသတ္ေတြ ႏိုင္မွာပါ။ ဘာလို႔လဲဆိုေတာ့ ႏွစ္ႏွစ္ၾကာသြားၿပီ ျဖစ္တဲ့အတြက္ အရင္တုန္းက ရိုက္ထားတဲ့ သီခ်င္းေတြဆို အဲဒီတုန္းကေတာ့ ေကာင္းတယ္ေပါ့။ အခုျပန္ၾကည့္တဲ့အခါမွာ ကိုယ့္ကိုယ္ကိုယ္ အားမရေတာ့ပဲ ေနာက္ထပ္ အသစ္ေတြ ဖန္တီးခ်င္တာ မ်ဳိးေတြေတာ့ ရွိပါတယ္။
ဒီအေခြရဲ႕ Title song ကလည္း ဆင္ဆာထိ ခံရယ္တယ္လို႔ ၾကားတယ္ေနာ္။ ဘာေၾကာင့္ဆိုတာ ေျပာျပေပးပါဦး။
ဆင္ဆာ ထိတယ္ဆိုတာက လူႀကီးလူငယ္ မျမင္သင့္တဲ့ ႐ိုက္ကြင္းပံုစံေတြ ပါလို႔မဟုတ္ပါဘူး။ ကြၽန္ေတာ့္ရဲ႕ Title song ျဖစ္တဲ့ လူပ်ဳိလွည့္ ေတးသီခ်င္းကို မႏၲေလးမွာ သြား႐ိုက္ထားတာပါ။ မႏၲေလးမွာ သူငယ္ခ်င္းေတြ ဆိုင္ကယ္ စီးတဲ့ အခန္း႐ိုက္ေတာ့ ကြၽန္ေတာ္အၿမဲတမ္း ေဆာင္းတတ္တဲ့ ဦးထုပ္ကိုပဲ ကြၽန္ေတာ္ ေဆာင္းထားတယ္။ ဆိုင္ကယ္ ဦးထုပ္ေဆာင္းဖို႔ ေမ့သြားတာေပါ့။ အဲဒါေၾကာင့္ ဆင္ဆာထိတာပါ။ ဒါလည္း ပရိသတ္ ေတြအတြက္ အတုယူစရာ တစ္ခုလို႔ ထင္ပါတယ္။ တကယ္အေရးႀကီးတဲ့ အခ်က္ပါ။
အေခြထြက္မယ့္ေန႔နဲ႔ ပ႐ိုမိုးရွင္းလုပ္မယ့္ ေနရာေလးေတြကိုလည္း ေျပာျပေပးပါဦး။ ၿပီးေတာ့ အေခြအေပၚ မေမွ်ာ္မွန္းထားတဲ့ စိတ္ေလး ေျပာျပေပးပါဦး။
ေမွ်ာ္မွန္းထားတာကေတာ့ ေျပာေလာက္ေအာင္ မေမွ်ာ္မွန္းရဲပါဘူး။ ဘာလို႔လဲဆိုေတာ့ ႏွစ္ႏွစ္ၾကာမွ ထြက္လိုက္ ရတဲ့အေခြ ျဖစ္ေနတဲ့အတြက္ အေခြအသစ္ ထြက္သလိုပဲ ရင္ခုန္ေနမိပါတယ္။ ပ႐ိုမိုးရွင္း ေတြကေတာ့ ေအာက္တို ဘာ ၄ ရက္ အေခြထြက္မယ့္ေန႔မွာ လွည္းတန္းစင္တာ Indoor ဧရိယာမွာ သူငယ္ခ်င္း ေတြနဲ႔အတူ လက္မွတ္ထိုး ေဖ်ာ္ေျဖသြားမွာပါ။ မႏၲေလးမွာကေတာ့ မဂၤလာ မႏၲေလးမွာ ေအာက္တိုဘာ ၆ ရက္ ညေန ၅ နာရီမွာ ပ႐ိုမိုးရွင္း လုပ္သြားမွာပါ။

#Pyi Chit Thar

......................................................................................................

