CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, October 10, 2015
Brad Pitt နဲ႔ Angelina Jolie တို႔ ကြာရွင္းၾကေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေန
Brad Pitt နဲ႔ Angelina Jolie တို႔ စံုတြဲ ဟာ Angelina Jolie ရဲ႕ က်န္းမာေရးနဲ႔ မညီညြတ္တဲ့ အစားအေသာက္ အေျခအေနေတြေၾကာင့္ လမ္းခြဲၾကေတာ့မယ္လို႔ ေကာလာဟလ သတင္းေတြထြက္ေပၚလာပါတယ္။
သတင္းေဖာ္ျပခ်က္ေတြအရ Angelina Jolie ခံစားေနရတဲ့ Anorexia ဆိုတဲ့ ခံတြင္းပ်က္ရာက ကိုယ္အေလးခ်ိန္က်လာတဲ့ေရာဂါ နဲ႔ ပတ္သက္ၿပီး ျပန္လည္ထူေထာင္ေရးမလုပ္ဘူးဆိုရင္ေတာ့ Brad Pitt က ကေလးေတြကို ေခၚၿပီး ထြက္သြားေတာ့မယ္လို႔ ဆိုထားပါတယ္တဲ့။
ႏွစ္ေပါင္းၾကာရွည္ တြဲလာခဲ့တဲ့ Brad Pitt နဲ႔ Angelina Jolie တို႔ရဲ႕ လက္ရွိ အိမ္ေထာင္ေရးဟာ ေစာင့္ၾကည့္ခံေနရတာ ႏွစ္ေပါင္းမနည္းေတာ့ပါဘူး။ သူတိ႔ ၂ ေယာက္ဟာ လမ္းခြဲေတာ့မယ္ ကြာရွင္းေတာ့မယ္ဆိုတဲ့ ေကာလာဟလ ေတြ ဆက္တိုက္ထြက္ေပၚလာၿပီး ျပနလည္ေပ်ာက္ကြယ္သြားျပန္ပါတယ္။ ေဖာက္ျပန္လို႔ ၊ အျခား မိန္းမတစ္ေယာက္ေၾကာင့္ စတဲ့ေကာလာဟလေတြဟာ အေျခအျမစ္ မရွိခဲ့ေပမယ့္ ဒီ သတင္းကိုေတာ့ ပရိတ္သတ္ေတြကလည္း ယံုၾကည္ေနၾကပါတယ္။
အတြင္းလူတစ္ေယာက္ရဲ႕ ေျပာၾကားခ်က္အရေတာ့ Brad Pitt ဟာ Angelina Jolie ကို သူမရဲ႕ ခံတြင္းပ်က္ ေရာဂါ အေျခအေနကို အကူအညီေပးႏိုင္မယ့္ တစ္ေယာက္ေယာက္ကို ရွာေဖြေစခ်င္ေနတယ္ လို႔ သိရပါတယ္။
အဓိကျပသနာကေတာ့ လက္ရွိမွာ ကေလး ၆ ေယာက္ရဲ႕ မိခင္ျဖစ္ေနတဲ့ Angelina Jolie ဟာ ကိုယ္အေလးခ်ိန္ ၈၃ ေပါင္ထိ က်ဆင္းသြားခဲ့ပါတယ္။ Brad Pitt ရဲ႕ ဆႏၵက ေတာ့ Jolie ကို သူတို႔ရဲ႕ ကေလးေတြအတြက္ လက္ရွိ ေရာဂါ အေျခအေနကို ေပ်ာက္ကင္းေအာင္ ကုသႏိုင္မယ့္ ၊ ကူညီေပးႏိုင္မယ့္ အကူအညီကို ရယူေစခ်င္ေနတာျဖစ္ၿပီး Jolie ကေတာ့ ေခါင္းမာေနဆဲပါ။
( Mario )
#သစ္ထူးလြင္(နာမည္ႀကီးပုဂၢိဳလ္မ်ား)
#celebrity.thithtoolwin.com
Ref : Starpulse
..................................................................................................
Brad Pitt နဲ့ Angelina Jolie တို့ စုံတွဲ ဟာ Angelina Jolie ရဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက် အခြေအနေတွေကြောင့် လမ်းခွဲကြတော့မယ်လို့ ကောလာဟလ သတင်းတွေထွက်ပေါ်လာပါတယ်။
သတင်းဖော်ပြချက်တွေအရ Angelina Jolie ခံစားနေရတဲ့ Anorexia ဆိုတဲ့ ခံတွင်းပျက်ရာက ကိုယ်အလေးချိန်ကျလာတဲ့ရောဂါ နဲ့ ပတ်သက်ပြီး ပြန်လည်ထူထောင်ရေးမလုပ်ဘူးဆိုရင်တော့ Brad Pitt က ကလေးတွေကို ခေါ်ပြီး ထွက်သွားတော့မယ်လို့ ဆိုထားပါတယ်တဲ့။
နှစ်ပေါင်းကြာရှည် တွဲလာခဲ့တဲ့ Brad Pitt နဲ့ Angelina Jolie တို့ရဲ့ လက်ရှိ အိမ်ထောင်ရေးဟာ စောင့်ကြည့်ခံနေရတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ သူတိ့ ၂ ယောက်ဟာ လမ်းခွဲတော့မယ် ကွာရှင်းတော့မယ်ဆိုတဲ့ ကောလာဟလ တွေ ဆက်တိုက်ထွက်ပေါ်လာပြီး ပြနလည်ပျောက်ကွယ်သွားပြန်ပါတယ်။ ဖောက်ပြန်လို့ ၊ အခြား မိန်းမတစ်ယောက်ကြောင့် စတဲ့ကောလာဟလတွေဟာ အခြေအမြစ် မရှိခဲ့ပေမယ့် ဒီ သတင်းကိုတော့ ပရိတ်သတ်တွေကလည်း ယုံကြည်နေကြပါတယ်။
အတွင်းလူတစ်ယောက်ရဲ့ ပြောကြားချက်အရတော့ Brad Pitt ဟာ Angelina Jolie ကို သူမရဲ့ ခံတွင်းပျက် ရောဂါ အခြေအနေကို အကူအညီပေးနိုင်မယ့် တစ်ယောက်ယောက်ကို ရှာဖွေစေချင်နေတယ် လို့ သိရပါတယ်။
အဓိကပြသနာကတော့ လက်ရှိမှာ ကလေး ၆ ယောက်ရဲ့ မိခင်ဖြစ်နေတဲ့ Angelina Jolie ဟာ ကိုယ်အလေးချိန် ၈၃ ပေါင်ထိ ကျဆင်းသွားခဲ့ပါတယ်။ Brad Pitt ရဲ့ ဆန္ဒက တော့ Jolie ကို သူတို့ရဲ့ ကလေးတွေအတွက် လက်ရှိ ရောဂါ အခြေအနေကို ပျောက်ကင်းအောင် ကုသနိုင်မယ့် ၊ ကူညီပေးနိုင်မယ့် အကူအညီကို ရယူစေချင်နေတာဖြစ်ပြီး Jolie ကတော့ ခေါင်းမာနေဆဲပါ။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Starpulse
Brad Pitt နဲ႔ Angelina Jolie တို႔ ကြာရွင္းၾကေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေန
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
October 10, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment