Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 2, 2015

အေမရိကန္ DV တင္ရန္ ပံုစာလမ္းညႊန္






















ခ်စ္မိတ္ေဆြမ်ား မဂၤလာပါ
.
ျမန္မာႏုိင္ငံသားအမ်ားစုသည္ ရိုးသားၾကသည္။ ယခုလို ေအာက္တုိဘာလဆန္းေရာက္လာခ်ိန္တြင္ အေမရိကန္ႏုိင္ငံသုိ႕သြားေရာက္ေနထုိင္ခြင္႕ကံစမ္းမဲေလွ်ာက္လႊာ - Diversity Lottery Program တင္ရန္သည္ ျမန္မာအမ်ားစုအတြင္း မသိသူေမးၾက၊ သိသူတင္ၾက ႏွင္႕ အင္တာနက္ေပၚတြင္အလုပ္ရႈတ္ေနၾကေသာကာလတစ္ခုျဖစ္လာပါသည္။ 
.
ယခင္ႏွစ္မ်ားက တင္ဖူးသူမ်ားႏွင္႕ လုပ္ပံုလုပ္နည္းသိသူတစ္ခ်ိဳ႕မွာအဆင္ေျပၾကေသာ္လည္း မေျပာပေလာက္ေသာလူနည္းစုတြင္ အခက္အခဲမ်ားရွိေနသည္ကိုကူညီႏုိင္ရန္ ရွာေဖြစုေဆာင္းတင္ျပအပ္ပါသည္။ 
.
.
လုိအပ္ေသာပံုမ်ားကို U.S Embassy Rangoon Consular Section ၏ Facebook စာမ်က္ႏွာမွ ယခင္ႏွစ္ကတင္ထားေသာပံုေဟာင္းမ်ားကို ယခုႏွစ္ႏွင္႕ကိုက္ညီေအာင္ ခုႏွစ္သကၠရာဇ္မ်ားကို အနည္းငယ္တည္းျဖတ္၍ ကြ်န္ေတာ္ရွာေဖြဘာသာျပန္ထားေသာhttps://www.dvlottery.state.gov/ မွ ျမန္မာစာေရးထြင္းဓါတ္ပံုမ်ားႏွင္႕ ေပါင္းစပ္ကာ အမ်ားသူငါ အလြယ္တကူနားလည္လြယ္ေအာင္ ကုသုိလ္ဒါနျပဳအပ္ပါသည္။
.
ပံုစာမ်ားၾကည္႕ျခင္းအားျဖင္႕ ျမန္မာေဖာင္႕ဖတ္မရျခင္း ႏွင္႕ ဘာသာျပန္အလြဲမ်ားကိုလည္း ေရွာင္ကြင္းႏုိင္မည္ဟု ယံုၾကည္ပါသည္။ ေလွ်ာက္လႊာတင္လိုသူသည္ ကြန္ပ်ဴတာေရွ႕တြင္ ဓါတ္ပံု ( ၁၈ ) ပံုအား ျဖည္းညွင္းစြာဖတ္ရႈသြားျခင္းအားျဖင္႕ မည္သူ႕ကိုမွ်ေမးရန္မလိုပဲ ကိစၥအားလံုး ျပီးေျမွာက္ေအာင္ျမင္ႏုိင္ပါသည္။
.
.
ကြ်န္ေတာ႕အေနျဖင္႕ အေၾကာင္းအရာတစ္ခုအတြက္ မသိသူ၊ မတတ္သူအား ျပန္လည္ေဝမွ်ျဖန္႕ေဝေပးျခင္းသည္ “ ပညာဒါန ” ဟု မွတ္ယူပါသည္။ ထုိ႕ေၾကာင္႕ သိျပီး၊ အကြ်မ္းဝင္ျပီးသူမ်ားကလည္း မိမိေရာက္သည္႕ေနရာေဒသမွတစ္ဆင္႕ တစ္ဦးကုိတစ္ဦး ဆင္႕ပြားကူညီျခင္းအားျဖင္႕ ပညာဒါန လက္ဆင္႕ကမ္းႏုိင္ပါေစဟု ျမတ္မြန္ဆႏၵျပဳအပ္ပါသည္။ လူသားအားလံုး ကံထူးကံေကာင္းၾကပါေစ။
.
ခင္မင္ျခင္းမ်ားစြာျဖင္႕
.
ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
10-02-2015

...................................................................................................

