Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

Mariah Carey ကို ေနာက္အိမ္ေထာင္ မျပဳဖို႔ Nick Cannon ေတာင္းပန္


အကယ္၍ Nick Cannon သာ ၀င္ရႈပ္ေနမယ္ဆိုရင္ေတာ့ Mariah Carey လည္း သူမရဲ႕ ဘီလ်ံနာ ခ်စ္သူ ကို လက္ထပ္ျဖစ္မွာမဟုတ္ပါဘူး။ သတင္းေဖာ္ျပခ်က္ေတြအရေတာ့ Mariah Carey ရဲ႕ ခင္ပြန္းေဟာင္းျဖစ္တဲ့ "America's Got Talent" အစီအစဥ္ ရဲ႕ တင္ဆက္သူ Nick Cannon ဟာ Mariah Carey ကို ေနာက္အိမ္ေထာင္ မျပဳဖို႔ ေတာင္းပန္ခဲ့ပါတယ္တဲ့။

သတင္းေဖာ္ျပခ်က္ေတြအရေတာ့ Nick Cannon ဟာ သူနဲ႔ Mariah တို႔ရဲ႕ အျမႊာပူး ကေလးငယ္ ၂ ေယာက္ျဖစ္တဲ့ Moroccan နဲ႔ Monroe တို႔ကို အတူတူ ထိန္းေက်ာင္းခ်င္ေနသလို သူ႔ရဲ႕ ဇနီးေဟာင္း Mariah Carey အေပၚမွာလည္း ခံစားခ်က္ေတြ မျပတ္သားႏိုင္ျဖစ္ေနတယ္လို႔ သိရပါတယ္။

OK! မဂၢဇင္းက ေဖာ္ျပထားတာကေတာ့ ခိုင္လံုတဲ့ သတင္းအရင္းအျမစ္တစ္ဦးက အခုလို ေျပာျပထားတာကေတာပါ။

"Nick ဟာ Moroccan နဲ႔ Monroe တို႔ကို တြဲဖက္ ထိန္းေက်ာင္းခ်င္ေနတာပါ။ သူဟာ အကယ္၍ Mariah သာ ေနာက္အိမ္ေထာင္ျပဳလိုက္ရင္ အဲဒီ အခြင့္အေရးမရေတာ့မွာကို စိုးရိမ္ေနတာပါ" လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ Mariah Carey ရဲ႕ခ်စ္သူ Packer ဟာဟာ ၾသစေၾတးလ် ႏိုင္ငံရဲ႕ စတုထၳေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္ ျဖစ္ေနၿပီး ေဒၚလာ ၄.၆ ဘီလီယံ ခန္႔ ၾကြယ္၀ခ်မ္းသာပါတယ္။ သူတို႔ ၂ ေယာက္ဟာ သူတို႔ ၂ေယာက္လံုးရဲ႕ သူငယ္ခ်င္းျဖစ္တဲ့ Brett Ratner ရဲ႕ အကူအညီေၾကာင့္စတင္ေတြ႕ဆံုခဲ့တာျဖစ္ပါတယ္။ အျခား ေကာလာဟလ ေတြကေတာ့ Packer ဟာ ၂၀၁၁ ခုႏွစ္ကလည္း အစာအိမ္ခြဲစိတ္မႈျပဳလုပ္ခဲ့ဖူးတဲ့အတြက္ အခုလည္း Mariah Carey ကို ကုိယ္အေလးခ်ိန္က်လာေအာင္ ခြဲစိတ္မႈ ျပဳလုပ္ေပးေတာ့မယ္ဆိုတာပါပဲ။

Mariah Carey ဟာ Nick Cannon နဲ႔ ၂၀၁၄ ခုႏွစ္မွာ လမ္းခြဲခဲ့တာ ျဖစ္ပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Starpulse
............................................................................

Mariah Carey ကို နောက်အိမ်ထောင် မပြုဖို့ Nick Cannon တောင်းပန်

   အကယ်၍ Nick Cannon သာ ၀င်ရှုပ်နေမယ်ဆိုရင်တော့ Mariah Carey လည်း သူမရဲ့ ဘီလျံနာ ချစ်သူ ကို လက်ထပ်ဖြစ်မှာမဟုတ်ပါဘူး။ သတင်းဖော်ပြချက်တွေအရတော့ Mariah Carey ရဲ့ ခင်ပွန်းဟောင်းဖြစ်တဲ့ "America's Got Talent" အစီအစဉ် ရဲ့ တင်ဆက်သူ Nick Cannon ဟာ Mariah Carey ကို နောက်အိမ်ထောင် မပြုဖို့ တောင်းပန်ခဲ့ပါတယ်တဲ့။
သတင်းဖော်ပြချက်တွေအရတော့ Nick Cannon ဟာ သူနဲ့ Mariah တို့ရဲ့ အမြွှာပူး ကလေးငယ် ၂ ယောက်ဖြစ်တဲ့ Moroccan နဲ့ Monroe တို့ကို အတူတူ ထိန်းကျောင်းချင်နေသလို သူ့ရဲ့ ဇနီးဟောင်း Mariah Carey အပေါ်မှာလည်း ခံစားချက်တွေ မပြတ်သားနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။
OK! မဂ္ဂဇင်းက ဖော်ပြထားတာကတော့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တစ်ဦးက အခုလို ပြောပြထားတာကတောပါ။
"Nick ဟာ Moroccan နဲ့ Monroe တို့ကို တွဲဖက် ထိန်းကျောင်းချင်နေတာပါ။ သူဟာ အကယ်၍ Mariah သာ နောက်အိမ်ထောင်ပြုလိုက်ရင် အဲဒီ အခွင့်အရေးမရတော့မှာကို စိုးရိမ်နေတာပါ" လို့ ဆိုပါတယ်။
လက်ရှိမှာတော့ Mariah Carey ရဲ့ချစ်သူ Packer ဟာဟာ သြစတြေးလျ နိုင်ငံရဲ့ စတုထ္ထမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်နေပြီး ဒေါ်လာ ၄.၆ ဘီလီယံ ခန့် ကြွယ်ဝချမ်းသာပါတယ်။ သူတို့ ၂ ယောက်ဟာ သူတို့ ၂ယောက်လုံးရဲ့ သူငယ်ချင်းဖြစ်တဲ့ Brett Ratner ရဲ့ အကူအညီကြောင့်စတင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အခြား ကောလာဟလ တွေကတော့ Packer ဟာ ၂၀၁၁ ခုနှစ်ကလည်း အစာအိမ်ခွဲစိတ်မှုပြုလုပ်ခဲ့ဖူးတဲ့အတွက် အခုလည်း Mariah Carey ကို ကိုယ်အလေးချိန်ကျလာအောင် ခွဲစိတ်မှု ပြုလုပ်ပေးတော့မယ်ဆိုတာပါပဲ။
Mariah Carey ဟာ Nick Cannon နဲ့ ၂၀၁၄ ခုနှစ်မှာ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse

No comments:

Post a Comment