Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, October 18, 2015

ဆႏၵမဲေပးျခင္းႏွင့္ ပတ္သက္ၿပီး ဆရာ၊ ဆရာမမ်ားကို ခ်ဳပ္ကိုင္ထားျခင္းမရွိဟု ဆို


 အေထြေထြေရြးေကာက္ပြဲတြင္ ဆႏၵမဲေပးျခင္းႏွင့္ ပတ္သက္ၿပီး ဆရာ၊ ဆရာမမ်ားကို
ခ်ဳပ္ကိုင္ထားျခင္း မရွိေၾကာင္း ပညာေရး၀န္ႀကီးဌာနမွ အရာရွိတစ္ဦးက ေျပာၾကား
သည္။

“ဆရာ၊ ဆရာမေတြအေနနဲ႔ ဆႏၵမဲေပးတာကို ဘယ္သူကိုမဆို၊ ဘယ္ပါတီကိုမဆို မဲ
ေပးႏိုင္ပါတယ္။ ဟိုလူကိုမွ မဲေပးရမယ္၊ ဒီလူကိုမွ မဲေပးရမယ္ဆိုတာမ်ိဳး ကၽြန္ေတာ္
တု႔ိ ေရြးခ်ယ္မေပးထားပါဘူး။ လြတ္လပ္စြာ မဲေပးႏိုင္ပါတယ္” ဟု ယင္းက ဆက္
လက္ ေျပာၾကားသည္ ။

ပညာေရး၀န္ႀကီးဌာန လက္ေအာက္ အေျခခံပညာ၊ အဆင့္ျမင့္ပညာရွိ ပညာေရး၀န္
ထမ္းမ်ားကို မဲေပးျခင္းႏွင့္ပတ္သက္ၿပီး ဖိအားေပးကာ အတင္းအက်ပ္ ဆႏၵမဲေတာင္း
ခံျခင္း၊ ႀကိဳတင္မဲ ေပးခိုင္းျခင္းမ်ားကိုလည္း ေဆာင္ရြက္ထားျခင္း မရွိေၾကာင္း သိရ
သည္ ။

“ေဖ့စ္ဘြတ္ခ္ေတြမွာ ဆရာ၊ ဆရာမေတြ မဲေပးတာနဲ႔ ပတ္သက္ၿပီးေတာ့ ၾကံ့ခိုင္ေရး
ကိုပဲ ေပးရမယ္။ မေပးရင္ ရာထူးမတိုးတာတို႔၊ နယ္ေျပာင္းခံရတာတို႔ လုပ္မယ္ဆိုတာ
မ်ိဳးေတြကို ေတြ႔ေနရပါတယ္။ အဲဒီလိုကိစၥမ်ိဳး လံုး၀မရွိပါဘူး” ဟု ယင္းက ဆက္လက္
ေျပာၾကားသည္ ။

အြန္လိုင္းစာမ်က္ႏွာအခ်ိဳ႕တြင္ ပညာေရး၀န္ထမ္းမ်ား အေနျဖင့္ ေခတ္အဆက္ဆက္
အေၾကာက္တရားျဖင့္ တာ၀န္ထမ္းေဆာင္လာၾကသည့္ သူမ်ားျဖစ္သည့္အတြက္
အထက္မွ ဖိအားေပးၿပီး ယင္းတို႔အလိုက် ပါတီကို မဲေပးခိုင္းမည့္ အေျခအေနတြင္ ရွိ
ေနေၾကာင္း ပညာေရး၀န္ႀကီးဌာနမွ အဆင့္ျမင့္ပညာက႑မွ ဆရာ၊ ဆရာမမ်ားကို
ခ်ဳပ္ကိုင္ႏိုင္ျခင္း မရွိဘဲ ယင္းတို႔ ခ်ဳပ္ကိုင္မည့္သူမ်ားမွာ အေျခခံပညာမွ ဆရာ၊ဆရာမ
မ်ား ျဖစ္ေၾကာင္းကို ေဖာ္ျပေရးသားလွ်က္ ရွိေနၾကသည္။

အေျခခံပညာက႑တြင္ ဆရာ၊ ဆရာမေပါင္း ၄ သိန္း၀န္းက်င္တြင္ ရွိေနၿပီး အဆင့္
ျမင့္ပညာက႑တြင္ ဆရာ၊ ဆရာမတစ္ေသာင္းေက်ာ္ ရွိေနေၾကာင္း သိရသည္ ။

သတင္း - သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies
.......................

 အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်ပြီး ဆရာ၊ ဆရာမများကို
ချုပ်ကိုင်ထားခြင်း မရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြား
သည်။

“ဆရာ၊ ဆရာမတွေအနေနဲ့ ဆန္ဒမဲပေးတာကို ဘယ်သူကိုမဆို၊ ဘယ်ပါတီကိုမဆို မဲ
ပေးနိုင်ပါတယ်။ ဟိုလူကိုမှ မဲပေးရမယ်၊ ဒီလူကိုမှ မဲပေးရမယ်ဆိုတာမျိုး ကျွန်တော်
တို့ ရွေးချယ်မပေးထားပါဘူး။ လွတ်လပ်စွာ မဲပေးနိုင်ပါတယ်” ဟု ယင်းက ဆက်
လက် ပြောကြားသည် ။

ပညာရေးဝန်ကြီးဌာန လက်အောက် အခြေခံပညာ၊ အဆင့်မြင့်ပညာရှိ ပညာရေးဝန်
ထမ်းများကို မဲပေးခြင်းနှင့်ပတ်သက်ပြီး ဖိအားပေးကာ အတင်းအကျပ် ဆန္ဒမဲတောင်း
ခံခြင်း၊ ကြိုတင်မဲ ပေးခိုင်းခြင်းများကိုလည်း ဆောင်ရွက်ထားခြင်း မရှိကြောင်း သိရ
သည် ။

“ဖေ့စ်ဘွတ်ခ်တွေမှာ ဆရာ၊ ဆရာမတွေ မဲပေးတာနဲ့ ပတ်သက်ပြီးတော့ ကြံ့ခိုင်ရေး
ကိုပဲ ပေးရမယ်။ မပေးရင် ရာထူးမတိုးတာတို့၊ နယ်ပြောင်းခံရတာတို့ လုပ်မယ်ဆိုတာ
မျိုးတွေကို တွေ့နေရပါတယ်။ အဲဒီလိုကိစ္စမျိုး လုံးဝမရှိပါဘူး” ဟု ယင်းက ဆက်လက်
ပြောကြားသည် ။

အွန်လိုင်းစာမျက်နှာအချို့တွင် ပညာရေးဝန်ထမ်းများ အနေဖြင့် ခေတ်အဆက်ဆက်
အကြောက်တရားဖြင့် တာဝန်ထမ်းဆောင်လာကြသည့် သူများဖြစ်သည့်အတွက်
အထက်မှ ဖိအားပေးပြီး ယင်းတို့အလိုကျ ပါတီကို မဲပေးခိုင်းမည့် အခြေအနေတွင် ရှိ
နေကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်ပညာကဏ္ဍမှ ဆရာ၊ ဆရာမများကို
ချုပ်ကိုင်နိုင်ခြင်း မရှိဘဲ ယင်းတို့ ချုပ်ကိုင်မည့်သူများမှာ အခြေခံပညာမှ ဆရာ၊ဆရာမ
များ ဖြစ်ကြောင်းကို ဖော်ပြရေးသားလျှက် ရှိနေကြသည်။

အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမပေါင်း ၄ သိန်းဝန်းကျင်တွင် ရှိနေပြီး အဆင့်
မြင့်ပညာကဏ္ဍတွင် ဆရာ၊ ဆရာမတစ်သောင်းကျော် ရှိနေကြောင်း သိရသည် ။

သတင်း - သူရိယ
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment