Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 22, 2015

"လုမ္ဗနီ" Express အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်








...............




 ၂၀၁၅-ခုနှစ် အောက်တိုဘာလ (၂၁) ရက်နေ့ ည(၁၀း၄၃)နာရီအချိန်ခန့် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၁၀၅/၃ နှင့် ၁၀၅/၄ အကြား ရန်ကုန်မှ နေပြည်တော်သို့ (အသွားလမ်း)၌ ဦးဇော်မင်းသန်း မောင်းနှင်လာသော ယာဉ်အမှတ် 5D-1820 "လုမ္ဗနီ" Express ခရီးသည်တင်မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ Man Hole အား ၀င်တိုက်မိပြီး ရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။

၎င်း Express ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည် ကျား(၂၀)ဦး၊ မ(၁၃)ဦး၊ စုစုပေါင်း (၃၉)ဦး စီးနင်းလိုက်ပါခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ပါ။ အခင်းဖြစ်ပွားရာနေရာသို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ လမ်းအပိုင်းတာဝန်ခံအင်ဂျင်နီယာများ ၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ရောက်ရှိပြီး ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဖြစ်စဉ်တွင် "လုမ္ဗနီ" Express ယာဉ်မှာ ရှေ့ဘယ်ဘက်ခေါင်းပိုင်းပိန်ချိုင့် ၀ဲဘက်ရှေ့/နောက်ဘီးများပေါက်ပြီး အမြန်လမ်းမကြီးမှာ Man Hole (၂) ခု ပျက်စီးသွားခဲ့ပါကြောင်းနှင့် ၎င်းဖြစ်စဉ်အား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

>>>>အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ <<<<
Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad

No comments:

Post a Comment