Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 11, 2015

အချစ်ဟောင်း၊ ဇနီးဟောင်းရဲ့နာမည်နဲ့ မှည့်ထားတဲ့ ဇိမ်ခံသင်္ဘောကို Johnny Depp ထုတ်ရောင်းပြီ






( Skyler )


Ref:Celebrity Gossip
........................................................
ဟောလီးဝုဒ်ရဲ့ နာမည်အကြီးဆုံးသရုပ်ဆောင် ထိပ်တန်းစာရင်းဝင် Johnny Depp ဟာ ၁၅၆ပေရှည်တဲ့ ဇိမ်ခံသင်္ဘောကြီးကို ထုတ်ရောင်းခဲ့ပါတယ်။ ဒီသင်္ဘောကြီးဟာ သူ့အချစ်ဟောင်း၊ ဇနီးဟောင်းဖြစ်တဲ့ Vanessa Paradis ကိုအစွဲပြုပြီး အမည်မှည့်ထားတဲ့ သင်္ဘောဖြစ်ပြီး လက်ရှိ အိမ်ထောင်ရေးမှာ အဆင်ပြေချင်တဲ့အတွက် ထုတ်ရောင်း ရတာဖြစ်တယ်လို့ သိရပါတယ်။

မော်ဒယ်လ်၊ သရုပ်ဆောင် Amber Heard (Depp ရဲ့ ဇနီး) က ဒီသင်္ဘောရဲ့ အမည်နဲ့ရာဇဝင်ကြောင့် သင်္ဘောပေါ်ကို တက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ လက်ရှိသင်္ဘောရဲ့အမည်က Vajoliroja ဖြစ်ပြီး Depp နဲ့ ၁၄နှစ်တာ ချစ်ကျွမ်းဝင်ခဲ့ကြတဲ့ Vanessa Paradis ရဲ့ အမည်ကိုအစွဲပြုထားတာပါ။
ဇနီးဟောင်းအတွက်ဆိုပြီးဝယ်ထားတာဆိုတော့ မင်းသားကြီးက ဒီ သင်္ဘောကို ချစ်ပေမဲ့၊ လက်ရှိဇနီးကလည်း မနာလိုတဲ့အတွက် သင်္ဘောကိုထုတ်ရောင်းလိုက်တာလို့ ဆိုပါတယ်။
Depp နဲ့ Vanessa တို့နှစ်ယောက်က ၂၀၁၂ခုနှစ် မှာ တရားဝင်ကွဲ ခဲ့ကြတာဖြစ်ပြီး Lily-Rose နဲ့ Jack ဆိုပြီး ကလေးနှစ်ယောက်ရှိပါတယ်။

မကြာသေးမီကပြုလုပ်သွားခဲ့တဲ့ Depp ရဲ့ band (Hollywood Vampires) Live Show မှာတုန်းက “Amber က မိထွေးကောင်းတစ်ယောက် ဖြစ်မယ့်ပုံပါပဲ။” လို့တော့ အမည်မဖော်လိုသူတွေက ပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref:Celebrity Gossip

No comments:

Post a Comment