Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 10, 2015








( Mario )


Ref : Mirror
............................................................................
ပဲရစ်မှာ အဖော်အချွတ် ဓါတ်ပုံတွေ ရိုက်ကူးနေပြန်တဲ့ Kendall Jenner
Keeping Up With The Kardashians ဆိုတဲ့ ဖြစ်ရပ်မှန် ရှိုး အစီအစဉ်ရဲ့ ကြယ်ပွင့် ညီအစ်မ တွေဟာ တစ်ယောက်ထက် တစ်ယောက် အပြိုင်အဆိုင် အဖော်အချွတ်တွေလုပ်လာကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက Kourtney Kardashian ဟာ The Metallic Series အတွက် ၀တ်လစ်စလစ် ဓါတ်ပုံ အရိုက်ခံပြီးတဲ့နောက် မှာတော့ သူမရဲ့ ညီမတော်စပ်သူ Kendall Jenner ဟာလည်း အပေါ်ပိုင်းဗလာနဲ့ ရေချိုးခန်းထဲက ဓါတ်ပုံကို ဝေမျှလိုက်ပြန်ပါပြီ။
အသက် ၁၉ နှစ်သာ ရှိသေးတဲ့ ဖက်ရှင် အမြင်ရှိသူလေး Kendall Jenner ဟာ သူမရဲ့ ခေါင်းကိုနောက်ကိုမော့ထားပြီး မျက်လုံးနားမှာတော့ မိတ်ကပ်လိမ်းခြယ်ထားပြီး ရေချိုးနေတဲ့ အဖြူအမည်း ဓါတ်ပုံကို Instagram မှာ ဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ အဖော်အချွတ်ဓါတ်ပုံဟာ အမြင်ရိုင်းလောက်အောင်တော့ ၀တ်လစ်စလစ် မဆန်ခဲ့ပါဘူး။ အဲဒီဓါတ်ပုံကို Kendall က ငါ့ရဲ့ အပြစ်တွေကို ဆေးကြောခြင်းလို့ ခေါင်းစဉ်ရေးသားထားပါတယ်။
ထို ဓါတ်ပုံ ရိုက်ကူးမှုဟာ ပဲရစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဓါတ်ပုံဆရာ Mert Alas နဲ့ Marcus Piggot တို့က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ Kendall ရဲ့ Instagram မှာ ဝေမျှထားခြင်းမရှိတဲ့ ဓါတ်ပုံ တစ်ပုံကိုတော့ ဓါတ်ပုံဆရာ Mert Alas က သူ့ရဲ့ Instagram မှာ ဝေမျှထားပါတယ်။ အဲဒီ ဓါတ်ပုံမှာလည်း သူမဟာ သူမရဲ့ ရင်သားတွေကို လက်နဲ့ ကာထားပြီး အပေါ်ပိုင်းဗလာ အနေအထား နဲ့ဖြစ်ပါတယ်။
ဒါဟာ Kendall Jenner အတွက် ပထမဆုံး အကြိမ် အဖော်အချွတ် ရိုက်ကူးတာတော့ မဟုတ်ပါဘူး။ သူမ ဟာ ပထမဆုံး အကြိမ်လည်း Calvin Klein ရဲ့ အတွင်းခံ ကြော်ငြာ အတွက်လည်း အဖော်အချွတ် ရိုက်ကူးဖူးပြီး အဲဒီတုန်းကလည်း ပရိတ်သတ် အားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ရဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment