Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 11, 2015

Justin Bieber ရဲ႕ အ၀တ္ဗလာပံုေတြဟာ ကိုယ္ေရးကိုယ္တာကို ထိခိုက္လာ


Justin Bieber ရဲ႕ Bora Bora အပန္းေျဖခရီးစဥ္မွာ သူ႔ရဲ႕အ၀တ္ဗလာပံုေတြကို အဂၤါေန႔က ရိုက္ကူးခံခဲ့ရပါသတဲ့။


၂၁ ႏွစ္ရွိၿပီျဖစ္တဲ့ ကေနဒါႏိုင္ငံသားအဆိုေတာ္ဟာ သူ႔ရဲ႕ရည္းစားျဖစ္တယ္လို႔ သတင္းထြက္ေနတဲ့ Jayde Pierce နဲ႔အတူ ကိုယ္ပိုင္ေရကူးကန္မွာ အနားယူေနတဲ့ပံုေတြကို ရိုက္ကူးခံခဲ့ရတာျဖစ္ပါတယ္။ ဒီစံုတြဲဟာ ပိတ္ရက္အတြင္း French Polynesian ကြ်န္းကို ေရာက္ရွိခဲ့ၾကတာျဖစ္ပါတယ္။

New York Dalily News မွာ ေဖာ္ျပခံရတဲ့ ဒီလ်ပ္တျပက္ပံုေတြနဲ႔ ပတ္သက္ၿပီး ကိုယ္ေရးကိုယ္တာ အခြင့္အေရးဆိုင္ရာ အျငင္းပြားမႈေတြ ရွိခဲ့ပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ၿပီးခဲ့တဲ့ႏွစ္က နာမည္ေက်ာ္ၾကားသူေတြရဲ႕ အ၀တ္ဗလာပံုေတြ ျပန္႔ႏွ႔ံခဲ့တာနဲ႔ ႏိႈင္းယွဥ္ခဲ့ၾကပါတယ္။

ပရိသတ္တစ္ဦးကေတာ့  ေဖေဖာ္၀ါရီလEllen DeGeneres Show မွာ Bieber ေျပာခဲ့တဲ့ “ကြ်န္ေတာ္က လူသားတစ္ဦးပါ။ လူေတြက ဒါကို မၾကာခဏ ေမ႔ေနတတ္ၾကတယ္”လို႔ ေျပာၾကားထားခ်က္ကို ပူးတြဲေဖာ္ျပၿပီး “ ဒါဟာ ၀မ္းနည္းစရာပါပဲ @justinbieber #RespectJustinsPrivacy” လို႔ Twitter မွာ ေရးသားခဲ့ပါတယ္။

Bieber ကေတာ့ ေနေရာင္ေအာင္မွာ ေပ်ာ္ရႊင္ေနတဲ့ သူ႔ရဲ႕အ၀တ္ပါတဲ့ပံုေတြကို Instagram မွာ ေဖာ္ျပထားခဲ့ပါတယ္။ ပါပါရာဇီေတြနဲ႔ ပါတ္သက္ေနတဲ့ ဒီလ်ပ္တျပက္ပံုေတြအေပၚမွာေတာ့ ဘာထင္ျမင္ခ်က္မွ မေပးခဲ့ပါဘူး။ ဒီပံုေတြက အေ၀းၾကည္႔မွန္ဘီလူးနဲ႔ ဆြဲၿပီးရိုက္ကူးထားတာ ျဖစ္ႏိုင္ပါတယ္။

Bieber က ဒီႏွစ္အတြင္း သူဆိုးခဲ့သမွ်ကို သူ႔ပရိတ္သတ္အတြက္ ေတာင္းပန္ခဲ့ပါေသးတယ္။ ၂၀၁၂ ခုႏွစ္က ေနာက္ဆံုး ေတးအယ္လ္ဘမ္ Believe ထြက္ရွိခဲ့ၿပီး သူ႔ရဲ႕စတုတၳေျမာက္ အယ္လ္ဘမ္ Purpose ဟာ ႏို္၀င္ဘာ ၁၃မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။

( Michelle )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Upi
................................................................................................
Justin Bieber ရဲ့ အဝတ်ဗလာပုံတွေဟာ ကိုယ်ရေးကိုယ်တာကို ထိခိုက်လာ

Justin Bieber ရဲ့ Bora Bora အပန်းဖြေခရီးစဉ်မှာ သူ့ရဲ့အဝတ်ဗလာပုံတွေကို အင်္ဂါနေ့က ရိုက်ကူးခံခဲ့ရပါသတဲ့။
၂၁ နှစ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသားအဆိုတော်ဟာ သူ့ရဲ့ရည်းစားဖြစ်တယ်လို့ သတင်းထွက်နေတဲ့ Jayde Pierce နဲ့အတူ ကိုယ်ပိုင်ရေကူးကန်မှာ အနားယူနေတဲ့ပုံတွေကို ရိုက်ကူးခံခဲ့ရတာဖြစ်ပါတယ်။ ဒီစုံတွဲဟာ ပိတ်ရက်အတွင်း French Polynesian ကျွန်းကို ရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။
New York Dalily News မှာ ဖော်ပြခံရတဲ့ ဒီလျပ်တပြက်ပုံတွေနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ တစ်ချို့ကတော့ ပြီးခဲ့တဲ့နှစ်က နာမည်ကျော်ကြားသူတွေရဲ့ အဝတ်ဗလာပုံတွေ ပြန့်နှ့ံခဲ့တာနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးကတော့  ဖေဖော်ဝါရီလEllen DeGeneres Show မှာ Bieber ပြောခဲ့တဲ့ “ကျွန်တော်က လူသားတစ်ဦးပါ။ လူတွေက ဒါကို မကြာခဏ မေ့နေတတ်ကြတယ်”လို့ ပြောကြားထားချက်ကို ပူးတွဲဖော်ပြပြီး “ ဒါဟာ ၀မ်းနည်းစရာပါပဲ @justinbieber #RespectJustinsPrivacy” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
Bieber ကတော့ နေရောင်အောင်မှာ ပျော်ရွှင်နေတဲ့ သူ့ရဲ့အဝတ်ပါတဲ့ပုံတွေကို Instagram မှာ ဖော်ပြထားခဲ့ပါတယ်။ ပါပါရာဇီတွေနဲ့ ပါတ်သက်နေတဲ့ ဒီလျပ်တပြက်ပုံတွေအပေါ်မှာတော့ ဘာထင်မြင်ချက်မှ မပေးခဲ့ပါဘူး။ ဒီပုံတွေက အဝေးကြည့်မှန်ဘီလူးနဲ့ ဆွဲပြီးရိုက်ကူးထားတာ ဖြစ်နိုင်ပါတယ်။
Bieber က ဒီနှစ်အတွင်း သူဆိုးခဲ့သမျှကို သူ့ပရိတ်သတ်အတွက် တောင်းပန်ခဲ့ပါသေးတယ်။ ၂၀၁၂ ခုနှစ်က နောက်ဆုံး တေးအယ်လ်ဘမ် Believe ထွက်ရှိခဲ့ပြီး သူ့ရဲ့စတုတ္ထမြောက် အယ်လ်ဘမ် Purpose ဟာ နို်ဝင်ဘာ ၁၃မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
( Michelle )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Upi

No comments:

Post a Comment