ချစ်မိတ်ဆွေများ မင်္ဂလာပါ
.
မြန်မာနိုင်ငံသားအများစုသည် ရိုးသားကြသည်။ ယခုလို အောက်တိုဘာလဆန်းရောက်လာချိန်တွင် အမေရိကန်နိုင်ငံသို့သွားရောက်နေထိုင်ခွင့်ကံစမ်းမဲလျှောက်လွှာ - Diversity Lottery Program တင်ရန်သည် မြန်မာအများစုအတွင်း မသိသူမေးကြ၊ သိသူတင်ကြ နှင့် အင်တာနက်ပေါ်တွင်အလုပ်ရှုတ်နေကြသောကာလတစ်ခုဖြစ်လာပါသည်။ 
.
ယခင်နှစ်များက တင်ဖူးသူများနှင့် လုပ်ပုံလုပ်နည်းသိသူတစ်ချို့မှာအဆင်ပြေကြသော်လည်း မပြောပလောက်သောလူနည်းစုတွင် အခက်အခဲများရှိနေသည်ကိုကူညီနိုင်ရန် ရှာဖွေစုဆောင်းတင်ပြအပ်ပါသည်။ 
.
.
လိုအပ်သောပုံများကို U.S Embassy Rangoon Consular Section ၏ Facebook စာမျက်နှာမှ ယခင်နှစ်ကတင်ထားသောပုံဟောင်းများကို ယခုနှစ်နှင့်ကိုက်ညီအောင် ခုနှစ်သက္ကရာဇ်များကို အနည်းငယ်တည်းဖြတ်၍ ကျွန်တော်ရှာဖွေဘာသာပြန်ထားသော https://www.dvlottery.state.gov/ မှ မြန်မာစာရေးထွင်းဓါတ်ပုံများနှင့် ပေါင်းစပ်ကာ အများသူငါ အလွယ်တကူနားလည်လွယ်အောင် ကုသိုလ်ဒါနပြုအပ်ပါသည်။ 
.
ပုံစာများကြည့်ခြင်းအားဖြင့် မြန်မာဖောင့်ဖတ်မရခြင်း နှင့် ဘာသာပြန်အလွဲများကိုလည်း ရှောင်ကွင်းနိုင်မည်ဟု ယုံကြည်ပါသည်။ လျှောက်လွှာတင်လိုသူသည် ကွန်ပျူတာရှေ့တွင် ဓါတ်ပုံ ( ၁၈ ) ပုံအား ဖြည်းညှင်းစွာဖတ်ရှုသွားခြင်းအားဖြင့် မည်သူ့ကိုမျှမေးရန်မလိုပဲ ကိစ္စအားလုံး ပြီးမြှောက်အောင်မြင်နိုင်ပါသည်။ 
.
.
ကျွန်တော့အနေဖြင့် အကြောင်းအရာတစ်ခုအတွက် မသိသူ၊ မတတ်သူအား ပြန်လည်ဝေမျှဖြန့်ဝေပေးခြင်းသည် “ ပညာဒါန ” ဟု မှတ်ယူပါသည်။ ထို့ကြောင့် သိပြီး၊ အကျွမ်းဝင်ပြီးသူများကလည်း မိမိရောက်သည့်နေရာဒေသမှတစ်ဆင့် တစ်ဦးကိုတစ်ဦး ဆင့်ပွားကူညီခြင်းအားဖြင့် ပညာဒါန လက်ဆင့်ကမ်းနိုင်ပါစေဟု မြတ်မွန်ဆန္ဒပြုအပ်ပါသည်။ လူသားအားလုံး ကံထူးကံကောင်းကြပါစေ။
.
ခင်မင်ခြင်းများစွာဖြင့်
.
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.

10-02-2015

အေမရိကန္ DV တင္ရန္ ပံုစာလမ္းညႊန္ http://www.themeltingpot4u.com/2015/10/dv.html
Posted by The Melting Pot 4 U on Friday, 2 October 2015

No comments:

Post a Comment