Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 11, 2015

အြန္လိုင္း အိုင္တီဘြဲ႕ အိႏၵိယတြင္ေပးအပ္ရန္ Google စီစဥ္

ဘန္ဂါလို၊ စက္တင္ဘာ ၂၂

ကမၻာေက်ာ္
အင္တာနက္ကုမၸဏီႀကီး တစ္ခုျဖစ္သည့္ Google သည္ အြန္လိုင္းကတစ္ဆင့္ အိုင္တီ ဘြဲ႕မ်ားကို ေပး အပ္ခ်ီးျမႇင့္ႏိုင္မည္ ပညာေရးအစီအစဥ္သစ္ကို အိႏၵိယႏိုင္ငံတြင္ လုပ္ေဆာင္ႏိုင္ရန္ Udacity အဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း AFP သတင္းတြင္ေဖာ္ျပထားသည္။

ယင္းသို႔ အြန္လိုင္းအိုင္တီဘြဲ႕မ်ားေပးႏိုင္ရန္ စီစဥ္ရျခင္းမွာ အိႏၵိယႏိုင္ငံမွ သန္းေပါင္းမ်ားစြာေသာ အိုင္တီေဆာ့ဖ္ဝဲ ပညာရွင္မ်ားသည္ အေမရိကန္ျပည္ေထာင္စုသို႔ သြားေရာက္ၿပီး လုက္ငန္းမ်ား လုပ္ကိုင္ႏိုင္သည့္ အခြင့္အေရးမ်ား ရရန္ျဖစ္ေၾကာင္း ယင္းသတင္းကဆိုသည္။

အိႏၵိယႏိုင္ငံတြင္ Tata ကုမၸဏီႀကီးကလည္း အြန္လိုင္းနည္းပညာဆိုင္ရာ သင္တန္းမ်ား ဖြင့္လွစ္ထားၿပီး Google ကုမၸဏီထုတ္ ေဆာ့ဖ္ဝဲမ်ားကို အေထာက္အကူျပဳေစရန္ႏွင့္ Android စနစ္သုံး ေဆာ့ဖ္ဝဲမ်ား ထြက္ေပၚႏိုင္ေရး အတြက္ တစ္ဘက္တစ္လမ္းမွ ေဆာင္႐ြက္ေပးေနေၾကာင္း AFP သတင္းတြင္ေရးသားထားသည္။

တစ္လလၽွင္ ႐ူးပီးေငြ ၉၈၀၀ (၁၄၈ ေဒၚလာခန္႔) သာေပးရမည့္ ယင္းအြန္လိုင္း အိုင္စီတီသင္တန္းကို ေက်ာင္းသားမ်ားသည္ ေျခာက္လ သို႔မဟုတ္ ကိုးလတက္႐ုံျဖင့္ ဘြဲ႕လက္မွတ္ရရွိမည္ျဖစ္သည္။

သင္တန္းတြင္ သင္ၾကားမည့္ သင္႐ိုးမ်ားကို အေမရိကန္ျပည္ေထာင္စုအေျခစိုက္ Google ကုမၸဏီက ျပ႒ာန္း သတ္မွတ္ထားၿပီး သင္တန္းသားတိုင္း ဘြဲ႕ရလၽွင္ ေက်ာင္းလခကုန္က်စရိတ္ ၅၀ ရာခိုင္ႏႈန္းကို Google က ျပန္ေပးမည္ျဖစ္ေၾကာင္း တာဝန္ရွိသူမ်ားကေျပာၾကားသည္။

Google ကုမၸဏီသည္ အိႏၵိယႏိုင္ငံမွ အိုင္တီပညာရွင္ေပါင္း ၃ ဒသမ ၆ သန္းခန္႔ကို ေမြးထုတ္သြားရန္အတြက္ ရင္းႏွီးစိုက္ထုတ္သြားရန္ ရည္႐ြယ္ထားၿပီး Android ေဆာ့ဖ္ဝဲသုံး ပ႐ိုဂရမ္ေရးႏိုင္သူမ်ား ေမြးထုတ္ႏိုင္ေရး အတြက္ ေက်ာင္းမ်ားထူေထာင္ေပးျခင္းျဖစ္ေၾကာင္း AFP သတင္းတြင္ ေရးသားထားသည္။
http://www.maukkha.org/index.php/news-menu/international-news-maukkha/8516-2015-10-11-02-14-47
..................................
ဘန်ဂါလို၊ စက်တင်ဘာ ၂၂

ကမ္ဘာကျော်

အင်တာနက်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Google သည် အွန်လိုင်းကတစ်ဆင့် အိုင်တီ ဘွဲ့များကို ပေး အပ်ချီးမြှင့်နိုင်မည် ပညာရေးအစီအစဉ်သစ်ကို အိန္ဒိယနိုင်ငံတွင် လုပ်ဆောင်နိုင်ရန် Udacity အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း AFP သတင်းတွင်ဖော်ပြထားသည်။

ယင်းသို့ အွန်လိုင်းအိုင်တီဘွဲ့များပေးနိုင်ရန် စီစဉ်ရခြင်းမှာ အိန္ဒိယနိုင်ငံမှ သန်းပေါင်းများစွာသော အိုင်တီဆော့ဖ်ဝဲ ပညာရှင်များသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ပြီး လုက်ငန်းများ လုပ်ကိုင်နိုင်သည့် အခွင့်အရေးများ ရရန်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

အိန္ဒိယနိုင်ငံတွင် Tata ကုမ္ပဏီကြီးကလည်း အွန်လိုင်းနည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ထားပြီး Google ကုမ္ပဏီထုတ် ဆော့ဖ်ဝဲများကို အထောက်အကူပြုစေရန်နှင့် Android စနစ်သုံး ဆော့ဖ်ဝဲများ ထွက်ပေါ်နိုင်ရေး အတွက် တစ်ဘက်တစ်လမ်းမှ ဆောင်ရွက်ပေးနေကြောင်း AFP သတင်းတွင်ရေးသားထားသည်။

တစ်လလျှင် ရူးပီးငွေ ၉၈၀၀ (၁၄၈ ဒေါ်လာခန့်) သာပေးရမည့် ယင်းအွန်လိုင်း အိုင်စီတီသင်တန်းကို ကျောင်းသားများသည် ခြောက်လ သို့မဟုတ် ကိုးလတက်ရုံဖြင့် ဘွဲ့လက်မှတ်ရရှိမည်ဖြစ်သည်။

သင်တန်းတွင် သင်ကြားမည့် သင်ရိုးများကို အမေရိကန်ပြည်ထောင်စုအခြေစိုက် Google ကုမ္ပဏီက ပြဋ္ဌာန်း သတ်မှတ်ထားပြီး သင်တန်းသားတိုင်း ဘွဲ့ရလျှင် ကျောင်းလခကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းကို Google က ပြန်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။

Google ကုမ္ပဏီသည် အိန္ဒိယနိုင်ငံမှ အိုင်တီပညာရှင်ပေါင်း ၃ ဒသမ ၆ သန်းခန့်ကို မွေးထုတ်သွားရန်အတွက် ရင်းနှီးစိုက်ထုတ်သွားရန် ရည်ရွယ်ထားပြီး Android ဆော့ဖ်ဝဲသုံး ပရိုဂရမ်ရေးနိုင်သူများ မွေးထုတ်နိုင်ရေး အတွက် ကျောင်းများထူထောင်ပေးခြင်းဖြစ်ကြောင်း AFP သတင်းတွင် ရေးသားထားသည်။

http://www.maukkha.org/index.php/news-menu/international-news-maukkha/8516-2015-10-11-02-14-47

No comments:

Post a Comment