Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 1, 2015
Ref: TOI
http://www.trend.com.mm/2015/09/30/lifestyle-7768
.........................................................................................
စိတ်ဖိစီးမှုခံစားရတဲ့အချိန် ဒါတွေ စားသုံးပြီး ဖြေရှင်းနိုင်
Victor.PaaTung 
စိတ်ဖိစီးမှု ခံစားနေရင် သို့မဟုတ် စိတ်ဓာတ်ကျ အားငယ်နေရင် ကော်ဖီ သို့မဟုတ် လတ်ဆတ်တဲ့ အသီးအရွက်စိမ်းတွေ သုံးဆောင်ပေးပါက စိတ်ကို ပြန်လည် တက်ကြွစေနိုင်ပါတယ်။
Global mobile food delivery marketplace ဖြစ်တဲ့ Foodpanda အရ စိတ်ပျော်မှုအတွက် အောက်ပါ စားသောက်ကုန်အချို့ကို စားသုံးပေးနိုင်တယ်လို့ ဆိုပါတယ်။
·         ကော်ဖီဆိုတာ အရေးကြီးဆုံးဖြစ်တဲ့ ကျန်းမာခြင်းကို ပေးနိုင်တဲ့ ဆေးတစ်ခွက်ဖြစ်ပါတယ်။ နာရီဝက်အတွင်း ကော်ဖီက ကျွနု်ပ်တို့ ဦးနှောက်အာရုံံကြောစနစ်ကို အကျိုးသက်ရောက်မှုဖြစ်စေပြီး ဦးနှောက်ကို နိုးကြားစေပြီး အာရုံစူးစိုက်မှု မြင့်တက်စေတဲ့ ဟော်မုန်းများ ထုတ်လုပ်ပေးပါတယ်။
မိမိစိတ်ကို နိုးဆွပေးရုံတင်မက နှလုံးကိုပါ ကာကွယ်ပေးကာ ကင်ဆာရောဂါဖြစ်ပွားမှုအန္တရာယ် လျော့နည်းစေပါတယ်။ ကော်ဖီတစ်ခွက်သောက်တာနဲ့ အားလုံးက ချက်ချင်း ပြောင်းလဲသွားကြပါတယ်။
·         လတ်ဆတ်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များနဲ့ သံဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေက အချိန်တိုအတွင်း စိတ်ပျော်ရွှင်မှု ပိုမိုရရှိစေပြီး သွေးလည်ပတ်မှုနဲ့ နွမ်းလျခြင်း ပြသနာတွေကို ဖြေရှင်းပေးပါတယ်။
·         သစ်သီးနို့ဖျော်ရည်တွေမှာ အစာခြေဖျက်အားကောင်းစေပြီး တစ်ငုံစုပ်သောက်တိုင်း အားအင်တိုးကာ ပျော်ရွှင်မှု ပိုရသလိုခံစားစေပါတယ်။ စိတ်ဖိစီးမှုပြေပျောက်စေဖို့ အာဟာရ ဓာတ်ရင်းမြစ်ကြီးအဖြစ် လူသိများတဲ့ သစ်သီးနို့ဖျော်ရည်က ကိုယ်ခံအား တိုးမြင့်စေပါတယ်။
·         ဆာမွန်ငါး၊ ငါးသလောက်၊ ငါးသေတ္တာငါး၊ နဲ့ တူနာငါး စတဲ့ အဆီများသော ငါးများက လူကို စိတ်ဖိစီးမှုခံစားနေတဲ့အချိန် စိတ်ပျော်ရွှင်မှု ပိုရစေပါတယ်။ စိတ်ကို နိုးဆွလန်းဆန်းစေနိုင်ပါတယ်။
·         ရေခဲမုန့်က လူကြိုက် အများဆုံး အချိုတည်းစရာဖြစ်ပါတယ်။ ရေခဲမုန့်ခွက်ကြီးကြီးတစ်ပွဲက စိတ်ကို အမြဲတက်ကြွမှုပေးပါတယ်။
Ref: TOI
No comments:
Post a Comment