Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 4, 2015
နယ်သာလန်နိုင်ငံက Geert Wilders
ဒီကနေ့ မျိုးစောင့်ဥပဒေအောင်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေဗီဒီယိုတွေလှိုင်လှိုင်တက်လာချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲအနောက်တိုင်းက၀ီရသူဆိုတဲ့အမည်နဲ့ ဗီဒီယိုဖိုင်တစ်ခုတက်လာတာတွေ့ ရပါတယ်။ဗီဒီယိုရဲ့  ခေါင်းစဉ်က ကြောက်စရာ့အစ္စလာမ်ဗိုင်းရပ်စ် တဲ့။ရဲသူရိန်မင်းဆိုသူကမြန်မာလိုဘာသာပြန်ထားတာပါ။စိတ်ဝင်စားလို့ အစအဆုံးနားထောင်ကြည့်ဖြစ်သွားပါတယ်။အစအဆုံးနားထောင်ကြည့်ပြီး ပေမယ့် ဒီဗီဒီယိုထဲသူဟာ ဘယ်သူ၊ဘယ်ဝါဆိုဖော်ပြမထားလို့  ဟောပြောနေသူအကြောင်းကိုစိတ်ဝင်စားလို့ လိုက်ပြီးရှာဖွေကြည့်မိပါတယ်။ဒီပုဂ္ဂိုလ်က နယ်သာလန်နိုင်ငံက Geert Wildersဆိုသူဖြစ်ပါတယ်။Party for Freedom (PVV) ဆိုတဲ့ပါတီကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး ဒက်ခ်ျပါလီမန်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။အစ္စရေးနိုင်ငံမှာ တစ်နှစ်လောက်နေထိုင်ခဲ့ပြီး အစ္စလာမ်ကမ္ဘာမှာလှည့်လည်ခဲ့တယ်။ တူရကီ၊အီဂျစ်၊ဆီးရီးယား၊အီရန်၊အီရတ်၊အာဖဂန်နစ္စတန်၊အင်ဒိုနီးရှားစတဲ့နိုင်ငံတွေကိုရောက်ခဲ့တယ်။၂၀၀၄ကစလို့ အစွန်းရောက်မူဆလင်တွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့်ရဲအစောင့်အရှောက်နဲ့ နေရတယ်။ အစွန်းရောက်မူဆလင်တွေရဲ့ ဗလီတွေကို နယ်သာလန်အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးဖို့ ဒက်ခ်ျပါလီမန်မှာတောင်းဆိုချိန်ကစလို့ ဒီလိုခြိမ်းခြောက်မှုတွေစတင်ခဲ့တာဖြစ်တယ်။အမုန်းတရားစကားများပြောဆိုမှုနဲ့ သူ့ ရဲ့ နိုင်ငံရေးပြိုင်ဖက်ရဲ့  တရားစွဲဆိုခြင်းကိုလည်းခံခဲ့ရတယ်။သူ့ ရဲ့ ယုံကြည်မှုက အစ္စလာမ်ဝါဒဟာ အခြားဂျူး၊ခရစ်ယာန်၊ဗုဒ္ဓဘာသာတွေလို ဘာသာတရားတစ်ခုမဟုတ်ပဲအာဏာရှင်နိုင်ငံရေးဝါဒတွေဖြစ်တဲ့ ကွန်မြူနစ်၊ဖက်ဆစ်စနစ်တွေလိုပဲလို့ ယူဆပါတယ်။သူ့ ရဲ့ ပြောဆိုမှုတွေထဲက အချက်အလက်တွေဟာ အမှန်တွေပဲလား။အစ္စလာမ်ဝါဒဟာ ကမ္ဘာကြီးကို တကယ်ပဲခြိမ်းခြောက်နေပြီလား။ဒါမှမဟုတ်Geert Wildersဆိုသူဟာ အမုန်းတရားတွေကို ဖြန့် ဖြူးပြီး ချဲ့ ကားပြောဆိုနေခြင်းလားဆိုတာ ကိုယ်တိုင်ကြည့်ရှုသုံးသပ်ကြဖို့ ပါပဲ။(မှတ်ချက်။ ဘာသာရေးမုန်းတီးမှု၊အတွက်မရည်ရွယ်၊ရှာဖွေဖတ်ရှု၍သိရှိရသည့် အကြောင်းအရာကိုပြန်လည်မျှ ဝေခြင်းသက်သက်သာဖြစ်ပါသည်။)Admin_ MP4 YoU
Posted by The Melting Pot 4 U on Sunday, 4 October 2015
ဒီကနေ့ မျိုးစောင့်ဥပဒေအောင်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေဗီဒီယိုတွေတက်လာချိန်နဲ့ 
တိုက်တိုက်ဆိုင်ဆိုင်ပဲအနောက်တိုင်းက၀ီရသူဆိုတဲ့အမည်နဲ့ ဗီဒီယိုဖိုင်တစ်ခုတက်လာတာတွေ့ ရပါတယ်။
ဗီဒီယိုရဲ့  ခေါင်းစဉ်က ကြောက်စရာ့အစ္စလာမ်ဗိုင်းရပ်စ် တဲ့။ရဲသူရိန်မင်းဆိုသူက
မြန်မာလို ဘာသာပြန်ထားတာဖြစ်တဲ့အတွက် အစအဆုံးနားထောင်ကြည့်ဖြစ်သွားပါတယ်။
ဒီဗီဒီယိုထဲမှာ ဟောပြောနေသူအကြောင်းကိုစိတ်ဝင်စားလို့ လိုက်ပြီးရှာဖွေကြည့်မိပါတယ်။
ဒီပုဂ္ဂိုလ်က နယ်သာလန်နိုင်ငံက Geert Wildersဆိုသူဖြစ်ပါတယ်။
Party for Freedom (PVV) ဆိုတဲ့ပါတီကိုတည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး ဒက်ခ်ျပါလီမန်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။အစ္စရေးနိုင်ငံမှာ တစ်နှစ်လောက်နေထိုင်ခဲ့ပြီး အစ္စလာမ်ကမ္ဘာမှာ
လှည့်လည်ခဲ့တယ်။ တူရကီ၊အီဂျစ်၊ဆီးရီးယား၊အီရန်၊အီရတ်၊အာဖဂန်နစ္စတန်၊အင်ဒိုနီးရှားစတဲ့နိုင်ငံတွေ
ကိုရောက်ခဲ့တယ်။၂၀၀၄ကစလို့ အစွန်းရောက်မူဆလင်တွေရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုကြောင့်
ရဲအစောင့်အရှောက်နဲ့ နေရတယ်။ အစွန်းရောက်မူဆလင်တွေရဲ့ ဗလီတွေကို နယ်သာလန်အစိုးရအနေနဲ့ 
စုံစမ်းစစ်ဆေးဖို့ ဒက်ခ်ျပါလီမန်မှာတောင်းဆိုချိန်ကစလို့ ဒီလိုခြိမ်းခြောက်မှုတွေစတင်ခဲ့တာဖြစ်တယ်။
အမုန်းတရားစကားများပြောဆိုမှုနဲ့ သူ့ ရဲ့ နိုင်ငံရေးပြိုင်ဖက်ရဲ့  တရားစွဲဆိုခြင်းကိုလည်းခံခဲ့ရတယ်။
သူ့ ရဲ့ ယုံကြည်မှုက အစ္စလာမ်ဝါဒဟာ အခြားဂျူး၊ခရစ်ယာန်၊ဗုဒ္ဓဘာသာတွေလို ဘာသာတရားတစ်ခုမဟုတ်ပဲအာဏာရှင်နိုင်ငံရေးဝါဒတွေဖြစ်တဲ့ ကွန်မြူနစ်၊ဖက်ဆစ်စနစ်တွေလိုပဲလို့ ယူဆပါတယ်။
အစ္စလာမ်ဝါဒဟာ ကမ္ဘာကြီးကို တကယ်ပဲခြိမ်းခြောက်နေပြီလား။
ဒါမှမဟုတ်Geert Wildersဆိုသူဟာ
အမုန်းတရားတွေကို ဖြန့် ဖြူးပြီး ချဲ့ ကားပြောဆိုနေခြင်းလားဆိုတာ ကိုယ်တိုင်ကြည့်ရှုသုံးသပ်ကြဖို့ ပါပဲ။
(မှတ်ချက်။ ဘာသာရေးမုန်းတီးမှု၊အတွက်မရည်ရွယ်၊ရှာဖွေဖတ်ရှု၍သိရှိရသည့် အကြောင်းအရာကို
ပြန်လည်မျှ ဝေခြင်းသက်သက်သာဖြစ်ပါသည်။)
Admin_ MP4 YoU
No comments:
Post a Comment