မန္တလေးမှာ ဆိုင်ကယ်ဦးထုပ် မဆောင်းဘဲ ရိုက်ကူးထားလို့ ဆင်ဆာထိခံရတဲ့ ဘန်နီဖြိုးရဲ့ လူပျိုလှည့်တေး MTV



 လူငယ်အဆိုတော် များထဲတွင် ပရိသတ် အခိုင်အမာ ရရှိထားသူ ဘန်နီဖြိုး၏ လူပျိုလှည့်တေး MTV အောက်တိုဘာ ၄ ရက်တွင် ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ လူပျိုလှည့်တေး MTV ရိုက်ကူးမှုများနှင့် Title Song ဖြစ်သည့် လူပျိုလှည့်တေး တေးသီချင်းကို ပုံဖော်ထားပုံနှင့် ပတ်သက်၍ ယခုလိုမေးမြန်း ဖြစ်ခဲ့သည်။
လူပျိုလှည့်တေးက Audio နဲ့ MTV ဆိုရင် အချိန်နှစ်နှစ်လောက် ကြာသွားတယ်နော်။ ဘာကြောင့်ဆိုတာ ပြောပြ ပေးပါဦး။
ပရိသတ်တွေကို အကောင်းဆုံး တင်ဆက်ချင်လို့ နှစ်နှစ်ကြာသွားတာပါ။ အဲဒီနှစ်တွေမှာလည်း ကျွန်တော် ရိုက်ချင် တဲ့ ပုံစံတွေ အမျိုးမျိုးပြောင်းလဲ သွားတဲ့အတွက် ပထမဆုံး ရိုက်ခဲ့တဲ့ သီချင်းပုံစံတွေနဲ့ နောက်ဆုံးရိုက်ခဲ့တဲ့ သီချင်း ပုံစံတွေ မတူတော့ဘူး။ ကျွန်တော့်ပုံစံတွေ အကုန်ပြောင်းသွားတယ်။ အများကြီး ကြိုးစားထားပါတယ်။ ကျွန်တော် တို့ဆီမှာ MTV ကို Audio နဲ့ အချိန်သိပ်မယူဘဲ ထုတ်နိုင်ဖို့ ဆိုတာတော့ မလွယ်ဘူး။ ကျွန်တော်တို့ အခွေ ထုတ်တယ်ဆိုတာ ကိုယ့်ဘာသာ ဝါသနာပါလို့၊ ပရိသတ်တွေနဲ့ အဆက်မပြတ်ချင်လို့ ထုတ်တာမျိုးပါ။ ဒီအခွေက ရလာတဲ့ အကျိုးအမြတ်ဆိုတာ ကျွန်တော်တို့အတွက် ဘာမှမရှိပါဘူး။ ကိုယ့်အိတ်ထဲက စိုက်ထုတ်ပြီး ရိုက်တယ်။ လွန်ခဲ့တဲ့ နှစ်နှစ်က ထွက်ခဲ့တဲ့ လူပျိုလှည့်တေး Audio အခွေရောင်းရငွေနဲ့ MTV ရိုက်မယ်ဆိုရင် ကျွန်တော် စင်တစ်စင် ဆောက်မယ်။ အဲဒီစင်နဲ့တင် သီချင်းတစ်ခွေလုံးကို ဆိုမယ်။ ပြီးရင် အခွေထုတ်မယ်။ အဲဒီလိုဆိုရင်တော့ ပိုက်ဆံက အဆင်ပြေရင် ပြေနိုင်တယ်လေ။ ဒါပေမဲ့ ကိုယ့်ရဲ့ ပရိသတ်တွေကို ကိုယ်တတ်တဲ့ အနုပညာတွေ အကောင်းဆုံး ချပြချင်တဲ့အတွက် အချိန်ရောငွေပါ သေသေချာချာ ကြိုးစားပြီး ချပြခဲ့တာပါ။
လူငယ် အဆိုတော်တွေ အများစုက သူတို့ရဲ့သီချင်းခွေ MTV တွေမှာ အများကြီး ဖန်တီးလာကြတယ်။ ဆန်းသစ် လာကြတယ်။ ဘန်နီဖြိုးရဲ့ သီချင်းခွေမှာ ဘယ်လို ဆန်းသစ်မှုတွေ ပါ၀င်ဦးမလဲဆိုတာ ပြောပြပေးပါဦး။
