Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

၂၀၂၀ ခုႏွစ္မွာ အေမရိကန္ သမၼတ ေရြးေကာက္ပြဲ ၀င္ၿပိဳင္မယ့္ Lindsay Lohan




ေဟာလီး၀ုဒ္ မင္းသမီးေလး Lindsay Lohan ဟာ သူမရဲ႕ ႏိုင္ငံေရး လႈပ္ရွားမႈေတြကို စတင္ေတာ့မွာ ျဖစ္ၿပီး အဲဒီအတြက္လည္း သူမက Kanye West ကိုေက်းဇူးတင္တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ေသာႀကၤာ ေန႔တုန္းကေတာ့ "Mean Girls" ရုပ္ရွင္ရဲ႕ မင္းသမီးေလး Lindsay Lohan က Instagram မွာ တင္ထားတဲ့ ဓါတ္ပံုနဲ႔အတူ " ၂၀၂၀ ခုႏွစ္မွာ သူမ အေနနဲ႔ သမၼတ ၀င္ၿပိဳင္ျဖစ္လိမ့္မယ္" လို႔လည္း ေရးသားထားၿပီး Kanye West ကိုလည္း ေက်းဇူးတင္ထားသလို အိုဘားမား ကိုလည္း ခ်ီးက်ဴးထားပါေသးတယ္။

ေနာက္ထပ္ ဓါတ္ပံုတစ္ပံုကေတာ့ သူမနဲ႔ Kanye West နဲ႔အတူ ရိုက္ထားတဲ့ ဓါတ္ပံုျဖစ္ၿပီး အဲဒီ ဓါတ္ပံုရဲ႕ ေခါင္းစဥ္မွာေတာ့ သူမအေနနဲ႔ အခုလို အေမရိကန္ သမၼတ အျဖစ္ ပါ၀င္ေရြးေကာက္ခံဖို႔ ဆံုးျဖတ္ခဲ့တာဟာ ကမာၻမွာ ေရာဂါ ေ၀ဒနာ ခံစားေနရတဲ့ ကေလးငယ္ေတြ အားလံုး ကို ေစာင့္ေရွာက္ဖို႔ အတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း သူမရဲ႕ သမၼတ အိပ္မက္ကိုေတာ့ ပရိတ္သတ္ေတြက ရံႈ႕ခ်တဲ့ ထင္ျမင္ခ်က္ေတြ ေရးသားၿပီး ကန္႔ကြက္ခဲ့ၾကပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Starpulse
...........................................................................

၂၀၂၀ ခုနှစ်မှာ အမေရိကန် သမ္မတ ရွေးကောက်ပွဲ ၀င်ပြိုင်မယ့် Lindsay Lohan



ဟောလီးဝုဒ် မင်းသမီးလေး Lindsay Lohan ဟာ သူမရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို စတင်တော့မှာ ဖြစ်ပြီး အဲဒီအတွက်လည်း သူမက Kanye West ကိုကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောင်္ကြာ နေ့တုန်းကတော့ "Mean Girls" ရုပ်ရှင်ရဲ့ မင်းသမီးလေး Lindsay Lohan က Instagram မှာ တင်ထားတဲ့ ဓါတ်ပုံနဲ့အတူ " ၂၀၂၀ ခုနှစ်မှာ သူမ အနေနဲ့ သမ္မတ ၀င်ပြိုင်ဖြစ်လိမ့်မယ်" လို့လည်း ရေးသားထားပြီး Kanye West ကိုလည်း ကျေးဇူးတင်ထားသလို အိုဘားမား ကိုလည်း ချီးကျူးထားပါသေးတယ်။

နောက်ထပ် ဓါတ်ပုံတစ်ပုံကတော့ သူမနဲ့ Kanye West နဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံဖြစ်ပြီး အဲဒီ ဓါတ်ပုံရဲ့ ခေါင်းစဉ်မှာတော့ သူမအနေနဲ့ အခုလို အမေရိကန် သမ္မတ အဖြစ် ပါ၀င်ရွေးကောက်ခံဖို့ ဆုံးဖြတ်ခဲ့တာဟာ ကမ္ဘာမှာ ရောဂါ ဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေ အားလုံး ကို စောင့်ရှောက်ဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း သူမရဲ့ သမ္မတ အိပ်မက်ကိုတော့ ပရိတ်သတ်တွေက ရှုံ့ချတဲ့ ထင်မြင်ချက်တွေ ရေးသားပြီး ကန့်ကွက်ခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment