Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 4, 2015

Ip Man 3 ဇာတ္လမ္းထဲမွာ ပါ၀င္သရုပ္ေဆာင္ထားတဲ့ Mike Tyson



လက္ေ၀ွ႕ခ်န္ပီယံ ေဟာင္း Mike Tyson ဟာ တရုတ္ သရုပ္ေဆာင္မင္းသား Donnie Yen ရဲ႕ ၿပိဳင္ဘက္ အျဖစ္ တရုတ္ရိုးရာ ကိုယ္ခံပညာ ဇာတ္လမ္းတြဲျဖစ္တဲ့ Ip Man ရဲ႕ တတိယ ေျမာက္ဇာတ္လမ္းမွာ ပါ၀င္ သရုပ္ေဆာင္မွာ ျဖစ္ပါတယ္။

Pegasus ကုမၼဏီဟာ ဗုဒၶဟူးေန႔က ထို Ip Man ဇာတ္လမ္းသစ္ ရဲ႕ ပထမဆံုး ေထြလာ ဗီဒီယိုကို ျဖန္႔ခ်ီခဲ့ပါတယ္။ ထို ေထြလာဗီဒီယိုထဲမွာေတာ့ အရင္ၿပီးခဲ့တဲ့ ဇာတ္လမ္း ေတြထဲက အတိုက္အခိုက္ ဇာတ္၀င္ခန္းေတြကို ျပန္လည္ျပသထားၿပီး ေနာက္ဆံုးမွာေတာ့ တရုတ္ရိုးရာ ကိုယ္ခံပညာမွာ ကမာၻနဲ႔ခ်ီ နာမည္ေက်ာ္ၾကားသူ Bruce Lee ရဲ႕ ဆရာျဖစ္ခဲ့တဲ့ Yip နဲ႔ ကမာၻ႕လက္ေ၀ွ႕ ခ်န္ပီယံ ေဟာင္း Mike Tyson တို႔ မ်က္ႏွာ ခ်င္းဆိုင္ ရင္ဆိုင္ျဖစ္တဲ့ ဇာတ္၀င္ခန္းကို ထည့္သြင္းျပသခဲ့ပါတယ္။

ထို ဇာတ္လမ္းမွာ ပါ၀င္မယ့္ Mike Tyson ရဲ႕ ဇာတ္ရုပ္ကိုေတာ့ ေမလတုန္းက Cannes ရုပ္ရွင္ပြဲေတာ္မွာ ထုတ္ေဖာ္ေၾကညာခဲ့ၿပီးပါၿပီ။

သရုပ္ေဆာင္ ေလာက မွာ ဧည့္သည္တစ္ေယာက္အျဖစ္ေျခခ်လာတဲ့ Mike Tyson ဟာ ထို ဇာတ္ကားထဲမွာ အိမ္ၿခံေျမ ေဆာက္လုပ္ေရး လုပ္ငန္းရွင္ တစ္ေယာက္ျဖစ္ၿပီး လမ္းေပၚ တိုက္ခိုက္ေရး သမား တစ္ေယာက္ အျဖစ္ နဲ႔ Yip ကို တိုက္ခိုက္ဖို႔ စိန္ေခၚမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ Mike Tyson နဲ႔ Yip တို႔ရဲ႕ တိုက္ခိုက္ေရး ဇာတ္၀င္ခန္းေပါင္းေျမာက္မ်ားစြာကို ထို ဇာတ္လမ္းထဲမွာ ျမင္ေတြ႕ရဦးမွာပါ။

Ip Man 3 ဇာတ္လမ္းထဲမွာ ထူးျခားခ်က္အျဖစ္ပါ၀င္လာမွာကေတာ့ သရုပ္ေဆာင္နဲ႔ ကိုယ္ခံ ပညာကၽြမ္းက်င္သူ Bruce Lee ရဲ႕ ပံုရိပ္ေတြကို CGI နည္းပညာ အကူအညီ ရယူၿပီး ထည့္သြင္းထားတယ္လို႔ သိရပါတယ္။

( Mario )

#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com

Ref : Upi
...........................................................................................................................
Ip Man 3 ဇာတ်လမ်းထဲမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့ Mike Tyson

လက်ဝှေ့ချန်ပီယံ ဟောင်း Mike Tyson ဟာ တရုတ် သရုပ်ဆောင်မင်းသား Donnie Yen ရဲ့ ပြိုင်ဘက် အဖြစ် တရုတ်ရိုးရာ ကိုယ်ခံပညာ ဇာတ်လမ်းတွဲဖြစ်တဲ့ Ip Man ရဲ့ တတိယ မြောက်ဇာတ်လမ်းမှာ ပါ၀င် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
Pegasus ကုမ္မဏီဟာ ဗုဒ္ဓဟူးနေ့က ထို Ip Man ဇာတ်လမ်းသစ် ရဲ့ ပထမဆုံး ထွေလာ ဗီဒီယိုကို ဖြန့်ချီခဲ့ပါတယ်။ ထို ထွေလာဗီဒီယိုထဲမှာတော့ အရင်ပြီးခဲ့တဲ့ ဇာတ်လမ်း တွေထဲက အတိုက်အခိုက် ဇာတ်ဝင်ခန်းတွေကို ပြန်လည်ပြသထားပြီး နောက်ဆုံးမှာတော့ တရုတ်ရိုးရာ ကိုယ်ခံပညာမှာ ကမ္ဘာနဲ့ချီ နာမည်ကျော်ကြားသူ Bruce Lee ရဲ့ ဆရာဖြစ်ခဲ့တဲ့ Yip နဲ့ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဟောင်း Mike Tyson တို့ မျက်နှာ ချင်းဆိုင် ရင်ဆိုင်ဖြစ်တဲ့ ဇာတ်ဝင်ခန်းကို ထည့်သွင်းပြသခဲ့ပါတယ်။
ထို ဇာတ်လမ်းမှာ ပါ၀င်မယ့် Mike Tyson ရဲ့ ဇာတ်ရုပ်ကိုတော့ မေလတုန်းက Cannes ရုပ်ရှင်ပွဲတော်မှာ ထုတ်ဖော်ကြေညာခဲ့ပြီးပါပြီ။
သရုပ်ဆောင် လောက မှာ ဧည့်သည်တစ်ယောက်အဖြစ်ခြေချလာတဲ့ Mike Tyson ဟာ ထို ဇာတ်ကားထဲမှာ အိမ်ခြံမြေ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး လမ်းပေါ် တိုက်ခိုက်ရေး သမား တစ်ယောက် အဖြစ် နဲ့ Yip ကို တိုက်ခိုက်ဖို့ စိန်ခေါ်မှာ ဖြစ်ပါတယ်။
ဒါကြောင့် Mike Tyson နဲ့ Yip တို့ရဲ့ တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းပေါင်းမြောက်များစွာကို ထို ဇာတ်လမ်းထဲမှာ မြင်တွေ့ရဦးမှာပါ။
Ip Man 3 ဇာတ်လမ်းထဲမှာ ထူးခြားချက်အဖြစ်ပါ၀င်လာမှာကတော့ သရုပ်ဆောင်နဲ့ ကိုယ်ခံ ပညာကျွမ်းကျင်သူ Bruce Lee ရဲ့ ပုံရိပ်တွေကို CGI နည်းပညာ အကူအညီ ရယူပြီး ထည့်သွင်းထားတယ်လို့ သိရပါတယ်။

( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Upi

No comments:

Post a Comment