ဆန်းသစ်တယ် ဆိုတာက ကိုယ်ဆန်းသစ်ချင်ရင် သစ်ချင်သလောက် နောက်ကနေ ငွေကလည်း ပါပါသွားတာ ဆိုတော့ ကျွန်တော် တတ်နိုင်သလောက် အင်အားထဲက နေပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားပါ တယ်။ ဆန်းသစ်တယ်၊ မဆန်းသစ်ဘူး ဆိုတာတော့ ကျွန်တော့်ရဲ့သီချင်းခွေကို ကြည့်ပြီးသွားရင် ပရိသတ်တွေ နိုင်မှာပါ။ ဘာလို့လဲဆိုတော့ နှစ်နှစ်ကြာသွားပြီ ဖြစ်တဲ့အတွက် အရင်တုန်းက ရိုက်ထားတဲ့ သီချင်းတွေဆို အဲဒီတုန်းကတော့ ကောင်းတယ်ပေါ့။ အခုပြန်ကြည့်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် အားမရတော့ပဲ နောက်ထပ် အသစ်တွေ ဖန်တီးချင်တာ မျိုးတွေတော့ ရှိပါတယ်။
ဒီအခွေရဲ့ Title song ကလည်း ဆင်ဆာထိ ခံရယ်တယ်လို့ ကြားတယ်နော်။ ဘာကြောင့်ဆိုတာ ပြောပြပေးပါဦး။
ဆင်ဆာ ထိတယ်ဆိုတာက လူကြီးလူငယ် မမြင်သင့်တဲ့ ရိုက်ကွင်းပုံစံတွေ ပါလို့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ Title song ဖြစ်တဲ့ လူပျိုလှည့် တေးသီချင်းကို မန္တလေးမှာ သွားရိုက်ထားတာပါ။ မန္တလေးမှာ သူငယ်ချင်းတွေ ဆိုင်ကယ် စီးတဲ့ အခန်းရိုက်တော့ ကျွန်တော်အမြဲတမ်း ဆောင်းတတ်တဲ့ ဦးထုပ်ကိုပဲ ကျွန်တော် ဆောင်းထားတယ်။ ဆိုင်ကယ် ဦးထုပ်ဆောင်းဖို့ မေ့သွားတာပေါ့။ အဲဒါကြောင့် ဆင်ဆာထိတာပါ။ ဒါလည်း ပရိသတ် တွေအတွက် အတုယူစရာ တစ်ခုလို့ ထင်ပါတယ်။ တကယ်အရေးကြီးတဲ့ အချက်ပါ။
အခွေထွက်မယ့်နေ့နဲ့ ပရိုမိုးရှင်းလုပ်မယ့် နေရာလေးတွေကိုလည်း ပြောပြပေးပါဦး။ ပြီးတော့ အခွေအပေါ် မမျှော်မှန်းထားတဲ့ စိတ်လေး ပြောပြပေးပါဦး။
မျှော်မှန်းထားတာကတော့ ပြောလောက်အောင် မမျှော်မှန်းရဲပါဘူး။ ဘာလို့လဲဆိုတော့ နှစ်နှစ်ကြာမှ ထွက်လိုက် ရတဲ့အခွေ ဖြစ်နေတဲ့အတွက် အခွေအသစ် ထွက်သလိုပဲ ရင်ခုန်နေမိပါတယ်။ ပရိုမိုးရှင်း တွေကတော့ အောက်တို ဘာ ၄ ရက် အခွေထွက်မယ့်နေ့မှာ လှည်းတန်းစင်တာ Indoor ဧရိယာမှာ သူငယ်ချင်း တွေနဲ့အတူ လက်မှတ်ထိုး ဖျော်ဖြေသွားမှာပါ။ မန္တလေးမှာကတော့ မင်္ဂလာ မန္တလေးမှာ အောက်တိုဘာ ၆ ရက် ညနေ ၅ နာရီမှာ ပရိုမိုးရှင်း လုပ်သွားမှာပါ။

No comments:

Post a Comment