Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 23, 2015

မြန်မာ ရွေးကောက်ပွဲ အပေါ် Mitch McConnell မျှော်လင့်ချက် ထားဆဲ

အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell ။
 အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell က မြန်မာနိုင်ငံ ရွေးကောက်ပွဲအပေါ် သူရဲ့ အမြင်ကို မကြာသေးခင် နာရီပိုင်း အတွင်းကပဲ အမေရိကန်ပြည်ထောင်စု အထက်လွှတ်တော် မှာ ပြောကြား သွားခဲ့ပါတယ်။

“ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိလိမ့်မယ် ဆိုတဲ့ အားတက်ဖွယ် အရိပ်လက္ခဏာတွေတွေ့နေရပါတယ်။ ဒါပေမဲ့ အခက်အခဲဖြစ်လာနိုင်တဲ့ အချက်တွေလည်း ရှိနေပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စစ်တပ်က ဗီတိုသုံး ပယ်ချခဲ့ပါတယ်။ ဒါဟာ ဒီမိုကရေစီဖေါ်ဆောင်ရေးအတွက် တကယ် စိတ်ပိုင်းဖြတ်ထားတာဟုတ်ရဲ့လားလို့ မေးစရာဖြစ်နေပါတယ်။ မျှော်လင့်ချက်တွေတော့ ရှိနေပါသေးတယ်။ ဒီရွေးကောက်ပွဲက ဘာတွေပေါ်ထွက်လာမလဲ ဆိုတာ စောင့်ကြည့်နေပါတယ်လို့ ပြောသွားတာဖြစ်ပါတယ်။”

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment